ကမ္ဘာတလွှားက အန္တရာယ် အပေးနိုင်ဆုံးသော လမ်းမများ

https://nanmalgyi.com/archives/59842
ကမ္ဘာတလွှားက အန္တရာယ် အပေးနိုင်ဆုံးသော လမ်းမများ

10. Sichuan-Tibet Highway, China

Sichuan-Tibet အဝေးပြေးလမ်းမကတော့ Chengdu နဲ့ Tibet ကြားက လမ်းပိုင်းဟာ အဓိက ပြဿနာဖြစ်ပါတယ်။မှတ်တမ်းတွေအရတော့ အဲ့ဒီနေရာဟာ လူပေါင်း 7,500 ကျော်သေဆုံးပြီးဖြစ်ကာ ယာဉ်မောင်း 100,000 ကျော်ထိ သေကြေ ခဲ့ရတာပါ။
9. The Stelvio Pass, Italy

Stelvio ဟာ အီတလီနိုင်ငံထဲမှာရှိပြီး ပေပေါင်း ၉၀၄၅ ပေမြင့်တဲ့ တောင်ကုန်းပေါ်မှာ တည်ဆောက်ထားတဲ့ လမ်းပိုင်းဖြစ်ပါတယ်။ကွန်ကရစ်လမ်းနဲ့ အတူ မြင့်မားတဲ့ လမ်းပိုင်းမှာ ခဏခဏ ပြဿနာဖြစ်တတ်ကြတာလည်းဖြစ်ပါတယ်။
8. Los Caracoles Pass, Chile

ချီလီနဲ့ အာဂျင်တီးနားကြားကလမ်းပိုင်းကတော့ အလွန်ကို မက်စောက်တဲ့ လမ်းပိုင်းဖြစ်ပါတယ်။လမ်းပိုင်းမှာ အမြဲတမ်းလိုလို နှင်းတွေ ဖုံးလွှမ်းနေတတ်ပြီး အရှိန်လျော့ ပြီးမောင်းရတဲ့ လမ်းပိုင်းလည်းဖြစ်ပါတယ်။
7. Skippers Canyon Road, New Zealand

နယူးဇီးလန်နိုင်ငံ က Skippers Canyon လမ်းပိုင်းကတော့ လေတိုင်းနှုန်းမြင့်တဲ့ နေရာမှာရှိနေပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀ ခန့်ကတည်း က အန္တရာယ်ဇုံပါပဲ။အဲ့ဒီနေရာမှာမောင်းမည့်ကားတွေကတော့ အထူးခွင့်ပြု ချက်လိုအပ်ပြီး ကားပျက်စီးဖို့ များတာကြောင့် မည့်သည့် အာမခံချက်မှမရှိပါဘူး။
6. The Zoji Pass, India

အိန္ဒိယ နိုင်ငံ Srinagar နဲ့ Leh ကြားမှာ ရှိတဲ့ နိုင်ငံတော် အဝေးပြေးလမ်းပိုင်းကတော့ ကမ္ဘာမှာ အလွန်ကို ပြဿနာပေးနေတဲ့ လမ်းဖြစ်ပါတယ်။လမ်းပိုင်းအရှည် 3,528 မီတာခန့် မှာ ဆောင်းရာသီဆို ပိတ်ထားတတ်ပါတယ်။
5. Guoliang Tunnel Road, China

Guoliang လှိုဏ်ဂူကတော့ တရုတ်မှာ ရှိတဲ့ လမ်းဖြစ်ပြီး လူပေါင်းများစွာ အတွက် စွန့်စားခန်း ၀င်နေရသောလမ်းပိုင်းလည်းဖြစ်ပါတယ်။အဓိက အားဖြင့် တောင်တွေ ကို ဖြတ်သန်းရပြီး ဆောက်လုပ်ရေးအဆောက်အ
ဦတွေ ရဲ့  ပြဿနာပေးမှု နဲ့ အတူ ယာဉ်ကြောကြပ်ခြင်းမရှိသော်လည်း အများအားဖြင့် ပြဿနာတစ်ခုဖြစ်ပါတယ်။
ဦတွေ ရဲ့  ပြဿနာပေးမှု နဲ့ အတူ ယာဉ်ကြောကြပ်ခြင်းမရှိသော်လည်း အများအားဖြင့် ပြဿနာတစ်ခုဖြစ်ပါတယ်။
4. The Karakoram Highway, between China and Pakistan

တရုတ်နဲ့ ပါကစ္စတန်ကြားက Karakoram အဝေးပြေးလမ်းမဟာ တကယ့်ကို ပြဿနာဖြစ်စေတဲ့ နိုင်ငံတကာ လမ်းပိုင်းဖြစ်ပါတယ်။အဲ့ဒီလမ်းပိုင်းတည်ဆောက်စဉ်က လူပေါင်း 900 ကျော်သေဆုံးခဲဖူးပါတယ်။
3. James Dalton Highway, Alaska

အက်လက်စကာ က James Dalton အဝေးပြေးလမ်းမဟာ ကီလိုမီတာ 667 km ရှိတယ်လို့ ဆိုပါတယ်။အဲ့ဒီလမ်းပိုင်းမှာ စားသောက်ဆိုင်၊ဆေးရုံ ၊ဆီဆိုင် ဘာဆို ဘာတစ်ခုမှ မရှိတဲ့ နေရာလည်းဖြစ်ပါတယ်။
2. Jalalabad–Kabul Road, Afghanistan

အာဖဂန်နိုင်ငံက Jalalabad–Kabul လမ်းပိုင်းကတော့ ကမ္ဘာ့ အဆင့် ၂ အန္တရာယ်အများဆုံးဖြစ်ပါတယ်။လမ်းပိုင်းကျဉ်းမြောင်းတဲ့ နေရာတွေ မှာ ကုန်တင်ကားတွေ က အဓိက စိုးရိမ်စရာပြဿနာလည်းဖြစ်ပါတယ်။
1. North Yungas Road, Bolivia

ဘိုလီးဗီးယားနိုင်ငံ North Yungas လမ်းပိုင်းဟာ သေမင်းတမန် လမ်းလို့ ခေါ်ပါတယ်။နှစ်စဉ်လူပေါင်း ၃၀၀ခန့်သေဆုံးနေပြီး အဓိကအားဖြင့် တောင်ကြားမှာ ကားတွေ မျက်နှာချင်းဆိုင်တစ်စီးနဲ့ တစ်စီးတိုက်မိတာလို့ ဆိုပါတယ်။
https://nanmalgyi.com/archives/59842
No comments:
Post a Comment