ads

sponsor

Friday, January 24, 2020

ဗိုလ်ချုပ်ပုံပါ (၁၀၀၀) တန်ကို မခေါက်မချိုး၊ မညစ်ပတ်အောင် ကိုင်တွယ်ဖို့ ဗဟိုဘဏ်မေတ္တာရပ်ခံ

ဗိုလ်ချုပ်ပုံပါ (၁၀၀၀) တန်ကို မခေါက်မချိုး၊ မညစ်ပတ်အောင် ကိုင်တွယ်ဖို့ ဗဟိုဘဏ်မေတ္တာရပ်ခံ

ဇန်နဝါရီလ(၇)ရက်နေ့ကစတင်ပြီး ပြည်သူတွေလက်ထဲကို ဖြန့်ဝေခဲ့တဲ့ ဗိုလ်ချုပ်ပုံပါ (၁၀၀၀)တန်အသစ်ကို ပြည်သူတွေအနေနဲ့ သပ်သပ်ရပ်ရပ်ကိုင်တွယ်သုံးစွဲကြဖို့နဲ့ နောက်ထပ်ဗိုလ်ချုပ်ပုံပါငွေစက္ကူတွေကိုလည်း တန်ဖိုးအလိုက်ထုတ်လုပ်သွားမယ်လို့ ဗဟိုဘဏ်ကနေသိရပါတယ်။
Image result for ဗိုလ်ချုပ်ပုံ ၁၀၀၀ တန်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူ (၁၀၀၀)တန်အသစ်ကို ပြည်သူလူထုတွေအနေနဲ့ ငွေစက္ကူအပြန့်အတိုင်း သပ်သပ်ရပ်ရပ်ကိုင်တွယ်သုံးစွဲကြဖို့ကို ဗဟိုဘဏ်က မေတ္တာရပ်ခံပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ပြည်သူတွေကို သစ်လွန်ကောင်းမွန်တဲ့ ငွေစက္ကူတွေကိုင်တွယ်သုံးစွဲနိုင်ဖို့ ဆောင်ရွက်ပေးနေသလို ပြည်သူတွေဘက်ကလည်း ငွေစက္ကူတွေ ပျက်စီးစေမယ့် အရာတွေကိုမလုပ်ကြဖို့ မေတ္တာရပ်ခံကြောင်း နိုင်ငံပိုင်မီဒီယာကနေ အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။
Image result for ဗိုလ်ချုပ်ပုံ ၁၀၀၀ တန်
“ပြည်သူတွေကို သစ်လွင်ကောင်းမွန်တဲ့ ငွေစက္ကူတွေ ကိုင်တွယ်သုံးစွဲနိုင်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ပြည်သူတွေကလည်း ငွေစက္ကူတွေ ပျက်စီးစေမယ့် ခေါက်ခြင်း၊ ချိုးခြင်း၊ လိပ်ခြင်း၊ လုံးခြင်းတွေမပြုလုပ်ဖို့နဲ့ ဆီစွန်းညစ်ပေခြင်းတွေမဖြစ်အောင်ကိုင်တွယ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဆိုပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောကြားခဲ့တာဖြစ်ပါတယ်။
Image result for ဗိုလ်ချုပ်ပုံ ၁၀၀၀ တန်
လက်ရှိမှာလည်း ဟောင်းနွမ်းညစ်ပေနေတဲ့ ငွေစက္ကူတွေကိုလည်း ဗဟိုဘဏ်မှာ အပ်နှံလဲလှယ်ဖို့ ဘဏ်တွေအားလုံးကိုညွှန်ကြားထားသလို ပြည်သူတွေအနေနဲ့ကလည်း ဟောင်းနွမ်းညစ်ပေ စုတ်ပြဲနေတဲ့ ပိုက်ဆံတွေကိုလည်း နီးစပ်ရာဘဏ်တွေမှာ အပ်နှံပြီး သစ်လွင်ကောင်းမွန်တဲ့ငွေစက္ကူတွေနဲ့ လဲလှယ်သုံးစွဲကြဖို့ကိုလည်း တိုက်တွန်းပြောကြားထားပါသေးတယ်။
Image result for ဗိုလ်ချုပ်ပုံ ၁၀၀၀ တန်
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဗိုလ်ချုပ်ပုံပါ ငွေစက္ကူ (၁၀၀၀)တန်အသစ်တွေကို ၂၀၂၀ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့ကစပြီး ပြည်သူတွေလက်ထဲကို ဖြန့်ဝေလျှက်ရှိပါတယ်။
ဓူဝံ


နေမကောင်းဖြစ်နေတဲ့ကလေးနှစ်ယောက်ကို အကြောက်လွန်ပီး လေဆိပ်မှာပစ်ထားခဲ့ကြတဲ့ မိဘတွေ

နေမကောင်းဖြစ်နေတဲ့ကလေးနှစ်ယောက်ကို လေဆိပ်မှာပစ်ထားခဲ့ကြတဲ့ မိဘတွေ
တရုတ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ ဝူဟန် ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားလိုက်ပြီလို့ သတင်းတွေ ထွက်နေခဲ့တာကြောင့် တရုတ်နိုင်ငံရဲ့ အခြားမြို့တွေမှာ နေထိုင်သူတွေဟာ နိုင်ငံတွင်းကနေ ထွက်ခွာပြီး တခြားနိုင်ငံတွေဆီ ခေတ္တသွားရောက်နေထိုင်ဖို့ ကြိုးစားလာကြပါတယ်။
သူတို့က ဒီ ဗိုင်းရပ်စ်ပိုး နိုင်ငံအနှံ့အပြားဆီ ရောက်မသွားခင် တရုတ်နိုင်ငံတွင်းက ထွက်ခွာချင်နေကြတာဖြစ်ပြီး ဒီနိုင်ငံကနေ သွားရရင်ပြီးရော ဆိုတဲ့ ပုံစံမျိုးတွေပါ ဖြစ်ကုန်ကြတာပါ။
အခုလည်း နန်ဂျင်းလေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ မိသားစုတစ်စုရဲ့ ဖြစ်ရပ်ဟာ စာဖတ်သူတွေကို တွေးစရာတွေ အများကြီး ပေးသွားခဲ့ပါတယ်။လေဆိပ်ကိုရောက်လာတဲ့ မိသားစုတစ်ခုဟာ သူတို့ရဲ့ ကလေးနှစ်ယောက်ထဲက တစ်ယောက် နေမကောင်းဖြစ်နေတာကြောင့် လေယာဉ်စီးခွင့်မပေးဖို့ လေဆိပ်တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ပါတယ်။
မိဘတွေက ဒီကလေးတွေဟာ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ထားသူတွေ မဟုတ်ကြကြောင်းနဲ့ သူတို့အနေနဲ့ ဒီခရီးစဉ်ကို သွားရဖို့ လိုအပ်နေကြောင်း (၃)နာရီလောက်ကြာအောင် တောင်းဆိုခဲ့တာပါ။ဒါပေမယ့်လည်း လေဆိပ်တာဝန်ရှိသူတွေက သူတို့ရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပြီးနောက်မှာတော့ မိခင်နဲ့ ဖခင်ဖြစ်သူက ကလေးနှစ်ယောက်ကို လေဆိပ်ထဲမှာ ထားခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါသွားကြပါတော့တယ်။
လေဆိပ်ဝန်ထမ်းတွေက ကလေးနှစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်ထားရပြီး သူတို့ကြောင့် လေယာဉ်ထွက်ခွာချိန်ဟာ (၈)နာရီလောက်အထိ နှောင့်နှေးခဲ့တယ်လို့ တရုတ်နေ့စဉ်သတင်းက ဖော်ပြပါတယ်။
လေဆိပ်တာဝန်ရှိသူတွေဟာ မိဘတွေကို ကလေးတွေနဲ့အတူ နေခဲ့ဖို့ ဖျောင်းဖြကြပေမယ့် မိဘတွေကတော့ ဒါဟာ သူတို့ရဲ့အခွင့်အရေးဖြစ်ကြောင်းနဲ့ လေယာဉ်လက်မှတ်ဝယ်ထားတဲ့ ခရီးသည်တွေအနေနဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိကြောင်း တုန့်ပြန်ခဲ့လို့ ကလေးတွေကို ထားခဲ့ဖို့ ခွင့်ပြုခဲ့ရတာပါ။
ဒီဖြစ်ရပ်က စာဖတ်သူတွေကို တုန်လှုပ်သွားစေပြီး သေရေးရှင်ရေးနဲ့ ကြုံလာရင် သားသမီးအရင်းတောင်မှ စွန့်ပြစ်ဖို့ ဝန်မလေးဘူးဆိုတဲ့ စိတ်ဓာတ်တွေကို မြင်တွေ့နေရတယ်လို့ မှတ်ချက်ပေးသူတွေ အမြောက်အများ ရှိခဲ့ပါတယ်။
Linn
UNICODE

January 24, 2020 Dr Mrs Mg









Wednesday, January 22, 2020

နေမကောင်း တဲ့ ခရီးသည် ကို ကျော ပိုးပြီး လူနာတင်ကားပေါ်တင်ပေးခဲ့တဲ့ လေယာဉ်မယ်

နေမကောင်း တဲ့ ခရီးသည် ကို ကျော ပိုးပြီး လူနာတင်ကားပေါ်တင်ပေးခဲ့တဲ့ လေယာဉ်မယ်

လေ ယာဉ်မယ်လေးတစ်ယောက်ဟာ သူမတာဝန်ထမ်းဆောင်တဲ့ လေယာဉ်ပေါ်မှာ လူနာခရီးသည်တစ်ဦး ပါလာခဲ့ရာ၊ အဲဒီလူနာကို ကိုယ်တိုင် လူနာတင်ကားဆီ ကျောပိုးပြီးခေါ်ဆောင်ခဲ့ကြောင်း Sin Chew Daily သတင်းစာက ဖော်ပြခဲ့ပါတယ်။ သူမရဲ့လုပ်ရပ်ဟာ လူမှုကွန်ရက်မှာ နာမည်ကြီးနေပါတယ်။
China United Airlines လေကြောင်းလိုင်းက ပိုင်ဆိုင်တဲ့ အဲဒီလေယာဉ်ဟာ ချန်ဒူမြို့ကနေ ထွက်ခွာလာတဲ့ လေယာဉ်ဖြစ်ပါတယ်။
လေယာဉ်မယ်လေးအမည်ကတော့ Zhang Qiqi လို့ သိရပြီး၊ လေယာဉ်မယ်တစ်ယောက်ဆိုပြီး ဟိတ်တွေဟန်တွေ များမနေနိုင်ဘဲ အမျိုးသမီးလူနာကို လူနာတင်ကားဆီ ကျောပိုးသယ်ဆောင်ခဲ့တာပါ။ အဆိုပါ အမျိုးသမီးလူနာဟာ လေယာဉ်ပေါ်ရောက်မှ အတော်လေး နေမကောင်းထိုင်မသာ ဖြစ်လာခဲ့တာမို့ ဆေးကုသဖို့ အမြန်လိုအပ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလေယာဉ်ဟာ အဆိုပါ အမျိုးသမီးလူနာကြောင့်ပဲ အရေးပေါ်ဆင်းသက်ဖို့ အကြောင်းဖန်လာခဲ့တာပါ။ လေယာဉ်ကို အရေးပေါ်ဆင်းသက်ဖို့ အဲဒီအမျိုးသမီးကိုယ်တိုင် အရေးပေါ်ခလုတ်ကိုနှိပ်ပြီး တောင်းဆိုခဲ့တာဖြစ်ပါတယ်။ လေယာဉ်မှူးတွေကလည်း ချက်ချင်း အရေးပေါ်ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
လေယာဉ်မယ် Qiqi က “ ဒီလိုအချိန်မှာပဲ ကျွန်မတို့ အရေးပေါ်ကြေညာမှု လုပ်ခဲ့ရပါတယ် … ဒေါက်တာတစ်ဦးဦး လေယာဉ်ပေါ်မှာ ပါမပါ မေးမြန်းခဲ့ပါတယ် … ကံကောင်းစွာပဲ ဒေါက်တာတစ်ဦး ပါလာခဲ့ပြီး သူက အမျိုးသမီးလူနာကို စမ်းသပ်ခဲ့ပါတယ် …
ဒေါက်တာရဲ့အဆိုအရ ဒီလူနာဟာ အန္တရာယ်များလောက်အောင် အားနည်းနေတယ် … အရေးပေါ် ကုသမှုလိုအပ်တယ်လို့ ပြောခဲ့ပါတယ် ”လို့ ပြန်ပြောပါတယ်။
သူမဟာ လေယာဉ်အရေးပေါ်ဆင်းသက်စဉ် လူနာဘေးမှာပဲ တစ်ချိန်လုံး အားပေးနေပြီး၊ လူနာတင်ကားရောက်လာတော့ ကိုယ်တိုင် ကျောပိုးပြီးသယ်ဆောင်ခဲ့တာပါ။ တကယ်တော့ လူနာတင်ဖို့ Stretcher က လေယာဉ်တံခါးပေါက်ထက် အနည်းငယ်ကြီးနေလို့ သူမကိုယ်တိုင် လူနာကို သယ်ပိုးခဲ့တာ ဖြစ်ပါတယ်။
Qiqi က “ လူနာရဲ့အသက်ကို ကယ်ချင်နေတာပဲ သိတယ် … ဗွီဒီယိုမှတ်တမ်း ပြန်ကြည့်မှ အံမယ် ငါ အတော်သန်ပါလားဆိုပြီး တွေးမိသေးတာ … ကျွန်မအထင်တော့ ဒါဟာ အခြေအနေရဲ့တွန်းအားဖြစ်မယ်ထင်တယ် ”လို့ ပြောခဲ့ပါတယ်။ အဆိုပါလေယာဉ်ဟာ မူလထွက်ခွာရာလေဆိပ်မှာ ပြန်လည်ဆင်းသက်ခဲ့တာဖြစ်ပြီး၊ (၄၃)မိနစ်အကြာမှာ ခရီးသည်(၁၇၅)ဦးနဲ့အတူ ခရီးဆက်နိုင်ခဲ့ပါသတဲ့။
Source: Myo Min Htet

မြန်မာ့ သနပ်ခါးတွေ ထင်း အ စားထိုး အသုံးပြုနေရလော က်အောင် ဖြစ်နေပြီ

မြန်မာ့ သနပ်ခါးတွေ ထင်း အ စားထိုး အသုံးပြုနေရလော က်အောင် ဖြစ်နေပြီ

သ နပ်ခါးဟာ စိတ်ကြည်လင် လန်းဆန်းဖွယ်ရာ သင်းပြန့်သော ရနံ့နှင့် ပြည့်စုံခြင်း၊ အသားအရေကို အေးမြစေခြင်း၊ အသားအရေကို ချောမွတ်စေခြင်း၊ သနပ်ခါး လိမ်းကျံသူအား လှပစေခြင်း စတဲ့ ဂုဏ်အင်္ဂါများနှင့် ပြည့်စုံတာကြောင့် ကျနော်တို့ မြန်မာတွေဟာ ရိုးရာနံ့သာအဖြစ် လိမ်းခြယ်ကြတာပဲ ဖြစ်ပါတယ်… ဒါ့အပြင် သနပ်ခါးဟာ နွေမှာအေးပြီး ဆောင်းမှာ နွေးစေတဲ့ အာနိသင်လည်း ရှိတာ ဖြစ်ပါတယ်….
ဒီလို အကျိုးကျေးဇူးတွေနဲ့ ပြည့်စုံတဲ့ မြန်မာ့ရိုးရာ သနပ်ခါးဟာ ခုဆိုရင် စိတ်မကောင်းဖွယ်ရာ အဖြစ် လွဲမှားစွာ အသုံးချခံရတဲ့ ဘဝကို ရောက်ရှိနေရပါပြီ…အဲတာကတော့ သနပ်ခါးတုံးတွေကို ထင်းအစားထိုးလောင်စာအဖြစ် အသုံးချခံနေရတာပဲ ဖြစ်ပါတယ်….
ရေစကြိုနယ်က ဘူးသီးကြော်ဆိုင်တွေမှာ သနပ်ခါးထင်းနဲ့ မီးဖိုပြီး အကြော်ကြော်ရောင်းနေကြတာတွေ ထမင်းချက်နေကြတာတွေကို ရေစကြိုရောက်ရင် မြင်ပါလိမ့်မယ်…..
ဒါ့အပြင် သနပ်ခါးအမြစ်ဆုံတွေကို မီးမွှေးဖို့ အသုံးချကြပြီး သနပ်ခါးပင်နဲ့ ခြံစည်းခပ်ထားတာတွေကိုလည်း တွေ့ရပါလိမ့်မယ်….ဒီလိုလုပ်ထားလို့ အပွေးမကောင်းတဲ့ သနပ်ခါးတွေ ဖြစ်မယ်လို့ မထင်လိုက်ပါနဲ့ ….. တကယ့်ကို အပွေးကောင်းတဲ့ သနပ်ခါးတုံးတွေကို မီးမွှေးနေကြတာပါ……
ဒီလို သနပ်ခါးတွေကို ဈေးကွက်တင် ရောင်းချမယ်ဆိုရင် ဈေးကောင်းရနိုင်ပါတယ်…. ဒါပေမယ့်လည်း ရေစကြိုဘက်က သနပ်ခါးပေါလို့ပဲလား ဒါမှမဟုတ် မြန်မာ့ရိုးရာသနပ်ခါးဟာ အနောက်တိုင်း က မိတ်ကပ်တွေလောက် အသုံးမပြုကြတော့လို့ပဲလားတော့ မသိပါဘူး….
ခေတ်တွေဘယ်လောက်တိုးတက်လာပါစေ သနပ်ခါးဟာ မြန်မာ့ရိုးရာဖြစ်သလို လိမ်းခြယ်သူတွေအတွက်လည်း ကျန်းမာရေးအကျိုးကျေးဇူးတွေရစေတာကြောင့် ခုလို အလဟဿ အသုံးချနေတာဟာ နှမြောစရာပါ…….. ဈေးကွက်တစ်ခုဖော်ဆောင်ပြီး ရောင်းချမယ်ဆိုရင် တန်ဖိုးရှိလာမယ့် သနပ်ခါးတွေကို ခုလိုအသုံးချနေတာ မြင်ရတာ စိတ်မကောင်းလို့ ခုလိုပြန်လည်ဖော်ပြလိုက်ရပါတယ်….သနပ်ခါးဈေးကွက်လည်း ကောင်းလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…
Writer – HW (Shwe Yaung Lan)

အ ထူးကြပ် မတ်ကုသဆောင် (ICU) ကိုပြောင်းရွှေ့ကုသမှု ခံယူရ တဲ့အထိ စိုး ရိမ်လာရ တဲ့ ဦးဗေလုဝ ရဲ့ ကျန်းမာရေးအခြေအနေ

အ ထူးကြပ် မတ်ကုသဆောင် (ICU) ကိုပြောင်းရွှေ့ကုသမှု ခံယူရ တဲ့အထိ စိုး ရိမ်လာရ တဲ့ ဦးဗေလုဝ ရဲ့ ကျန်းမာရေးအခြေအနေ

လူတွေ ကို ဟာသတွေနဲ့ ပျော်စရာတွေပေးတဲ့ သရုပ်ဆောင် ဗေလုဝဟာ ရုတ်တရက် စကားပြောတဲ့အာရုံကြောတစ်ခုကို သွေးပိတ်တဲ့ ဝေဒနာကြောင့် ပင်လုံဆေးရုံမှာ ကုသမှုခံယူနေရတဲ့ သတင်းကို ပရိသတ်ကြီးတို့လည်း ကြားသိပြီးဖြစ်မှာပါ….. ဒီဝေဒနာကြောင့် အနုပညာအသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက်တွေ ဆေးရုံကို သတင်းလာမေးတဲ့အခါမှာ လူတွေကို မမှတ်မိတော့ဘူးလို့ သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်….
လက်ရှိဆေးကုသမှုခံယူနေဆဲဖြစ်တဲ့ ဗေလုဝရဲ့ ကျန်းမာရေးအခြေအနေက စိုးရိမ်ရတယ်ဆိုပြီး သူ့မိသားစုဝင်တွေက ပြောလာခဲ့ပါတယ်….ဒုတိယအကြိမ် CT Scan ထပ်ရိုက်ရာမှာ သွေးကြောပိုပိတ်လာတဲ့ သဘောရှိပြီး စိုးရိမ်ရတာဖြစ်လို့ အထူးကြပ်မတ်ကုသဆောင်ကို ပြောင်းရွှေ့ကုသမှုခံယူနေရတယ်လို့ သိရပါတယ်…
နိုင်ငံခြားကို သွားရောက်ကုသဖို့ စီစဉ်ပေမယ့်လည်း ဆရာဝန်က ကျန်းမာရေးအခြေအနေကြောင့် လေယာဉ်စီးဖို့ ခွင့်မပြုတာကြောင့် ပြည်တွင်းက နာမည်ကျော် ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးစောဆိုင်မွန်သာကို ပင့်ထားတယ်လို့ သိရပါတယ်…
စစ်သူကြီး ဦးဗေလုဝတစ်ယောက် အမြန်နေကောင်းလာပါစေ…ပရိသတ်ကြီးတို့လည်း ဦးဗေလုဝတစ်ယောက် အမြန်ကျန်းမာနေကောင်းလာဖို့ ဆုတောင်းစကားလေးတွေ ဆိုခဲ့ကြပါအုံးနော်….
Writer – HW (Shwe Yaung Lan)

အသက် (၁၀၅-နှစ်) အဖွား ကို မျက်စိနှ စ်ကွင်း အလင်းပြန်ရစေ ခဲ့သည့် ကချင်ပြည် က သီတ ဂူဆရာတော်ကြီးရဲ့ စက္ခုဒါန

အသက် (၁၀၅-နှစ်) အဖွား ကို မျက်စိနှ စ်ကွင်း အလင်းပြန်ရစေ ခဲ့သည့် ကချင်ပြည် က သီတ ဂူဆရာတော်ကြီးရဲ့ စက္ခုဒါန

အ သက် (၁၀၅-နှစ်) အဖွားကို မျက်စိနှစ်ကွင်း အလင်းပြန်ရစေခဲ့သည့် ကချင်ပြည်က သီတဂူဆရာတော်ကြီးရဲ့ စက္ခုဒါန
အသက် (၁၀၅-နှစ်) အဖွားကို မျက်စိနှစ်ကွင်း အလင်းပြန်ရစေခဲ့သည့် ကချင်ပြည် စက္ခုဒါန
ဖားကန့်မြို့၊ ဝေခါရပ်ကွက်၊ မှော်တောင်းကျေးရွာနေ အဖွားဒေါ်ငွေပွင့် (၁၀၅-နှစ်)ကို သီတဂူမျက်စိဆေးရုံတော် ဖားကန့်မြို့တွင် ၁၀ -၁ – ၂၀၂၀ ရက်နေ့က လေဆာဖြင့် ကုသပေးခဲ့ပါသည်။
၂၀၁၇ ခုနှစ်က ဘယ်ဘက်မျက်စိ၊ ၂၀၁၉ ခုနှစ်က ညာဘက်မျက်စိ ခွဲစိတ်ကုသပေးခွဲပေးခဲ့ပြီဖြစ်သည်။
ကချင်ပြည်နယ်၊ ဖါးကန့်မြို့၊ သီတဂူစက္ခုဒါန ဆေးရုံတွင် ၉ – ၁ – ၂၀၂၀ မှ ၁၃ – ၁ – ၂၀၂၀ အထိ ကြည့်ရှုစစ်ဆေးပေးမည် ဖြစ်ပြီး ၁၀ – ၁ – ၂၀၂၀ ရက်နေ့ အထိ စမ်းသပ်လူနာ – ၆၂၄ ဦး ထဲမှ ခွဲစိတ်ကုသပေးခဲ့သော လူနာ – ၇၁ ဦးဖြစ်ပါသည်။
ဖါးကန့်ဆေးရုံသည် ၂၀၁၇ ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ စမ်းသပ်စစ်ဆေး ပေးနိုင်ခဲ့သည့် လူနာပေါင်းမှာ ၆၉၄၉ ဦး၊ ခွဲစိတ်ကုသ ပေးခဲ့သည့် လူနာပေါင်းမှာ ၆၈၇ ဦး စက္ခုဒါနအလင်းပေးခဲ့သည်။
ကချင်ပြည်နယ်တွင် သီတဂူဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တည်ဆောက်ထားသော သီတဂူစက္ခုဒါန ဆေးရုံတော်များမှာ မြစ်ကြီးနား၊ ဗန်းမော်၊ ဖါးကန့်တို့တွင် ရှိပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့
Photo – သီတဂူအောင်သန်းဝင်း
credit – သီတဂူသတင်း

ကျားေ ဖာင် ငရဲခ န်း က နောက်ထပ်လွတ်လာသူ

ကျားေ ဖာင် ငရဲခ န်း က နောက်ထပ်လွတ်လာသူ

ပင်လယ်ပြင်က ကျားဖောင်တွေမှာ ငါးဖမ်းလုပ်ကိုင်ဖို့ ရောင်းစားခံခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားအမှု ပေါ်ပေါက်ပြီးနောက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က နောက်ထပ် သူ့လို ရောင်းစားခံရတယ်ဆိုတဲ့သူနှစ်ဦးကို နိုဝင်ဘာ ၂၄ ရက်မှာ ကယ်တင်လိုက်နိုင်ပါတယ် ။
ဖျာပုံ မြို့အနီးပင်လယ်ပြင်က ကျားဖောင်
အဲဒီနှစ်ယောက်ထဲက မအူပင်ဇာတိ ကိုသက် နဲ့ ဘီဘီစီက တွေ့ဆုံခွင့်ရခဲ့ပါတယ် ။သူဟာ ရန်ကုန်ကို အလုပ် ရှာဖို့ရောက်လာသူဖြစ်ပြီး ဇာတိက ဧရာဝတီတိုင်း မအူပင်ကပါ။ရန်ကုန်ဆိပ်ကမ်းနဲ့ ဒလဘက်မှာ ဆန်အိတ်ထမ်းနေရာက နေ အလုပ်ကောင်းတယ်ဆိုတာကြောင့် ဖျာပုံ အနီး ခါးပြတ်ရွာကနေ မော်တော်နဲ့နှစ်ညအိပ်လောက် မောင်းရတဲ့ ပင်လယ်ပြင်က ကျားဖောင်ပေါ်ကို လိုက်လာရင်းကရောင်းစားခံလိုက်ရပါတယ်။
ရန်ကုန်တစ်ဘက်ကမ်း ဒလမြို့က လက်ဖက်ရည်ဆိုင်ဟာ လူကုန်ကူးခံရတဲ့ ဇာတ်လမ်းရဲ့ အစဖြစ်ပါတယ်။ပွဲစားတွေက လက်ဖက်ရည်ဆိုင်ကနေ သူတို့ကို အလုပ်ကောင်းတယ်၊ ကုန်တက်ရင်တက်သလောက် ရမယ်ဆို ပြီးတော့ အယုံသွင်းပါတယ်။” ဆိုင်မှာဘေးချင်းကပ်တွေ့ ကြတာ၊ အလုပ်လုပ်ဖို့လာခေါ်တော့ အလုပ်လုပ်ချင်တာနဲ့လိုက်သွားလိုက်တာ” လို့ အသက် ၂၅ နှစ်အရွယ် မအူပင်မြို့နယ် အခြံရွာဇာတိ ကိုသက်က ပြောပါတယ်။အဲဒီနောက် သူ့ကို ငွေခုနစ်သိန်းနဲ့ ရောင်းစားခံရတယ်ဆိုတာ ဖောင်ပေါ်ကို ရောက်သွားပြီးတော့မှ သိရတယ်လို့ လည်း ကိုသက်က ပြောပါတယ်။ဖျာပုံခရိုင်၊ ဖျာပုံမြို့ နဲ့ အမာမြို့နယ် တွေထဲက နောက်မီး၊ ခါးပြတ်၊ ဗန်ဒါပင်၊ ဒေါ်ညိမ်း၊ ကုလားထိပ်၊ ချောင်းဝ၊ ဘုန်းကြီးသောင်၊ ဖျာပုံမြစ်တန်း ရွာတွေဟာ ကျားဖောင်တွေနဲ့ ပင်လယ်ပြင် ငါးဖမ်းထွက်တာကို မိရိုးဖလာ ဓလေ့ အနေနဲ့ အကြီးအကျယ် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
ဒလမြို့
ရန်ကုန်တစ်ဘက်ကမ်း ဒလကနေ ကိုသက်ရယ် ၊ရောင်းစားခံခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသား မြတ်သူရထွန်းရယ်၊ ကိုစိုင်းမောင်မောင်ရယ် မိုင် ၅၀ လောက် ဝေးတဲ့ ကျားဖောင်ပေါ်မှာ အလုပ်ရမယ်ဆိုပြီးလိုက်သွားရင်းနဲ့ လူကုန်ကူးခံရတာ ဖြစ်ပါတယ်။ဖျာပုံနားက ခါးပြတ်ရွာကနေ ရေမိုင် ၁၅ မိုင်လောက် အကွာမှာ ဒီကျားဖောင်တွေရှိတယ်လို့ လည်းဖျာပုံဒေသခံတွေ ကပြောပါတယ်။ဖျာပုံ အနီးပင်လယ်ဝတစ်ဝိုက်မှာ ကျားဖောင် စုစုပေါင်းထောင်နဲ့ ချီရှိပြီးတော့ မြန်မာတို့ ထမင်းဝိုင်း အတွက် မရှိ မဖြစ် မျှင်ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်တွေကို ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ဒီလုပ်ငန်းတွေက ပါပါတယ်။လူကုန်ကူးခံရသူတွေဟာ ဒီလို ဖောင်တွေပေါ်မှာ အလုပ်လုပ်ရဖို့ ပွဲစားတွေကနေ တစ်ဆင့် ရောက်ပြီး ရောင်းစားခံကြရတာ ဖြစ်ပါတယ်။
ကျားဖောင်ပေါ်က ဖောင်လုပ်သားတွေ အနားယူရာ နေရာ
ဖျာပုံ အနီးခါးပြတ် ရွာကနေ မော်တော်နဲ့ နှစ်ညအိပ်လောက် မောင်းရတဲ့နေရာ မှာ ကျားဖောင်တွေရှိကြပါတယ်။ကျားဖောင်ဆိုတာဟာ အလျားပေ ၃၀၊ အနံ ပေ ၂၀ လောက် ဝါးတွေနဲ့ လုပ်ထားတဲ့ ပင်လယ်ဝမှာ ပိုက်ချ ပြီးငါးဖမ်းတဲ့ ဖောင်တွေပါ ။ကိုသက်ပြောပြတာကတော့ သူရောက်ခဲ့တဲ့နေရာမှာ ကျားဖောင် ၄၀ ကျော် ၅၀ နီးပါး ရှိတယ်လို့ပြောပါတယ်။ကျားဖောင်လုပ်သားတွေဟာ ၂၀၁၁ ခုနှစ်ဝန်းကျင် က မုန်တိုင်းကြောင့် ပင်လယ်ထဲမျောပြီး အိန္ဒိယကို ရောက်သွား သူတွေ ကို ပြန်ကယ်ခဲ့ရတာ ရှိသလို ပင်လယ်ထဲမှာ ကျပြီး အသက်သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။ ဒီကျားဖောင်ပေါ်က ကျွန်ပြုခံရတဲ့ လူတွေ အချင်းချင်း ရန်ဖြစ်ပြီး အသတ်ခံရမှုတွေ ရှိတယ် ဆိုတာကလည်း လွန်ခဲ့တဲ့နှစ်တွေကနေ စပြီးကြားလာရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ခုနှစ် စက်တင်ဘာ က နေ ဧပြီ လ အထိ ၈ လတာ ပင်လယ်ပြင်ထွက် ငါးဖမ်းရာသီအတွင်း ကျားဖောင်တွေပေါ်မှာ အလုပ်လုပ်ရင်း ပျောက်ဆုံးတာ၊ အသတ်ခံရတာ နဲ့ နာမကျန်းဖြစ်ပြီး သေဆုံးတာက ၂၇၆ ဦး ရှိတယ်လို့ ဖျာပုံခရိုင်ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ဒီဖြစ်စဉ်တွေကို တားဆီးဖို့ အဲဒီဒေသက ငါးလုပ်ငန်းပိုင်ရှင်တွေ၊ ငါးလုပ်ငန်း ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူကုန်တား၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
ဖောင်
အခုလို ကျားဖောင်တွေပေါ် လူကုန်ကူးပြီး အတင်းအဓမ္မ စေခိုင်းမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အဆင့် အဆိုးရွားဆုံး အခြေအနေ ဖြစ်တယ်လို့ အမျိုးသားလူ့အခွင့်ရေးကော်မရှင်က ဦးယုလွင်အောင်က ပြောပါတယ်။” ရိုက်နှက်နှိပ်စက်ညှဉ်းပန်းပြီးတော့ ခိုင်းတာတို့၊ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ အတင်းအဓမ္မ ရိုက်နှက်ခြိမ်းခြောက်ပြီးတော့မှ ခိုင်းတာ။ ဒါတွေက ကျွန်ပြုတဲ့ သဘောတွေ ဖြစ်သွားပြီ။ လုပ်ခမပေးဘဲ ခိုင်းစေတာဟာ လူ့အခွင့်အရေးကို လုံးဝချိုးဖောက်တဲ့ ဖြစ်စဉ်တွေ ဖြစ်တဲ့အတွက်ကြောင့် ဒီစနစ်ကိုတော့ ကျွန်တော်တို့က မရမနေ တားရဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားရမယ့် သဘောရှိပါတယ်” လို့ သူက ပြောပါတယ်။
” ကျွန်တော်တို့ လက်မှက်တွေ ထိုးရတယ်၊ ဓာတ်ပုံတွေ ရိုက်ရတယ်၊ နောက် ဖောင်ပေါ်တက်သွားတဲ့ အချိန်ကျမှ ပွဲစားက ပိုက်ဆံ ထုတ်သွားတာ” လို့ လည်းကိုသက်က ပြောပါတယ်။မင်းတို့လမ်းစရိတ် စားစရိတ် ဘာမှ မလိုဘူး ဘာမှပူစရာမလိုဘူး လိုတာကိုပြောဆိုပြီး ပွဲစားတွေက ခေါ်သွားတာလို့လည်းကိုသက်ကပြောပါတယ်။ဖောင်ပေါ်မှာ ငါးဖမ်းပိုက်ချတာ၊ ပိုက်ဖော်တာတွေကို ဖောင်ဦးစီးနဲ့ သူအပါအဝင် သုံးဦးတို့ လုပ်ကိုင်ရတာဖြစ်ပြီး ပိုက်ဖော်ပြီးတာနဲ့ ဖမ်းမိတဲ့ ငါးပုစွန်တွေကို ရွေးထုတ်၊ အခြောက်လှန်း စတာတွေလုပ်ရပါတယ်။ အဲဒါတွေ လုပ်နေတာ မပြီးသေးတဲ့အချိန် နောက်တစ်ကြိမ် ပိုက်ဖော်ဖို့အချိန် ရောက်လာတာနဲ့ အစကနေ ပြန်လုပ်ရပြီး တစ်ရက်ကို အိပ်ချိန် တစ်နာရီခွဲလောက်ပဲရှိတယ်လို့ ဆိုပါတယ်။
ကျားဖောင်
ကိုသက် ဟာ ကာယအားကိုး အလုပ်ကြမ်း လုပ်လက်စ ရှိသူဖြစ်လို့ ကျားဖောင်ပေါ်မှာ ပင်ပန်းပေမယ့် ကြိတ်မှိတ်လုပ်ခဲ့တာကြောင့် ဖောင်ဦးစီးရဲ့ ရိုက်နှက်နှိပ်စက်တာ မခံခဲ့ရပေမယ့် သူ့လက်မှာ ငါးဖမ်းပိုက် ကြိုးတွေဆွဲတဲ့ သေရာပါ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ကျားဖောင်ပေါ် ရောင်းစားခံခဲ့ရပြီး မိသားစုက ငွေနဲ့ ပြန်ရွေးလို့ လွတ်မြောက်လာတဲ့ တက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းအမှုက တရားခံလို့ယူဆရသူ ခုနစ်ဦးအနက် နှစ်ဦးကို ဖမ်းမိထားပြီး ကျောက်တံတားရဲစခန်းမှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်ထားပါတယ်။လက်ရှိမှာ ကိုသက်နဲ့ ကိုစိုင်းမောင်မောင်တို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့က ခေါ်ယူစောင့်ရှောက်ထားပြီး သူတို့အမှုတွေကို ရဲတပ်ဖွဲ့ကပဲ တရားလိုလုပ် တရားစွဲတင်မှာ ဖြစ်ပါတယ်။
Source-ဘီဘီစီ