ads

sponsor

Saturday, March 30, 2019

ဘယ်အချိန်မှာ လက်ထပ်ဖို့ ရွေးချယ်မလဲ။

Image may contain: text

အသက် ၂၂ -၂၅ နှစ်မှာလက်ထပ်ရင်
------------------------

မိန်းကလေးတွေက တက္ကသိုလ်၊ ကောလိပ်တက်ပြီး ဘွဲ့ရလို့ လုပ်ငန်းခွင်ထဲ ၀င်ရောက်နေပါပြီ။ ဒီအချိန်မှာဆိုရင် မိန်းကလေးတွေက သူတို့ရဲ့ကောလိပ်က၊ ဒါမှမဟုတ် အထက်တန်းက ရည်းစားတွေနဲ့ ဖြစ်ဖြစ်၊ မူကြိုစတက်တဲ့ ပထမနေ့ မှာ တွေ့ခဲ့ပြီး တစ်ရပ်ကွက်တည်းမှာ အတူတူကြီးပြင်းရင်းနဲ့ သူငယ်ချင်းဖြစ်ခဲ့တဲ့ ကောင်လေးနဲ့ လက်ထပ်ပြီးနိုင်ပါတယ်။

ကောင်းကျိုးများ 
-----------------

ဒီအသက်အရွယ်မှာဆိုရင် သင်နဲ့သင့်လက်တွဲဖော် နှစ်ယောက်လုံးက ငယ်ရွယ်ကြပါတယ်။ ဒါကြောင့် ဇနီးမောင်နှံအဖြစ် အတူနေထိုင်ရင်းနဲ့ စိတ်တူကိုယ်တူနဲ့ ပြောင်းလဲကြီးပြင်းလာနိုင်ပါတယ်။ ကလေးယူဖို့ စဉ်းစားထားတယ်ဆိုရလည်း သင်တို့က ငယ်ရွယ်တဲ့ မိဘတွေ ဖြစ်လာမယ်၊ မိသားစုကြီး တစ်ခုကို တည်ဆောက်နိုင်မယ်။ ဒါအပြင် ကလေးတွေ ကောလိပ်တက်တဲ့ အရွယ်ရောက်တဲ့အခါ သင်တို့ အသက်က ၄၀ အရွယ် ရောက်နေလိမ့်မယ်။ ဒီအရွယ်မှာ စွန့် စားမှုအသစ်တွေ လုပ်နိုင်သလို တခြားလူတွေရဲ့မိဘတွေနဲ့ မတူတာက ဇနီးမောင်နှံအနေနဲ့ သင့်တို့ ကိုယ်သင်တို့ ပြန်ပြီးရှာဖွေနိုင်ဦးမှာ ဖြစ်ပါတယ်။ 

ဆိုးကျိုးများ 
------------

အသက်၂၅ နှစ်အောက်မှာဆိုရင် တစ်ဦးချင်း အနေနဲ့ ကော၊ ဇနီးမောင်နှံအနေနဲ့ ကော သင့်ဘ၀ကို ဘယ်လိုလျောက် လှမ်းသွားချင်တာလဲ၊ ဘာတွေကို ယုံကြည်တာလဲဆိုတာကို သင့်ကိုယ်သင် ကောင်းကောင်း သိနိုင်သေးမှာ မဟုတ်ပါဘူး။ ဒါအပြင် အသက် ၂၀ ကျော်ခါစဆိုရင် သင့်ရဲ့တန်ဖိုးထားမှုတွေကလည်း အနည်းငယ် ပြောင်းလဲနေပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် ကွာရှင်းပြတ်စဲမှုနှုန်းရဲ့ထက်ဝက်က အသက် ၂၀ အောက်အရွယ် တွေ၊ ၃၄ ရာခိုင်နှုန်းက အသက်၂၀ နဲ့ ၂၃ ကြားတွေဖြစ်ပြီး အဲဒီထက် အသက်ကြီးလာလေလေ ကွာရှင်းပြတ်စဲနှုန်းက ကျဆင်းလေလေဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့ သင်က အိမ်ထောင်ကျပြီးရင် အိမ်မှုကိစ္စပဲလုပ်မယ်လို့  ရွေးချယ်ထားရင် ကလေးတွေ ကျောင်းသွားနေချိန်မှာ ကိုယ့်ရဲ့ တည်ရှိမှုတန်ဖိုးဆုံးရှုံး သွားသလို ခံစားရနိုင်ပါတယ်။

Image may contain: text

အသက် ၂၅ - ၃၀ နှစ်မှာလက်ထပ်ရင်
----------------------------------

မိန်းကလေးတွေက မိမိကိုယ်ကို ဘယ်လိုလူမျိုးဖြစ်တယ်။ အမျိုး သမီးတစ်ယောက်အနေနဲ့ ဘ၀ကို ဘယ်လိုဖြတ်သန်းသွားချင်တယ်၊ ဘယ်အရာတွေက သင့်အတွက် တန်ဖိုးရှိတယ်ဆိုတာတွေကို ရှာဖွေဖော်ထုတ်နေတဲ့ အချိန်တွေ ဖြစ်ပါတယ်။

ကောင်းကျိုးများ 
----------------

ဒီအသက်အရွယ်မှာ အိမ်ထောင်ပြုရင် သင့်ကိုယ်သင် ပိုသိလာနေတဲ့အတွက် သင်နဲ့ တန်ဖိုးထားတဲ့အရာချင်း တူတဲ့သူနဲ့ လက်တွဲဖြစ်ဖို့  ပိုများပါတယ်။ ဒါအပြင် ဒီအရွယ်တွေက တည်ဆောက်ပြီးသား လူမှုအသိုင်းအ၀ိုင်းနဲ့  အသက်မွေးဝမ်းကျောင်းအလုပ်တွေနဲ့ အသက်ကြီးမှ အိမ်ထောင်ကျတဲ့ သူတွေလို အခြေချမနေထိုင်ခင်မှာ အလုပ်မှာ နာရီပေါင်းများစွာကို ခံနိုင်ရည်ရှိဖို့ နဲ့  သင့်ရဲ့အခြားတစ်ကိုယ်တည်းသမားသူငယ်ချင်းတွေနဲ့ပါတီကျင်းပဖို့ နဲ့  ခရီးသွားဖို့  အချိန်လုံလုံလောက်လောက်ရှိနိုင်ပါတယ်။ 

ဆိုးကျိုးများ
-------------

စီးပွားရေးအရ အမျိုးသမီးတစ်ယောက်က အသက် ၃၀ နဲ့ အထက်မှာ အိမ်ထောင်ပြုရင် သူ့ရဲ့ဝင်ငွေကအမြင့်ဆုံးအချိန် ဖြစ်နေနိုင်ပါတယ်။ ဒီလိုအခါမျိုးမှာ စဉ်းစားရမယ့်အချက်တစ်ချက်က အခုသင်က ကလေးပြုစုပျိုးထောင်ဖို့ နားခွင့်ယူ လိုက်တယ်ဆိုရင် ဒါက သင့်ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်မှာ ဆုံးရှုံး၊ ထိခိုက်မှုနဲ့  ဒွန်တွဲနေပါတယ်။

Image may contain: text

အသက် ၃၀ - ၃၅ နှစ်မှာ လက်ထပ်ရင်
-------------------------------

အသက် ၃၀ အရွယ်မှာဆိုရင် သင်က ရှေ့အလားအလာမှာ အခွင့်အရေးတွေ အများကြီးရှိတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ ဒီအရွယ်မှာဆိုရင် သင်က အသက်မွေးဝမ်းကျောင်းအလုပ်ရော၊ ပိုင်ဆိုင်မှု ငွေကြေးပါ ပိုင်ဆိုင်ထားပြီဖြစ်တဲ့အတွက် လက်တွဲဖော်တွေကို ကောင်လေးတွေလို့ ဆက်မစဉ်းစားတော့ဘူး၊ လူကြီးတစ်ယောက် အမျိုးသားတစ်ယောက်အနေနဲ့ ပဲ သေချာပေါက်စဉ်းစားတော့မှာ ဖြစ်ပါတယ်။

ကောင်းကျိုးများ 
----------------

ဒီအသက်အရွယ်မှာဆိုရင် သင်က ဘယ်လိုလူစားမျိုးဖြစ်တယ်၊ သင့်ဘ၀ကနေ ဘာတွေကို ရချင်တယ်ဆိုတာတွေကို သိရုံသာမက ချစ်သူလက်တွဲဖော်ဆီမှာ သင်ဘာကိုလိုချင်တာလဲဆိုတာကို ပုံဖော်ပြီးသား ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေရှည်မှာ သင့်အတွက် ဘ၀လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်ပြီး အလုပ်မှာနေရာရနေသူကိုပဲ ရွေးချယ်နိုင်ခြေရှိပါတယ်။ အသက် ၃၀ ကျော် အမျိုးသမီးတွေက ရှစ်ရာခိုင်နှုန်းလောက်ပဲ ကွာရှင်းပြတ်စဲကြပါတယ်။

ဆိုးကျိုးများ 
------------

အသက် ၃၀ နဲ့ ၃၄ နှစ်အရွယ်မှာဆိုရင် အမျိုးသမီး တစ်ယောက်ရဲ့သားသမီးမရနိုင်နှုန်းက ၈ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ဖို့ ကြိုးပမ်းမယ်ဆိုရင်တော့ ဖြေရှင်းဖို့ အချိန် ရနိုင်ပါသေးတယ်။ သင့်အသက် က ၃၅ နှစ်အောက်ဆိုရင် ကိုယ်ဝန်ရနိုင်ဖို့ အခွင့်အလမ်းက ၆၃ ရာခိုင်နှုန်းကနေ ၅၂ ရာခိုင်နှုန်းထိ လျော့နည်းနိုင်တဲ့အတွက် မိသားစုတည်ဆောက်ဖို့  အချိန်ကြာနိုင်ပါတယ်။ မဖြစ်နိုင်တာတော့မဟုတ်ပါ။ အချိန်လုံလုံလောက်လောက်ပေးရင် ဖြစ်လာနိုင် ပါတယ်။

Image may contain: text

အသက် ၃၅ - ၄၀ နှစ်အရွယ်မှာ လက်ထပ်ရင်
------------------------------------

ဒီအရွယ်မှာ လက်ထပ်ကြတဲ့သူတွေကို နောက်ဆုံးမှ ဖူးပွင့်ကြတဲ့ အမျိုးသမီးတွေလို့ခေါ်ကြပါတယ်။ ဒီအချိန်မှာဆိုရင် သူတို့ က အသက်မွေးဝမ်းကျောင်းဖို့ သဘောကျတဲ့အလုပ်ကို ရှာတွေ့ဖို့ အလုပ်တွေကို ပြောင်းပြီးလုပ်ကိုင်ခဲ့ဖူးပြီ၊ သူတို့ ဘယ်နေရာမှာနေ ထိုင်ချင်သလဲဆိုတာသိဖို့ နိုင်ငံတချို့ကိုလည်း လည်ပတ်ဖူးပြီ။ သူတို့ ရဲ့လက်တွဲဖော်ဆီမှာ သူတို့ မလို ချင်တဲ့ အချက်တွေကို လေ့လာသင်ယူဖို့ လူတော်တော်များများနဲ့ လည်း တွေ့ဆုံဖူးပြီဖြစ်ပါတယ်။

ကောင်းကျိုးများ 
-----------------

ဒီအရွယ်မှာ ပထမဆုံး အိမ်ထောင်ပြုတာက ဘ၀မှာ သင့်ရဲ့တစ်ခုတည်းသော လက်ထပ်မှုလည်းဖြစ်နိုင်ပါတယ်။ မင်္ဂလာမောင်နှံလျောက်လမ်းကို လျောက်ဖို့ အချိန်အကြာကြီး ယူပြီးပြီဖြစ်တဲ့အတွက် သင်က ဘယ်လိုမင်္ဂလာဆောင်မျိုးကို လုပ်ချင်တယ်၊ ဘယ်နေရာမှာ လုပ် ချင်တယ်ဆိုတာ သင်က သိပြီးသား ဖြစ်မှာပါ။ ဒါကြောင့် သင်က နောက်ဆုံးမှာ သင့်ဘ၀အတွက် လက်တွဲဖော်တွေ့တဲ့အခါ သင့်မိဘတွေကလည်း ပျော်ရွှင်လိမ့်မယ်။ မင်္ဂလာစရိတ်အတွက်ရော၊ ဧည့်သည် စာရင်းမှာပါတဲ့ သူတွေကိုရော သူတို့ က ဂရုစိုက်တော့မှာ မဟုတ်ပါဘူး။

ဆိုးကျိုးများ 
------------

ဒီအသက်အရွယ်မှာဆိုရင် ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲရှိတာက ကြီးမားတဲ့ပြဿနာ ဖြစ်ပါတယ်။ သားသမီး မရနိုင်ခြေက ၁၅ ရာခိုင်နှုန်းကနေ ၃၂ ရာခိုင်နှုန်းထိ တိုးလာနိုင်ပြီး ကိုယ်ဝန်ဆောင်နိုင်ဖို့ အခွင့်အရေးက ၃၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။

Image may contain: text

အသက် ၄၀နှစ်နဲ့ အထက်မှာ လက်ထပ်ရင်
---------------------------

လူ့ ဘ၀သက်တမ်းတစ်ဝက် ရောက်လာပြီဆိုရင် အလုပ်အကိုင်ကြီးကြီးနဲ့  သင့်ရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာမှာ ထောက်ပံ့မှုပေးနိုင်တဲ့ မိတ်ဆွေအသိုင်းအ၀ိုင်း တောင့်တောင့်တင်းတင်းရှိတဲ့အပေါ်မှာ ဂုဏ်ယူနိုင်တဲ့ လွတ်လပ်တဲ့ အမျိုးသမီးဖြစ်နေမှာ သေချာပါတယ်။ ဒီအချိန်မှာဆိုရင် သင်လက်တွဲဖော်တွေ့ဆုံတဲ့သူတွေထဲမှာ ကွာရှင်းပြီးသား၊ ဒါမှမဟုတ် မုဆိုးဖိုတွေ၊ တစ်ကိုယ်တည်းသမား ဖခင်တွေပါနိုင်သလို သင်ကလည်း ကိုယ့်ကိုယ်ကို မိန်းမလှတစ် ယောက်အနေနဲ့ ခံစားမိနိုင်ပါတယ်။

ကောင်းကျိုးများ 
----------------

အသက် ၄၀ နှစ်ကျော်သွားရင် သင်ရွေးချယ်နိုင်မယ့် လက်တွဲဖော်က နည်းသွားနိုင်ပါတယ်။ ဒီအရွယ်မှာဆိုရင် သင်က ပါတီပွဲတွေ ကျင်းပနိုင်မယ်၊ လက်တွဲဖော်တွေနဲ့တွေ့ ဆုံနိုင်မယ်၊ ခရီးတွေသွားနိုင်မယ်၊ အလုပ်မှာလည်း ရာထူးတွေ တိုးနိုင်မယ်၊ သင့်မိဘနဲ့မောင်နှမတွေနဲ့ လည်း ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်နေမယ်။ ဒါကြောင့် သင်အိမ်ထောင်ရက်သားကျတဲ့အခါသင့်ဘ၀မှာ မလုပ်ဖူးသေးတဲ့အရာတွေကို မရှိတဲ့အတွက် နောင်တရမှာ မဟုတ်ပါဘူး။ 

ဆိုးကျိုးများ 
------------

ဒီအရွယ်မှာ ကလေးရချင်သေးရင် ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ အကူအညီကို လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အသက်ကြီးမှ မိဘဖြစ်လာမယ့်အပေါ် အခက်အခဲတွေကိုရင် ဆိုင်နိုင်ဖို့ သင့်မှာ ငွေကြေးအရရော၊ စိတ်ခံစားမှုအရရော ကာမိ စေဖို့ လိုပါတယ်။


https://www.facebook.com/lifestyle.mm/posts/1572323412806119

Thursday, March 28, 2019

အခကြေးငွေနဲ့ ဖုန်းအတွင်းသို့ ညစ်ညမ်းဗီဒီယို ထည့်ပေးသူများကို ဖမ်းဆီးအမှုဖွင့်

အခကြေးငွေနဲ့ ဖုန်းအတွင်းသို့ ညစ်ညမ်းဗီဒီယို ထည့်ပေးသူများကို ဖမ်းဆီးအမှုဖွင့်

မြဝတီမြို့တွင် ငွေကြေးရယူပြီးဖုန်းအတွင်းသို့ညစ်ညမ်းဗီဒီယိုများထည့်ပေးသူများကို ဖမ်းဆီး အမှုဖွင့်ထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ မတ်လ ၂၆ ရက်၊ နေ့လယ် ၁ နာရီ၊ ၄၅ မိနစ်ဝန်းကျင်က မြဝတီမြို့အမှတ် ၄ ရပ်ကွက်၊ မေတ္တာလမ်းရှိ “ခိုင်ထူး”ဖုန်းအရောင်းဆိုင်ကိုသတင်းအရ ၀င်ရောက်စစ်ဆေးရာ ၂၂ လက်မ LG အမျိုးအစားအနက်ရောင်၊ MONTA ၁ လုံး၊ နှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ ကွန်ပျူတာတစ်ခုအတွင်း ညစ်ညမ်းဇာတ်ကားများနှင့်အတူ ဖုန်းအတွင်းဖြည့်သွင်းပေးခငွေ ၈ဝဝဝ ကျပ်တို့ကိုတွေ့ရှိရသဖြင့် မြဝတီမြို့အမှတ် ၄ ရပ်ကွက်၊ မေတ္တာလမ်းနေ ခိုင်ထူး(၃၄)နှစ်အား(ပ)၃၈၁/၂ဝ၁၉၊ရာဇသတ်ကြီးပုဒ်မ ၂၉၂ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။
ထို့နောက် မတ်လ ၂၆ ရက်၊ နေ့လယ် ၂ နာရီ၊ ၅၀ မိနစ်ဝန်းကျင်က မြ၀တီမြို့၊ အမှတ် ၄ ရပ်ကွက်၊ မေတ္တာလမ်းရှိ “Ma Khing Mobile ဖုန်းအရောင်းဆိုင်တွင်ဝင်ရောက်ရှာဖွေစစ်ဆေးရာ ကွန်ပျူတာ ဆက်စပ်ပစ္စည်းများနှင့်အတူ နိုင်ငံခြားညစ်ညမ်းဗီဒီယိုညစ်ညမ်းနိုင်ငံခြားဇတ်ကားများကို ဖုန်းအတွင်း ထည့်သွင်းခငွေ (၁ဝဝဝဝ)ကျပ်နှင့်အတူ တွေ့ရှိရသဖြင့် မြဝတီမြို့၊ အမှတ် ၃ ရပ်ကွက်၊စစ်မှုထမ်းဟောင်းလမ်း နေဆိုင်ရှင်မနန်းစုမွန်ကျော်၊ (၃၅)နှစ် အပါအ၀င် ဆိုင်ဝန်ထမ်း ၅ ဦးအား မြဝတီမြို့မရဲစခန်း၌ (ပ)၃၈၂/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၉၂ ဖြင့်အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မတ်လ ၂၆ ရက်၊ ညနေ ၅ နာရီခွဲဝန်းကျင်က မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရှိ “အောင်မေတ္တာ” ဖုန်းအရောင်းဆိုင်ကိုဝင်ရောက်ရှာဖွေရာ ကွန်ပျူတာတစ်လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ညစ်ညမ်း ဗီဒီယိုဇာတ်ကားများနှင့် ဖုန်းအတွင်းဖြည့်သွင်းခငွေ ၈ဝဝဝ ကျပ်နှင့်အတူတွေ့ရှိသဖြင့် မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်၊ ဝါးတောရပ်နေ”အောင်မေတ္တာ”ဖုန်းအရောင်းဆိုင်ပိုင်ရှင် ခိုင်မျိုးမင်းထိုက်၊ (၃၃)နှစ်ကို (ပ)၃၈၃/၂ဝ၁၉၊ရာဇသတ်ကြီးပုဒ်မ ၂၉၂ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
Credit-အကုန်သိ

https://tipsmyanmarnews.com/tips/6183?fbclid=IwAR28UJ5EqaQowjyimsZlQ1HbSKN2M3QF7fQ1Ht2M0Wp96h_NsVeljcZ7JTs

Wednesday, March 27, 2019

လိင်တူချစ်သူများအား မသေမချင်း ကျောက်ခဲဖြင့် ပစ်ခတ်အပြစ်ပေးရန် ဘရူနိုင်းစီစဉ်

လိင်တူချစ်သူများအား မသေမချင်း ကျောက်ခဲဖြင့် ပစ်ခတ်အပြစ်ပေးရန် ဘရူနိုင်းစီစဉ်

လိင်တူချစ်သူများအား မသေမချင်း ကျောက်ခဲဖြင့် ပစ်ခတ်အပြစ်ပေးရန် ဘရူနိုင်းစီစဉ်

0
254

လိင်တူချစ်သူများအား မသေမချင်း ကျောက်ခဲဖြင့် ပစ်ခတ်အပြစ်ပေးရန် ဘရူနိုင်းစီစဉ်

====================
====================
လိင်တူဆက်ဆံသူများအား မသေမချင်းကျောက်ခဲဖြင့် ပစ်ခတ်အပြစ်ပေးခြင်းနှင့် ခိုးမှုကျူးလွန်သူများအား လက်ကိုဖြတ်ခြင်း အစရှိသည့် ပြစ်ဒဏ်ပေးမှုများကို ကျင့်သုံးမည်ဖြစ်ကြောင်း ဘရူနိုင်းက ထုတ်ပြန်လိုက်ပြီဖြစ်သည်။
ဘရူနိုင်းနိုင်ငံ၏ ရှားရီယားပြစ်မှုဆိုင်ရာဥပဒေပါ ပုဒ်မသစ်များအရ ပြစ်ဒဏ်ပေးမှုများကို ပြုလုပ်မည်ဖြစ်ပြီး ဧပြီ ၃ ရက်မှစ၍ သက်ရောက်မည်ဖြစ်ကာ ကလေးငယ်များပင် မကျန် ပြစ်မှုကျူးလွန်ပါက သက်ညှာခွင့်ရမည်မဟုတ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကပြောဆိုခဲ့သည်။
ဘရူနိုင်းအုပ်ချုပ်သူ ဆူလ်တော်စော်ဘွားသည် နိုင်ငံတွင်း အစ္စလာမ်၏သြဇာပိုမိုဖြန့်ကျက်နိုင်ရေးအတွက် ရှားရီးယားပြစ်မှုဆိုင်ရာဥပဒေကို ၂၀၁၄ ခုနှစ်တွင် အတည်ပြုခဲ့သည်။
ဘရူနိုင်း၌ အများပြည်သူဆိုင်ရာနေရာများတွင် အရက်သေစာရောင်းချခြင်းမပြုရန် ပိတ်ပင်ချက်များအပါအဝင် ရှေးရိုးဆန်သော မူဝါဒများကို ချမှတ်ကျင့်သုံးခဲ့ပြီးဖြစ်သည်။
ဘရူနိုင်းအုပ်ချုပ်သူများက အတည်ပြုလိုက်သည့် ဥပဒေသစ်များသည် ရက်စက်ကြမ်းကြုတ်သလို လူသားလည်းမဆန်သောကြောင့် ယင်းပြစ်ဒဏ်များကို ရုပ်သိမ်းပေးရန် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းပြောဆိုခဲ့သည်။
၂၀၁၄ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဥပဒေများ၏ပထမအဆင့်တွင် အိမ်ထောင်ရေးပြင်ပတွင် ကိုယ်ဝန်ရရှိခြင်းနှင့် သောကြာနေ့များတွင် ဝတ်ပြုဆုတောင်းရန် ပျက်ကွက်ခြင်းတို့အတွက် ဒဏ်ငွေနှင့် ထောင်ဒဏ်များချမှတ်မည်ဖြစ်သည်။
ဘရူနိုင်း၌ လိင်တူချစ်ခြင်းသည် တရားမဝင်သော လုပ်ရပ်ဖြစ်ပြီး ယခင်ကဆိုလျှင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရမည်ဖြစ်သည်။
ယခုဆိုလျှင် လိင်တူဆက်ဆံခြင်း၊ လူမှုရေးဖောက်ပြန်ခြင်း၊ လိင်ပိုင်းအနိုင်ကျင့်ခြင်းကဲ့သို့ ပြစ်မှုများအတွက် မသေမချင်းကြိမ်ဒဏ်နှင့် ကျောက်ခဲဖြင့် ပစ်ခတ်ခြင်း အစရှိသည့် ပြစ်ဒဏ်များကျခံရမည်ဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာ၏ဝေဖန်မှုများကြောင့် ဘရူနိုင်းသည် ကျောက်ခဲဖြင့် မသေမချင်းပစ်ခတ်မည့် ပြစ်ဒဏ်ချမှတ်ခြင်းကို ရွှေ့ဆိုင်းခဲ့သော်လည်း ဧပြီ ၃ ရက်မှစ၍ ကျင့်သုံးတော့မည်ဖြစ်သည်။
မလေးရှားပြည်နယ်နှစ်ခုကြားရှိ ဘရူနိုင်းသည် အစ္စလာမ်ပြစ်မှုဆိုင်ရာဥပဒေကို ပထမဆုံးအတည်ပြုခဲ့သည့် အရှေ့အာရှနိုင်ငံဖြစ်သည်။
==========
The Myanmar Times
Pe Aung

https://www.tatinhtoo.com/9589/?fbclid=IwAR0Lm0DPIfE1LYAGi0yTkI9ZhXrIYsXxa6o-Gl0zgfnPjdXO5K_t1otL3nU

Monday, March 18, 2019

ပိုက်ဆံရှာပါ

ပိုက်ဆံရှာပါ
ပိုက်ဆံရှာပါ
လောကမှာပိုက်ဆံရှိမှ
ပိုအဆင်ပြေနိုင်ပါတယ်

မိသားစုထဲမှာကြည့်ပါ
ပိုက်ဆံရှာနိုင်တဲ့သူက
ပိုအရေးပါအရာရောက်ပါတယ်

အပေါင်းအသင်းတွေကြားထဲကြည့်ပါ
ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်

လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည့်ပါ
ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်

ဒါဟာ လောကကြီးထဲမှာ
ရာခိုင်နှုန်းတော်တော်များများဖြစ်နေတာပါ

ဘယ်နည်းနဲ့ကြည့်ကြည့်
သင် ပိုက်ဆံရှာရပါမယ်
ငွေစုရပါမယ်

သင်ပိုက်ဆံရှိမှ
သင်ချစ်တဲ့သူတွေအတွက်
သင်လုပ်ချင်တဲ့အရာတွေအတွက်
သင်ပြောချင်တဲ့စကားတွေအတွက်
သင်လိုချင်တဲ့အရာတွေအတွက်
အားလုံးမဟုတ်ရင်တောင်
တော်တော်များများလုပ်လို့ရမှာပါ

"#ခင်မင်မှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
လူတော်တော်များများကတော့
ငွေရှိရင် ပိုခင်ကြပါတယ်

"#ရိုးသားမှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
လူအများစုကတော့ မရိုးသားရင်တောင်
ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး

"#ပညာကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
ငွေရှိမှပညာသင်လို့ရတဲ့ခေတ်မှာ
ပညာရွှေအိုးက ငွေရှိမှဝယ်လို့ရတာပါ

"#ကိုယ်ကျင့်တရားကအရေးအကြီးဆုံး"
ဟုတ်ကဲ့
ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေ
ငွေရှိလာရင် အမှန်တရားကရောက်လာဖို့
ခြေလှမ်းသိပ်နှေးလွန်းပါတယ်

"#စိတ်ချမ်းသာဖို့အရေးကြီးတယ် "
ဟုတ်ကဲ့
ငွေရှိလည်းစိတ်ဆင်းရဲတဲ့သူတွေရှိပါတယ်
ဒါပေမယ့် ငတ်နေရင်းစိတ်ဆင်းရဲနေရတဲ့သူတွေထက်တော့
နည်းနည်း ပိုသက်သာတာပေါ့

"#အချစ်ကအရေးကြီးတယ်"
ဟုတ်ကဲ့
ရယ်စရာအကောင်းဆုံးပြက်လုံးပါ
လူအားလုံးလိုလိုကတော့
ငွေမရှိရင် ရုပ်ဆိုးတယ်လို့မြင်တယ်
ငွေမရှိရင် နံတယ်လို့ထင်တယ်
ငွေမရှိရင် ပိုင်းလုံးလို့မြင်တယ်
ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး

ဒါပါဘဲ
ဘယ်နည်းနဲ့တွေးတွေး
ဘယ်ဖက်ကတွေးတွေး
ငွေရှိမှ အရာအားလုံးလိုလို
အဆင်ပြေနိုင်ပါမယ်

ထို့ကြောင့် ပိုက်ဆံရှာပါ။

🙂🙂🙂

https://www.facebook.com/2289815421253309/photos/a.2289838861250965/2305437153024469/?type=3&__

Sunday, March 17, 2019

adfly 18.3,2019

 register here  http://bit.ly/2RlGb4J

လူပြောများနေတဲ့ တောင်ဥက္ကလာက အရိုးအကြောဆရာဝန်ကြီးအကြောင်း

လူပြောများနေတဲ့ တောင်ဥက္ကလာက အရိုးအကြောဆရာဝန်ကြီးအကြောင်း
ဖတ်သူအကျိုးရှိပါမည် ချစ်မိတ်ဆွေတို့ 😍😘

ကျမ ၂၄ မနက်က ဆိုင်ကယ်မှောက်တယ်ပေါ့ပေါင်ကွဲသွားတယ် ဒူးဂုံညင်းနေရာကချက်ချင်းပျော့ပျော့ကြီးနဲ့ ဖောင်းလာတယ် ဘာဖြစ်မှန်းတော့ မသိဖေ့ဘုတ်တွေမှာ အစိုးရဆေးရုံ မကောင်းတာတွေ ကြားနေရတော့ကြောက်ကြောက်နဲ့ ပုဂ္ဂလိကဆေးရုံကိုပဲ ပို့ပေးဖို့ အခါခါပြောပေမယ့်ကားလိုက်မောင်းပေးတဲ့အကိုက အနီးဆုံးလှိုင်သာယာ အစိုးရဆေးရုံကိုပဲ ပို့ပေးပါတယ်

အပ်ကြောက် အသားနာမှာကြောက်လို့လိုတာထက် ခယ တောင်းပန်ကာထုံဆေးဖြင့် ချုပ်ပေးပါ့ပြောလို့ ချုပ်ပေးပါတယ်ဒါတောင် ဒေါက်တာမဟုတ်ပဲ ချုပ်ပေးတဲ့သူက နည်းနည်းလေးဟောက်တာခံရသေး😅 မဆိုးပါဘူး ဒေါက်တာနဲ့ Nurse မ လေးတွေ သဘောကောင်းပါတယ်

မေးခိုင်ကာကွယ်ဆေး ထိုးပေးတယ် ဓါတ်မှန်ရိုက်ပေးတယ် ဘာအရိုးမှ မကျိုးလို့ ဆေးရုံတက်စရာမလိုတဲ့နောက် ၁၀ ရက်အကြာ ချုပ်ရိုးလာဖြေဖို့ပြောတယ် ဘာအခကြေးငွေမှ မယူစေတနာရှိသလောက်ပဲ ဆေးရုံအတွက်လှုခဲ့တဲ့ဆေးစာရေးပေးတယ် ပီးတာနဲ့ ချက်ချင်းအိမ်ပြန်လာခဲ့တယ်

ကိုယ်ကလည်းဆေးရုံမတက်တာ ၁၅ နှစ်လောက်ရှိပီဘားမှမသိ နားမလည်လို့အပြင်ဆေးခန်းပြ ဆေးထည့်ဖို့မိတ်ဆွေအများက အကြံပေးလို့ ၂ ရက်အကြာမှာအပြင်ပုဂ္ဂလိကဆေးခန်းကြီးကို သွားခဲ့တယ်ါတ်မှန်ပြလိုက်တော့ဟာ အမ ဂုံညုင်းအပ်သွားတယ်ပီးတော့ ဖေါရောင်နေတယ် ပြည်တည်လာလို့ ခြစ်ထုတ်ဖို့ ပြန်ခွဲရမယ်တဲ့ကျမ လန့်သွားတယ် အသားနာမှာ ကြောက်တာကိုးခါးကို ထုံဆေးပေးပီး ခွဲမှာ၎ သိန်းခွဲလောက် ကျမယ်နေ့တိုင်းလည်း ပိုးသတ်ဆေးလာထိုးရမယ်ကျောက်ပတ်တီးစီးရမယ် ထပ်ကုန်ဦးမယ် လှေကားတက်လို့မရဘူး လေ့ကျင့်ခန်းလုပ်ရမယ်တဲ့အစုံပလုံပါပဲ

ကိုယ်ကလည်း ကြောက်တတ်တော့ ဘယ်လောက်ကုန်ကုန် ခွဲမယ်ပေါ့ဖြစ်ချင်တော့ မနက် ၄ နာရီဆေးရုံလာ၆ နာရီခွဲမယ်တဲ့စပေါ် ၃ သိန်း အရင်တင်ပေါ့ ကြိုလည်း မသိ ဆေးခန်းပြရုံသက်သက်ပဲဆိုတော့ပိုက်ဆံက လက်ထဲမပြည့် မထုတ်ထားမိဘူးဒီကြားထဲ မနက်ခွဲရမှာကိုကျောက်ပတ်တီး အောက်ဘက်ကို စည်းပေးတယ်ဟိုဟာဖိုး ဒီဟာဖိုးနဲ့ ၆ သောင်းခွဲကျသွားတယ်မနက် ၄ နာရီလည်း ပိုက်ဆံထုတ်ဖို့ မလွယ်လို့ခွဲဖို့အဆင်သင့်မဖစ်တာနဲ့ ပြန်လာခဲ့တယ်

လူကလည်း ထပ်ခွဲရမှာကြီးကို အလုပ်ရှုပ်လက်ခံထားရတဲ့ ပွဲတွေလည်း ဖျက်ခြေထောက်ကလည်း ဘယ်တော့ကောင်းမလဲမသိပိုက်ဆံလည်းနှမြောသက်သာအောင် အစိုးရဆေးရုံလည်းမပြချင်စိတ်ညစ်ပီး တစ်ညလုံးအိပ်မရဘူး

အဲ့ဒါနဲ့ ဖေ့ဘုတ်က ဆေးခန်းတွေအကြောင်းသတင်းအစုံကိုလှန်တာကောင်းတာတွေအကုန် SSအကုန်ရိုက်ထားတယ်အဲ့မှာ မထင်မှတ်ပဲ တောင်ဥက္ကလာက အရိုးအကြောအထူးကု ကျော်ဆေးခန်းကို အရမ်းကောင်းကြောင်းညွှန်းထားတဲ့ Post ကို ဖတ်မိသွားတယ်

ကျမလည်း လိုလိုမယ်မယ် SS ရိုက်ပီး မှတ်ထားလိုက်တယ်မနက် ၇ နာရီလောက်မှ အိပ်ပျော်ပီးခွဲစိပ်ဖို့အတွက် ၁၀ နာရီပြန်ထတယ်

မောင်လေး တေးသံရှင်လွှမ်းမိုးနိုင်မှာ ကားရှိလို့ဖုန်းဆက်ပီး အိမ်လာဖို့ပြောပီးရောက်တာနဲ့ ဖစ်ကြောင်းကုန်စင်အကုန်ပြောပြတော့ သူ့အမနဲ့ခင်တဲ့သင်္ကန်းကျွန်းက ဒေါက်တာဆရာမနဲ့ ကုဖို့ကူညီပေးတယ်

လမ်းမလျှောက်နိုင်လို့ကျမ ကို အိမ်ကထွက်တာနဲ့ မ ချီကုန်းပိုး ဆေးခန်းဝင် ကားပေါ်ကအတက်အဆင်းရွှေပြည်သာပြန်ရင်ဝေးလို့ဆေးခန်းအမြဲပြရင်နီးအောင်သင်္ကန်းကျွန်းက သူ့အိမ် ၅ လွှာအထိ မ ချီကုန်းပိုးပီးလျှာထွက်မတတ် နေ့လည် ၁၂ ကနေ ည ၁၂ အထိတစ်နေကုန်ကူညီပေးတဲ့ ကျေးဇူးရှင်လေးပါ

ပြောချင်တာသူချိတ်ပေးတဲ့ ဆရာမက သားဖွားမီးယပ်ဆရာမကြီးပါအနာကိုမြင်ပီးခွဲစရာမလိုဘူး လိုအပ်ရင် အပ်ကလေးနဲ့ပြည်စုပ်ထုတ်ပေးမယ်တဲ့မနက်ဖန် ပြန်လာခဲ့တဲ့ကျမနာမှာကြောက်ပေမယ့်စိုးရိမ်မှု့တော့ နည်းနည်းလျော့သွားတယ်လိုအပ်တာလုပ်ပေးပီးဆေးခန်းက ထွက်လာခဲ့တယ်ဆေးဖိုး ပိုးသတ်ဆေးပုလင်းချိတ်တာကုသခ ၁ သောင်းခွဲပဲ ကျပါတယ်

ဒါပေမယ့် အားမရသေးလို့စိတ်ထဲက စွဲနေတာထပ်ပြချင်တာတောင်ဥက္ကလာက အရိုးအကြောဆိုင်ရာကျော် ဆေးခန်းကိုဒီတော့ ကိုယ်ကလည်းလိုက်ပို့သူ မောင်လေးလွှမ်းမိုးနိုင်ကိုမျက်နှာငယ်လေးနဲ့မောင်လေးရယ် အမ အားတော့နာပါတယ်တောင်ဥက္ကလာက စိတ်သန်နေတဲ့အရိုးအကြောဆိုင်ရာကျော်ဆေးခန်းကို ထပ်ပြချင်သေးတယ်အိမ်လည်း မပြန်ချင်သေးရွေးချယ်လို့ရအောင် အဲ့ ကျော်ဆေးခန်းကိုပို့ပေးပါဆိုတော့ မငြီးမငြူပို့ပေးရှာပါတယ်

ဆေးခန်းလေးက ခမ်းခမ်းနားနားမဟုတ်ပဲ ပုံမှန်သာမာန်လေးပါလူနာအရမ်းများလို့ ကိုယ်လည်း ဇွဲကောင်းကောင်းနဲ့လွှမ်းမိုးနိုင်ကိုအားနာလို့ခဏပြန်လွှတ်ပီး အိမ်ကအဒေါ်အမျိုးတွေနဲ့ ဆေးခန်းပြဖို့ ၄ နာရီလောက်စောင့်ခဲ့လိုက်တယ်

လူလတ်တန်းစားမရွေး သူဌေးတွေကအစသာမာန်အခြေခံလူတန်းစားတွေပါ အကုန်လာပြတာပါဖုန်းနဲ့လည်း တုံကင်တင်လို့ရပါတယ်တဲ့ကိုယ့်အလှည့်ရောက်တော့ ည ၁၁ လောက်ရှိပီဒါလည်း လူနာတွေ မပြတ် လာကုကြတုန်း

ဆရာဝန်ကြီးက အသက် ၅၀ ကျော်ပါပီကျမထင်တာပေါ့ကျမဓါတ်မှန်ကိုကြည့်ပီးဂုံညုင်းအပ်သွားတာသေးလို့မနည်းရှာယူရပါတယ်ခွဲစရာမလိုပါဘူး ဆေးထိုး ဆေးသောက်ရုံနဲ့ပျောက်ပါတယ်ဒူးမှာ ချက်ချင်းဖေါရောင်လာတာကအသားမပေါက်ပဲဂုံညုင်းထဲက သွေးထွက်လာလို့ပါတဲ့အနာကိုလည်း ပတ်တီးမဖြေကြည့်ဘူးချုပ်ရိုးက ၁၀ ရက်ကြာမှ ဖြေရမယ်ပီးရင် ကျောက်ပတ်တီးစီးရမယ်တဲ့ဆေးနှစ်လုံးထိုးပေးတယ်သောက်ဆေးပေးတယ်နောက်ရက်တွေလည်း ပကတိကောင်းသွားတဲ့အထိသွားပြနေရဦးမှာပါ

ကျမမေးသမျှကိုစိတ်ရှည်စွာ ဖြေပေးပီးချိုသာတယ် သိမ်မွေ့တယ်လူနာရှင်ကို အရမ်းဂရုစိုက်ပြီးအသေးစိတ်ကအစ ရှင်းပြတဲ့ ဆရာကြီးပါ

ပီးတော့အိမ်မှာ ထိုင်လျက် တရွတ်တိုက်သွားနေရတဲ့ကျမလမ်းလျှောက်ပုံကို သင်ပြလို့ချက်ချင်းပဲ ဘယ်လိုမှမနာပဲလမ်းပြန်လျှောက်လို့ ရသွားတယ်ကျမမှာ ပျော်လွန်းလို့ ထိုင်ရှီခိုးမတတ်ပါ

ဆေးဖိုးဘယ်လောက်ကျလဲမေးတော့ခုနှစ်ထောင် တဲ့ 😱ကျမစိတ်ထဲကကော ပါးစပ်ကကောအကြိမ်ကြိမ်ဆုတောင်းမိပါတယ်

အရိုး အကြော ထိခိုက် ရှနာ ပွန်းပဲ့ အထွေထွေအကုန်ကုပါတယ်လေဖြန်းသွားလို့ ပါးရွဲ့သွားတဲ့အဒေါ်ကြီးတောင်ဆေးတစ်လုံးထိုးလိုက်တာနဲ့ပြန်တည့်သွားပါတယ်

ဆရာကြီးက အင်းစိန်၊ မ/ဥ၊ တောင်ဥက္ကလာမှာဆေးခန်းခွဲတွေ ရှိပါတယ်ကျမလည်း ၁၅ နှစ်ကြာမှ ဆေးရုံဆေးခန်းပြရလို့ဒီဆရာဝန်ကြီးနဲ့ပဲ ဆုံဖူးလို့ကျေးဇူးတင်သည့်အနေဖြင့် တင်ခြင်းပါကျမ မမြင် မသိနိုင်သောခုလိုကောင်းတဲ့ဆရာဝန်တွေ မြန်မာနိုင်ငံမှာအများကြီးရှိနေမှာပါဘယ်သူ့ကိုမှ ထိခိုက်စေခြင်း ဆော်ကားအပြစ်တင်ခြင်းစေတနာဆိုးမရှိပါ

ဝေဒနာကိုခံစားနေရသောလူနာရှင်တွေအတွက် စာလွှာပါးကုသိုလ်ယူခြင်း သက်သက်ပါ

ကျမအခုကြုံတွေ့လိုက်ရတဲ့လူနာတွေအပေါ် အရမ်းဂရုစိုက်စေတနာကောင်းတဲ့ ဆရာဝန်ကြီးဦးကျော်ကျော်မြင့်မြန်မာနိုင်ငံက ဒုက္ခရောက်နေတဲ့လူနာရှင်တွေအတွက် အသက်နှစ်ပေါင်းများစွာရှည်ပါစေစတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ အကြိမ်ကြိမ်ဆုတောင်းမိပါ၏ 🙏🏻🙏🏻🙏🏻

ဖိုးသူတော်(www.phothutaw.com)
Credit:( Su Wati)http://www.phothutaw.com/2019/03/blog-post_549.html

Saturday, March 16, 2019

သမီးအရင်း နှစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည့် ဖခင်အား အမှုဖွင့်

သမီးအရင်း နှစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည့် ဖခင်အား အမှုဖွင့်
လှိုင်သာယာမြို့နယ်၊ (၄) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၃ နှစ်နှင့် ၁၄ နှစ်အရွယ် မိန်းကလေးနှစ်ဦးမှာ ၎င်းတို့ဖခင်အရင်းဖြစ်သူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ဆက်ဆံခဲ့သောကြောင့် မတ်လ ၉ ရက်နေ့က ရဲစခန်းသို့ လာရောက်ခဲ့ပြီး ဖခင်ဖြစ်သူအား အရေးယူပေးပါရန် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

မုဒိမ်းမှုပုဒ်မ ၃၇၆ ဖြင့် ဖခင်ဖြစ်သူ အသက် ၄၇ နှစ် ကျော်စွာငြိမ်းကို အမှုဖွင့် အရေးယူပေးရန် တရားလိုပြု တိုင်ကြားခဲ့သည့် အသက် ၂၃ နှစ် မိန်းကလေးမှာ ၎င်း ၁၄ နှစ်အရွယ်ခန့်ကတည်းက ဖခင်ဖြစ်သူမှ အလိုမတူဘဲ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့ကြောင်းနှင့် ငြင်းဆန်သည့်အခါ ရိုက်နှက်ခြင်းကိုခံခဲ့ရကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ကျော်စွာငြိမ်း၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသည့် မိန်းကလေးမှာ ကိုယ်ဝန်တစ်ကြိမ် ပျက်ကျခဲ့ပြီး သမီးမိန်းကလေး တစ်ယောက်ကို မွေးဖွားခဲ့ကြောင်းနှင့် ယင်းကလေးမှာ ၅၄ ရက်အကြာတွင် သေဆုံးခဲ့ကြောင်း၊ ယခုအချိန်တွင် ဖခင်ဖြစ်သူနှင့် ရရှိထားသော အသက် ၄ နှစ်အရွယ် သမီးတစ်ဦး အသက်ရှင်လျက်ရှိနေသည်။

ယင်းအပြင် လွန်ခဲ့သည့် တစ်နှစ်ကျော်က မိခင်ဖြစ်သူမှာ အင်းစိန်ဆေးရုံတွင် ကလေးမီးဖွားနေချိန် ၎င်းက ဆေးရုံလူနာစောင့်ရသဖြင့် နေအိမ်တွင် အသက် ၁၄ နှစ်အရွယ်ရှိ ညီမဖြစ်သူမှာ ကျန်နေခဲ့ချိန် ကျော်စွာငြိမ်းက သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်သဖြင့် လက်မခံသောကြောင့် ရိုက်နှက်ခံရပြီး ယခုနှစ် မတ်လ ၇ ရက်နေ့အထိ ညီအစ်မနှစ်ဦးမှာ ဖခင်ဖြစ်သူ ကျော်စွာငြိမ်း၏ အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုကို ခံခဲ့ရကြောင်း အမှုဖွင့် တိုင်ကြားချက်တွင် ပါဝင်ခဲ့သည်။

သားမယားအဖြစ် သမီးအရင်းနှစ်ဦးကိုရိုက်နှက်ပြီး ဆက်ဆံခဲ့သည့် ကျော်စွာငြိမ်းက ယင်းဖြစ်စဉ်ကို ရဲစခန်းသို့ သွားရောက်တိုင်ကြားပါက တစ်မိသားစုလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပြီး မတ်လ ၉ ရက်နေ့တွင် ညီအစ်မနှစ်ဦးမှာ လှိုင်သာယာမြို့မ ရဲစခန်းသို့ လာရောက်ပြီး ဖြစ်စဉ်ကိုပြောပြ၍ ဖခင်အရင်းဖြစ်သူ ကျော်စွာငြိမ်းကို အရေးယူပေးပါရန် သမီးကြီးဖြစ်သူက တရားလိုပြု တိုင်ကြားလာသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ကျော်စွာငြိမ်းကို ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖိုးသူတော်(www.phothutaw.com)
Credit:Thevoicemyanmarhttp://www.phothutaw.com/2019/03/blog-post_146.html