အခကြေးငွေနဲ့ ဖုန်းအတွင်းသို့ ညစ်ညမ်းဗီဒီယို ထည့်ပေးသူများကို ဖမ်းဆီးအမှုဖွင့်
https://tipsmyanmarnews.com/tips/6183?fbclid=IwAR28UJ5EqaQowjyimsZlQ1HbSKN2M3QF7fQ1Ht2M0Wp96h_NsVeljcZ7JTs
မြဝတီမြို့တွင် ငွေကြေးရယူပြီးဖုန်းအတွင်းသို့ညစ်ညမ်းဗီဒီယိုများထည့်ပေးသူများကို ဖမ်းဆီး အမှုဖွင့်ထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ မတ်လ ၂၆ ရက်၊ နေ့လယ် ၁ နာရီ၊ ၄၅ မိနစ်ဝန်းကျင်က မြဝတီမြို့အမှတ် ၄ ရပ်ကွက်၊ မေတ္တာလမ်းရှိ “ခိုင်ထူး”ဖုန်းအရောင်းဆိုင်ကိုသတင်းအရ ၀င်ရောက်စစ်ဆေးရာ ၂၂ လက်မ LG အမျိုးအစားအနက်ရောင်၊ MONTA ၁ လုံး၊ နှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ ကွန်ပျူတာတစ်ခုအတွင်း ညစ်ညမ်းဇာတ်ကားများနှင့်အတူ ဖုန်းအတွင်းဖြည့်သွင်းပေးခငွေ ၈ဝဝဝ ကျပ်တို့ကိုတွေ့ရှိရသဖြင့် မြဝတီမြို့အမှတ် ၄ ရပ်ကွက်၊ မေတ္တာလမ်းနေ ခိုင်ထူး(၃၄)နှစ်အား(ပ)၃၈၁/၂ဝ၁၉၊ရာဇသတ်ကြီးပုဒ်မ ၂၉၂ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

ထို့နောက် မတ်လ ၂၆ ရက်၊ နေ့လယ် ၂ နာရီ၊ ၅၀ မိနစ်ဝန်းကျင်က မြ၀တီမြို့၊ အမှတ် ၄ ရပ်ကွက်၊ မေတ္တာလမ်းရှိ “Ma Khing Mobile ဖုန်းအရောင်းဆိုင်တွင်ဝင်ရောက်ရှာဖွေစစ်ဆေးရာ ကွန်ပျူတာ ဆက်စပ်ပစ္စည်းများနှင့်အတူ နိုင်ငံခြားညစ်ညမ်းဗီဒီယိုညစ်ညမ်းနိုင်ငံခြားဇတ်ကားများကို ဖုန်းအတွင်း ထည့်သွင်းခငွေ (၁ဝဝဝဝ)ကျပ်နှင့်အတူ တွေ့ရှိရသဖြင့် မြဝတီမြို့၊ အမှတ် ၃ ရပ်ကွက်၊စစ်မှုထမ်းဟောင်းလမ်း နေဆိုင်ရှင်မနန်းစုမွန်ကျော်၊ (၃၅)နှစ် အပါအ၀င် ဆိုင်ဝန်ထမ်း ၅ ဦးအား မြဝတီမြို့မရဲစခန်း၌ (ပ)၃၈၂/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၉၂ ဖြင့်အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မတ်လ ၂၆ ရက်၊ ညနေ ၅ နာရီခွဲဝန်းကျင်က မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရှိ “အောင်မေတ္တာ” ဖုန်းအရောင်းဆိုင်ကိုဝင်ရောက်ရှာဖွေရာ ကွန်ပျူတာတစ်လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ညစ်ညမ်း ဗီဒီယိုဇာတ်ကားများနှင့် ဖုန်းအတွင်းဖြည့်သွင်းခငွေ ၈ဝဝဝ ကျပ်နှင့်အတူတွေ့ရှိသဖြင့် မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်၊ ဝါးတောရပ်နေ”အောင်မေတ္တာ”ဖုန်းအရောင်းဆိုင်ပိုင်ရှင် ခိုင်မျိုးမင်းထိုက်၊ (၃၃)နှစ်ကို (ပ)၃၈၃/၂ဝ၁၉၊ရာဇသတ်ကြီးပုဒ်မ ၂၉၂ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
Credit-အကုန်သိ
https://tipsmyanmarnews.com/tips/6183?fbclid=IwAR28UJ5EqaQowjyimsZlQ1HbSKN2M3QF7fQ1Ht2M0Wp96h_NsVeljcZ7JTs
No comments:
Post a Comment