နင့်လိုဒီမျက်ခွက်ကို ယူခဲ့တာကျေးဇူးတင် ဆိုတဲ့စကား ကိုယ့်အဖေရှေ့ပြောထွက်ခဲ့တာလေဆိုတဲ့ ချမ်းချမ်း
နိုင်ငံကျော်အဆိုတော် မလေး ချမ်းချမ်းဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ချမ်းချမ်းရဲ့ သမီးလေး မြမိုးဂင်္ဂါ လေးက ခုဆို ရင် ချစ်စရာကောင်းပြီး ခုဆိုရင် ၅နှစ် အရွယ် ရောက်နေပါပြီ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ချမ်းချမ်းက သူမကို အကောင့်တု များနဲ့ လာ ပုတ်ခက် တိုက်ခိုက်နေတဲ့ အကြောင်း ချမ်းချမ်းပြောထားတဲ့ စကားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ချမ်းချမ်းက ” လူဆိုတာ ကိုယ်တန်ဖိုးထားသလောက် ကြင်နာသလောက်ပဲရမှာပါ…ကိုယ်မလိုချင်လို့အစားထိုးခဲ့ပီးမှ သူများကကောက်ယူပြီး အမြတ်တနိုးဝတ်ဆင်ထားတော့မှ ဒါငါ့ပစ္စည်းဆိုပြီးပြန်လိုချင်လို့မရပါဘူး…ကိုယ့်အတွက်တန်ဖိုးမရှိဘူး..မလိုတော့ဘူးထင်လို့စွန့်ခဲ့ပီပဲ…နောက်လူကဘယ်လိုပဲတန်ဖိုးထားထား..အရင်လူနဲ့လုးံလုးံမဆိုင်တော့ပါကွယ်…နင့်လိုဒီမျက်ခွက်ကိုယူခဲ့တာကျေးဇူးတင်..ဆိုတဲ့စကားလေးတေကိုယ့်အဖေရှေ့ပြောထွက်ခဲ့တာလေးတေ…ဒီလိုမိန်းမမျိုးအယောက်တရာမက ရှာလို့ရတယ်…ဂရုမစိုက်နဲ့..ခံစားမနေနဲ့ ဆိုပြီးမေတ္တာတွေသိပ်ထားခဲ့ကတဲ့ အမျိုးလေးတေ..ကျမတသက်မမေ့တော့ပါဘူး…နာတယ်..ရင်ထဲမှာ..နောင်တတေ တသီတတန်းကြီးရတယ်….”

” သားသမီးမျက်နှာကိုထောက်ဖို့အကြိမ်ကြိမ်ပြောခဲ့တဲ့ ဒီပါးစပ်ပေါက်ကြီးက အများအမြင်မှာရိုင်းကောင်းရိုင်းလိမ့်မယ်…ချစ်လွန်းလို့အကြိမ်ကြိမ်တောင်းပန်တယ်..ကိုယ့်ကိုယ်ကိုသတ်သေတယ်..ဒါတေဟာလွန်ခဲ့ပီ..ကိုယ့်တန်ဖိုးကို ရှာတွေ့သွားတဲ့သူကိုအခုမှ ရှာတွေ့တာ..အချိန်နောက်မကျသေးပါဘူး..၁၁နှစ်တာချစ်ခဲ့တဲ့သံယောဇဉ်ကြောင့်သမီးလေးကိုကိုယ်တလှည့် သူတလှည့်စောင့်ရှောက်နေကြတယ်..အဲ့ဒီ့အပေါ်ဝင်ပြော..ဝင်ဝေဖန်တဲ့သူတွေကိုတွေ့တော့အံ့သြမိတယ်..သိလား..ကိုယ့်အိမ်မှာ အိပ်..ကိုယ့်အိမ်မှာစား..ခရီးတေအတူထွက်ကြ..ပိုက်ဆံမရှိလို့ အကူအညီ တောင်းတာတောင် ကိုယ်ကသနားလို့ ကို့ယ်ယောကျားမသိအောင် ယူပေးတဲ့မိန်းမ….အကိုတေ မောင်တေလို ညမတေလိုချစ်ခဲ့တဲ့သူ..အခုများတော့ အကောင့်တုတေ…မျက်နှာဖုးံတေစွပ်…မျက်နှာပြောင်တေတိုက်ပြီး ကိုယ့်ကိုလူမမုန်းမုန်းအောင်လုပ်..တော်ပါပေတယ်ကွယ်…”

“ကိုယ်ကတုန်လှုပ်နာကျင်နေမယ်တော့မထင်နဲ့..နေသားကျသွားပြီ..သိလား..လူဆိုတာ ကိုယ့်အကြောင်းကိုယ်ပဲသိတယ်…ကိုယ့်ထမင်းကိစားပြီးကိုယံလိပ်ပြာကိုယ်လုံပါစေကွယ်…အခုမှလွတ်တဲ့ငါးကြီးသွားတာစိတ်မကောင်းပါဘူး..ပြန်ပေါင်းချင်တိုင်းပေါင်းရအောင်…ကောက်ညှင်းပေါင်းလဲမဟုတ်..နွားမလဲမဟုတ်…အရူးလဲမဟုတ်တော့လို့ မစားရတဲ့အမဲသဲနဲ့ပက်တာလောက်တော့မဖြုံတော့ပါ..life is too short…i wont worry my life always.. .so…be peaceful….
အေးချမ်းလိုက်ပါတော့…သွားခွင့်ပေးပြီးပြီပဲ…မပြတ်သားခင်တုန်းကလဲ ကိုယ့်ကိုလင်တရူးတဲ့..ပြတ်သားလို့ ပျော်နေတော့လဲ တဏာရူးဆိုတော့..ဘယ်လိုပြောမလဲ..ကျမဘယ်သူ့အတွက်မှအသက်မရှင်တော့ပါ..ကိုယ့်က်ုယ်ကိုယ်နဲ့ သမီးအကြောင်းပဲရှိပါတော့တယ်…သမီးကျမဆီမှာမတွေ့တာနဲ့ကျမကမိခင်ကောင်းမပီသဘူးလို့တွေးချင်တဲ့သူများလွတ်လပ်စွာတွေးနိုင်ဝေဖန်နိုင်ပါတယ်…လူဆိုတာစားဖို့ပိုက်ဆံရှာရသေးတယ်…လူမှုရေးတေလုပ်ရသေးတယ်..ကလေးကျောင်းသွားကျောင်းပြန်မတွေ့တာနဲ့ အားနေတိုင်း အပျော်လျောက်သွားနေတယ်လို့ထင်နေရင်လဲ မပြောတော့ပါကွယ်…ကြိုက်သလိုပြောနိုင်ကြပါတယ်.သေချာတာတော့တနေ့ထပ်တနေ့ပိုပြတ်သားလာတယ်…ကိုယ်စိတ်ချမ်းသာလာတိုသ်း ကိုယ့်ကိုမုန်းတဲ့သူတေ ရန်သူတေပိုများလာတယ်ဆိုတာသိလာတယ်…ဒါကပဲကျမအတွက်ပိုခွန်းအားရှိလာစေတယ်…thank u bb..for stand by me…” ဆိုပြီးပြောထားပါတယ်။
ပရိသတ်ကြီးကလည်း ချမ်းချမ်းပြောပြတဲ့ အကြောင်းအရာ ကို သဘောပေါက်လိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
ဖိုးသူတော်(www.phothutaw.com)
Credit:Moekalay/Source;chan nyein’s facebookhttp://www.phothutaw.com/2019/03/blog-post_646.html

No comments:
Post a Comment