ads

sponsor

Sunday, April 5, 2020

BaiduNetdisk_6.9.1.2.exe, Size 34.66 MB...

တစ္ကမ႓ာလံု ကို ၿခိမ္းေျခာက္ေန တဲ႕ ကပ္သံုးပါး သနား တယ္ ျမန္မာႏိုင္ငံ ကို ဝင္ေရာက္ မဲ့ အႀကီးဆံုးမုန္တိုင္းႀကီးဟာ အိႏၵိယဘက္ကို ဝင္ေရာက္သြားဘူးတယ္ … ဘာေၾကာင့္လဲ…

တစ္ကမ႓ာလံု ကို ၿခိမ္းေျခာက္ေန တဲ႕ ကပ္သံုးပါး သနား တယ္ ျမန္မာႏိုင္ငံ ကို ဝင္ေရာက္ မဲ့ အႀကီးဆံုးမုန္တိုင္းႀကီးဟာ အိႏၵိယဘက္ကို ဝင္ေရာက္သြားဘူးတယ္ … ဘာေၾကာင့္လဲ…
https://thuta.org/articles/?p=24920
ကပ္ သံုးပါး သနားတယ္

ဝူ ဟန္ေရာဂါပိုးမႊားဟာ တကမ႓ာလံုကို ၿခိမ္းေျခာက္ေနၿပီ အာရွႏိုင္ငံေတြအျပင္ ဥေရာပပါမက်န္ ထိမ္းခ်ဳပ္ရခက္ေနၿပီ တ႐ုတ္ေတြ အမ်ားဆံုးဝင္ထြက္ေနတဲ့ ျမန္မာႏိုင္ငံမွာ ဘာ့ေၾကာင့္ ခုထိ ဘာမွမျဖစ္ေသးတာလဲ…

တကယ္ေတာ့ျမန္မာႏိုင္ငံလည္း ေတာ္ေတာ္ခံရဖို ့ရွိတယ္ တ႐ုတ္ေတြ တံခါးမရွိ ဓားမရွိ ဝင္ထြက္ေနေပမဲ့ ဘာမွမျဖစ္သလိုပဲ ေနထိုင္ေနၾကတယ္ ျပည္သူေတြလည္း ေၾကာက္လန္ ့ျခင္းမရွိသလိုပဲ ေနထိုင္ေနၾကတယ္…

ဗုဒၶဘာသာရဲ႕ တန္ခိုးလို ့ေျပာရင္ ဘယ္သူမွ ယံုႏ္ူင္မယ္မထင္ဘူး ျမန္မာႏိုင္ငံကို ဝင္ေရာက္မဲ့ အႀကီးဆံုးမုန္တိုင္းႀကီးဟာ အိႏၵိယဘက္ကို ဝင္ေရာက္သြားဘူးတယ္ …

အဲဒီကိစၥ ကို ေတာင္တန္းသာသနာျပဳ ဆရာေတာ္ႀကီးက မွတ္ခ်က္ေပးခဲ့ဘူးတယ္… ျမန္မာႏိုင္ငံဆိုတာ ရဟႏၲာတပါးရဲ႕လက္တဝါးစာေတာင္ မရွိပါဘူးတဲ့ …ငါးပါးသီလ တို႔ပရိတ္ပဌာန္း တို ့ဝိပႆနာတို ့ဆိုတာ မုန္တိုင္းကြင္းစက္တဲ့…

တကယ္ေတာ့ တ႐ုတ္ၿပီးရင္ ဒုတိယ အမ်ားဆံုးေရာဂါပိုးကူးစက္ႏိုင္ရေအာင္ကို ျဖစ္ႏိုင္ပါတယ္… ကာကြယ္ေစာက့္ေရွာက္မူ ့ မျပည့္စံုဘူး တ႐ုတ္ေတြကို မပိတ္ပင္ဘူး … ဒါဟာ ေရာဂါျဖစ္ပြားႏိုင္ေျခ အမ်ားဆံုးျဖစ္သင့္တဲ့ အေျခအေနပါပဲ….

ျမန္မာျပည္သူေတြ ကိုယ္တိုင္ကိုက အေၾကာက္အလန္႔ကင္းေနၾကတာဟာ ဓမၼအေပၚထားတဲ့ ယံုၾကည္ခ်က္ေၾကာင့္ပါပဲ…. ကပ္ေဘးဆိုတာ ကံေတြေၾကာင့္ျဖစ္တဲ့အတြက္ ကာကြယ္ဖို႔မလြယ္ဘူး ….

ဒါေပမဲ့ ေဝသာလီမွာျဖစ္ခဲ့ဘူးတဲ့ ကပ္ေဘးေတြကို ဘုရားရွင္ဦးေဆာင္ၿပီး ဓမၼနဲ ့ေက်ာ္ျဖတ္ဘူးသလို…. သီဟိုဠ္မွာျဖစ္ခဲ့ဘူးတဲ့ကပ္ေဘးလညိး ရဟႏၲာၾကေတြက ဓမၼနဲ႕ပဲ ျဖတ္ေက်ာ္ခဲ့တာပါ…

လယ္တီဆရာေတာ္ဘုရားႀကီးတို ့ေဝဘူဆရာေတာ္ဘုရားႀကီးတို ့လက္ထက္အခ်ိန္ကလည္း ကပ္ေဘးျဖစ္လို ့ဆရာေတာ္ႀကီးေတြဟာ ဓမၼနဲ ့ပဲကယ္တင္ခဲ့တာပါ… အီတလီနဲ ့အီသီယိုးပီးယားစစ္ျဖစ္ေတာ့

မိုးၫွင္းဆရာေတာ္ဘုရားႀကီးက ေျမပံုကို လက္နဲ ့ေထာက္ၿပီးေမတၱာပို႔တာ ငါးရက္အတြင္း စစ္ေျပၿငိမ္းသတဲ့… ဗုဒၶဘာသာ မဟုတ္တဲ့သူေတြ မ်ားျပားေနျခင္း ကြႏ္ုျမဴနစ္လို ဘာသာမဲ့ေတြ မ်ားျပားလာျခင္းေၾကာင့္

ဗုဒၶဘာသာကို မယံုၾကည္ၾကေပမဲ့ သီလ သမာဓိ ပညာ ရဲ႕ အစြမ္းဟာ ကမ႓ာေလာကဓါတ္ႀကီးကို လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္တယ္ဆိုတာ သဘာဝဓမၼပါပဲ… သီလ သမာဓိ နဲ ့ျပည့္စံုတဲ့ ရေသ့တပါးကို ေစာ္ကားၾကလို ့တတိုင္းျပည္လံုး ပ်က္စီးဘူးပါတယ္…

ဒါဆို သီလ သမာဓိပညာျပည့္စံုတဲ ့ျမန္မာျပည္က ရဟန္းသံဃာေတာ္ေတြရဲ႕ ေမတၱာစြမ္းအားနဲ ့ ဓမၼစြမ္းပကားေတြဟာ ျမန္မာျပည္ေလာက္ကို ကပ္ေဘးက ကယ္တင္ႏိုင္တယ္ဆိုတာ မယံုၾကည္လို ့ရပါ့မလား…

ျမန္မာျပည္မွာ ေန ့စဥ္ ေန႔စဥ္ ရဟန္းသံဃာေတာ္ေတြရဲ႕ ေမတၱာပို ့လႊတ္မူ႔ေတြ ပရိတ္ ပဌာန္း ရတနာ့သုတ္ ရြတ္ဆိုမူ႔ေတြ သရဏဂံု ငါးပါးသီလ ရဲ႕စြမ္းပကားေတြဟာ ကပ္ေဘးကေန ကယ္တင္ေနတာဆိုတာ ဗုဒၶဘာသာဝင္ေတြ နားလည္ေလာက္ပါတယ္…

ျမန္မာျပည္က ျပည္သူေတြေလာက္ မေျပာနဲ ့ ကမ႓ာႀကီးေပၚက လူသားေတြရဲ႕ေဘးဆိုးေတြကိုပါ သီလ သမာဓိ ပညာက ကယ္တင္ႏိုင္စြမ္းရွိပါတယ္… တခုပဲရွိတယ္ ကယ္တင္ခံလို ့မရႏိုင္ေလာက္ေတာ့တဲ့ အကုသိ္ုလ္ ကံေတြကိုေတာ့ မက်ဴးလြန္ထားၾကနဲ႔ေပါ့…

ျမန္မာျပည္မွာ ရတနာသံုးပါးကို ေစာ္ကားလာတဲ့သူေတြပိုပို မ်ားမ်ားလို ့ ေျပာရတာပါ…သီလ သမာဓိ ပညာေၾကာင့္ ကမ႓ာႀကီးေျမတုန္လွဳပ္တာေတြ အခ်ိန္မဟုတ္ မိုးရြာတာေတြ အခ်ိန္မဟုတ္ ပန္းပြင္တာေတြ ဗုဒၶဘာသာမွာ အမ်ားႀကီးရွိပါတယ္…

အိႏၵိယ သာသနာထြန္းကားစဥ္က သဘာဝေဘးအႏၲရယ ္ႀကီးႀကီးမားမားေတြ မျဖစ္ခဲ့ဘူး…သာသနာကြယ္ေတာ့ ခံရေတာ့တာပဲ…သိဟိုဠ္လည္း အဲဒီလိုပဲ

အခု ျမန္မာျပည္လည္ သဘာဝေဘးအႏၲရယ္ေတြက ကာကြယ္သာသနာေတာ္ရဲ႕အစြမ္းေတြပဲ….မယံုရင္ ေစာင့္ၾကည့္ၾက… ေနာက္ေနာင္ ဗုဒၶဘာသာထြန္းကားဖို ့အတြက္ လူသားေတြ မေျဖရွင္းႏိုင္တဲ့ ျပႆနာေတြ ကမ႓ာေပၚမွာ အမ်ားႀကီးေပၚလိမ့္ဦးမယ္ …

လူသားေတြရဲ႕ ဦးေႏွာက္နဲ ့မေတြးႏိုင္တဲ့ အေၾကာင္းေတြ ကမ႓ာ့ေနရာအႏွံုအျပားမွာ အမ်ားႀကီး ျဖစ္လာလိမ့္မယ္… အဲဒီျပႆနာေတြဟာ ေနာင္တခ်ိန္မွာ ဗုဒၶဘာသာ ထြန္းကားဖို ့ အေၾကာင္းတရား တခု ျဖစ္လာလိမ့္မယ္…

Share ျခင္းျဖင့္ျဖန္႕ေ၀ပါ….. ဦးျမင့္ခိုင္

တစ္ခ်ိဳ႕ေနရာမွာ ကလိုရင္းျဖန္းတယ္ ၿပီးရင္ hand gel နဲ႔ လက္ေဆးခိုင္းရင္ လုံး၀မလုပ္ပါနဲ႕

တစ္ခ်ိဳ႕ေနရာမွာ ကလိုရင္းျဖန္းတယ္ ၿပီးရင္ hand gel နဲ႔ လက္ေဆးခိုင္းရင္ လုံး၀မလုပ္ပါနဲ႕
https://www.nalonetardiary.com/life-style/health/18496/

တစ္ခ်ိဳ႕ေနရာမွာ ကလိုရင္းျဖန္းတယ္ ၿပီးရင္ hand gel နဲ႔ လက္ေဆးခိုင္းရင္ လုံး၀မလုပ္ပါနဲ႕

 
43
တစ္ခ်ိဳ႕ေနရာမွာ ကလိုရင္းျဖန္းတယ္ ၿပီးရင္ hand gel နဲ႔ လက္ေဆးခိုင္းရင္ လုံး၀မလုပ္ပါနဲ႕
တစ္ခ်ိဳ႕ေနရာမွာ ကလိုရင္းျဖန္းတယ္ ကားေတြ ေရာလူေတြေရာလို႔ ေျပာသံၾကားတယ္
ၿပီးရင္ ထိပ္ကေန hand gel နဲ႔ လက္ေဆးခိုင္းတယ္ ေဝ ေပးတယ္ ဆိုၾကတယ္
မူးေမ့လဲတာတို႔ လက္ေတြ ေလာင္တာတို႔ မျဖစ္ၾကဘူးလား
အနည္းဆုံး အဲသလို ေဝေပးေနတဲ့ လူေတြ လက္မွာ ဟိုနား ထုံတုံတုံ ဒီနား ယားတားတား မျဖစ္ၾကဘူးလားဗ်
သတိထားပါ အႀကီးႀကီး သတိထားပါ
ကလိုရင္းနဲ႔ ethanol ေရာလို႔မရပါ ေရာရင္ အဆိပ္ေငြ႕ ထြက္ပါတယ္.
ကလိုရင္းေလးျဖန္းၿပီး လက္ကို ethanol နဲ႔ ေဆးမိလို႔ မူးေမ့လဲရင္ အဲဒီ အီတီတီ ခ်ိဳေမႊးေမႊး အနံ့ေတြရွိရာကေန အျမန္ ဖယ္ရွားပါ အနံ့ နည္းနည္းျပယ္သြားရင္ ေရအမ်ားႀကီးနဲ႔ ေဆးခ်ပါ…
အဲဒီ ကလိုရိုေဖာင္းက အာ႐ုံေၾကာစနစ္ကို ထိခိုက္ေစတယ္ မ်က္လုံး အေရျပား အဆုပ္ ထိခိုက္ေစတယ္
သူ႔ကို အေရျပားကေနပါ စုပ္ေသးတယ္
ဒါေၾကာင့္ ကလိုရင္းကို အရပ္ထဲ ေလၽွာက္မျဖန္းၾကပါနဲ႔ ethanolေတြ လည္း မျဖန္းၾကပါနဲ႔လို႔ ခဏခဏေျပာေနရတာပါ
ကလိုရင္းကို ဘာလို႔ အရပ္ထဲ လိုက္မျဖန္းေစခ်င္လည္းဆိုေတာ့ သူက ေတာ္ေတာ္မ်ားမ်ားနဲ႔ ဓာတ္ျပဳတဲ့အခါ အဆိပ္ေငြ႕ေတြ ထြက္လာလို႔ပဲ….
ဓာတ္ဆီနဲ႔လည္း ဓာတ္ျပဳတယ္ ဆီဆိုင္မွာ ေဆးျဖန္းတယ္
အမိုးနီးယားနဲ႔လည္း ဓာတ္ျပဳတယ္
ရွာလကာရည္နဲ႔လည္း ဓာတ္ျပဳတယ္
ဘယ္ အစားအေသာက္ထဲမွ ဝင္လို႔မရဘူး အႏၲရာယ္ ႀကီးတယ္
Pyei Phyo
Unicode
တစ်ချို့နေရာမှာ ကလိုရင်းဖြန်းတယ် ပြီးရင် hand gel နဲ့ လက်ဆေးခိုင်းရင် လုံးဝမလုပ်ပါနဲ့
တစ်ချို့နေရာမှာ ကလိုရင်းဖြန်းတယ် ကားတွေ ရောလူတွေရောလို့ ပြောသံကြားတယ်
ပြီးရင် ထိပ်ကနေ hand gel နဲ့ လက်ဆေးခိုင်းတယ် ဝေ ပေးတယ် ဆိုကြတယ်
မူးမေ့လဲတာတို့ လက်တွေ လောင်တာတို့ မဖြစ်ကြဘူးလား
အနည်းဆုံး အဲသလို ဝေပေးနေတဲ့ လူတွေ လက်မှာ ဟိုနား ထုံတုံတုံ ဒီနား ယားတားတား မဖြစ်ကြဘူးလားဗျ
သတိထားပါ အကြီးကြီး သတိထားပါ
ကလိုရင်းနဲ့ ethanol ရောလို့မရပါ ရောရင် အဆိပ်ငွေ့ ထွက်ပါတယ်.
ကလိုရင်းလေးဖြန်းပြီး လက်ကို ethanol နဲ့ ဆေးမိလို့ မူးမေ့လဲရင် အဲဒီ အီတီတီ ချိုမွှေးမွှေး အနံ့တွေရှိရာကနေ အမြန် ဖယ်ရှားပါ အနံ့ နည်းနည်းပြယ်သွားရင် ရေအများကြီးနဲ့ ဆေးချပါ…
အဲဒီ ကလိုရိုဖောင်းက အာရုံကြောစနစ်ကို ထိခိုက်စေတယ် မျက်လုံး အရေပြား အဆုပ် ထိခိုက်စေတယ်
သူ့ကို အရေပြားကနေပါ စုပ်သေးတယ်
ဒါကြောင့် ကလိုရင်းကို အရပ်ထဲ လျှောက်မဖြန်းကြပါနဲ့ ethanolတွေ လည်း မဖြန်းကြပါနဲ့လို့ ခဏခဏပြောနေရတာပါ
ကလိုရင်းကို ဘာလို့ အရပ်ထဲ လိုက်မဖြန်းစေချင်လည်းဆိုတော့ သူက တော်တော်များများနဲ့ ဓာတ်ပြုတဲ့အခါ အဆိပ်ငွေ့တွေ ထွက်လာလို့ပဲ….
ဓာတ်ဆီနဲ့လည်း ဓာတ်ပြုတယ် ဆီဆိုင်မှာ ဆေးဖြန်းတယ်
အမိုးနီးယားနဲ့လည်း ဓာတ်ပြုတယ်
ရှာလကာရည်နဲ့လည်း ဓာတ်ပြုတယ်
ဘယ် အစားအသောက်ထဲမှ ဝင်လို့မရဘူး အန္တရာယ် ကြီးတယ်
Pyei Phyo

ပဲဲနို႔ဗူး ၀ယ္ေသာက္တတ္တဲ႔ ကေလးေတြ ဆင္ျခင္ဖို႔ပါ

ပဲဲနို႔ဗူး ၀ယ္ေသာက္တတ္တဲ႔ ကေလးေတြ ဆင္ျခင္ဖို႔ပါ
https://www.nalonetardiary.com/news/local-news/6843/

ပဲဲနို႔ဗူး ၀ယ္ေသာက္တတ္တဲ႔ ကေလးေတြ ဆင္ျခင္ဖို႔ပါ ..

 
244312
adfadsf
“ဘုုရား ဘုရား ေၾကာက္စရာေကာင္းလိုက္တာ
သူနာျပဳ ဆရာမေလးတေယာက္ ္တင္ျပထားတာကို ဖတ္ျပီး
အားလုံး ဆင္ျခင္ျကပါေစရန္္
1 86
ထိုိင္းနိုင္ငံထုတ္္ ပဲနို႔ဗူးေတြပါ
ေျမးအဖြားႏွစ္ေယာက္အတူတူေသာက္တဲ႕ပဲႏုိ႕က
ရက္မလြန္ပါဘူးဒါေပမဲ႕ပဲႏုိ႕အနည္းငယ္ခဲျပီးခ်ဥ္္
3 16
ေနတာေသာက္မိျပီးအစာဆိပ္သင္႕ျပီးသတိလစ္ျပီးေဆးခန္းကိုေရာက္လာလို႕ေဆးရုံကိုပို႕လိုက္ရပါတယ္တ့ဲဲ
ခ်ဥ္္ျပီးခဲေနေသာ နို႔ဗူးမ်ားေသာက္ျပီး တပိုင္းတစ ထားေသာ
နို႔ဗူးမ်ားေသာက္ျခင္းမွ ဆင္ျခင္ျကေစရန္္ တင္ျပေပးလိုက္ပါတယ္္
2 30
M-Yan Paing
Unicode
“ဘုရား ဘုရား ကြောက်စရာကောင်းလိုက်တာ
သူနာပြု ဆရာမလေးတယောက် ်တင်ပြထားတာကို ဖတ်ပြီး
အားလုံး ဆင်ခြင်ကြပါစေရန်
ထိုင်းနိုင်ငံထုတ် ပဲနို့ဗူးတွေပါ
မြေးအဖွားနှစ်ယောက်အတူတူသောက်တဲ့ပဲနို့က
ရက်မလွန်ပါဘူးဒါပေမဲ့ပဲနို့အနည်းငယ်ခဲပြီးချဉ်
နေတာသောက်မိပြီးအစာဆိပ်သင့်ပြီးသတိလစ်ပြီးဆေးခန်းကိုရောက်လာလို့ဆေးရုံကိုပို့လိုက်ရပါတယ်တဲ့ဲ
ချဉ်ပြီးခဲနေသော နို့ဗူးများသောက်ပြီး တပိုင်းတစ ထားသော
နို့ဗူးများသောက်ခြင်းမှ ဆင်ခြင်ကြစေရန် တင်ပြပေးလိုက်ပါတယ်
M-Yan Paing

တစ္ကယ္တမ္းႀကေတာ့ ေရစက္ရွိလုိ႕ ဆုံတာထက္ တစ္ေယာက္ကုိ တစ္ေယာက္ဝဋ္ေႀကြးဆပ္ဖို႕ ဆံုျဖစ္ခဲ႕ႀကတာပါ

တစ္ကယ္တမ္းႀကေတာ့ ေရစက္ရွိလုိ႕ ဆုံတာထက္ တစ္ေယာက္ကုိ တစ္ေယာက္ဝဋ္ေႀကြးဆပ္ဖို႕ ဆံုျဖစ္ခဲ႕ႀကတာပါ

 
94048
 
အေျခအေနတစ္ခုေႀကာင့္ …မတုိက္ဆုိင္လုိ႕ လမ္းခြဲသြားႀကရင္ဝမ္းနည္းစရာ မလုိသလုိျပန္ျပီးလည္း မေမ်ွာ္လင့္ပါနဲ႕
ေရစက္ရွိလုိ႔ ဆုံခဲ့ႀကျပီးကံကုန္ရင္ လမ္းခြဲႀကရမယ္ …
ကံမကုန္ေသးရင္ ျပန္ဆုံေတြ႕ျဖစ္ႀကမယ္~~~
ဘဝရဲ႕လွည့္ကြက္ေတြေအာက္မွာတစ္ေယာက္နဲ႔ တစ္ေယာက္မေမွ်ာ္လင့္ဘဲ ေတြ႕ဆုံခဲ႕ႀကျပီး ေမ်ွာ္လင့္မထားတဲ႔ ကံႀကမၼာမုန္တိုင္းဖန္တီးလာျပီဆိုရင္ ထင္မွတ္မထားတဲ႔ အေျခအေနေတြေႀကာင့္လည္းတစ္ေယာက္နဲ႔ တစ္ေယာက္ေဝးကြာသြားႀကရတာပါပဲ
တစ္ကယ္တမ္းႀကေတာ့ ေရစက္ရွိလုိ႕ ဆုံတာထက္ တစ္ေယာက္ကုိ တစ္ေယာက္ဝဋ္ေႀကြးဆပ္ဖို႕ ဆံုျဖစ္ခဲ႕ႀကတာပါ
အနားမွာ ထြက္ခြါသြားသူကုိေက်းဇူးတင္လုိက္ပါ … သူေႀကာင့္ ဝဋ္ဒုကၡမွ လြတ္ကင္းသြားလုိ႔ပါ
ဘဝဆုိတာ …?
ကိုယ္က ခ်စ္ေနျပန္ေတာ့လည္းတစ္ဖက္သားက မုန္းေနျပန္တတ္တယ္
ကုိယ္က မုန္းေနျပန္ေတာ့လည္းတစ္ဖက္သားက ခ်စ္ေနျပန္တတ္တယ္
ခ်စ္ျခင္းမုန္းျခင္းေတြေအာက္မွာသိပ္ျပီးေတာ့လည္း လုိက္ခံစားမေနပါနဲ႕ ေတြ႕ႀကဆုံႀက ခဏေလးပါ
ေနရတဲ႕အခ်ိန္ေလးမွာကုိယ့္ေႀကာင့္လည္း သူတစ္ပါး စိတ္မဆင္းရဲေစနဲ႕
သူတစ္ပါေႀကာင့္လည္းကုိယ့္ကုိယ္ကုိ စိတ္ညစ္မခံပါနဲ႕
ကုိယ့္ကုိယ္ကုိ ေအးခ်မ္းစြာေနရင္းဘဝလမ္းခရီးကုိ အေကာင္းျမင္တတ္တဲ့ မ်က္လံုး စာနာတတ္တဲ႕ ႏွလုံးသားကူညီတတ္တဲ႕ လက္တစ္စုံနဲ႕ေလ်ွာက္လွမ္းႀကပါ
အရွင္ဆႏၵာဓိက (ေရႊပါရမီေတာရ)
Unicode
အခြေအနေတစ်ခုကြောင့် …မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင်ဝမ်းနည်းစရာ မလိုသလိုပြန်ပြီးလည်း မမျှော်လင့်ပါနဲ့
ရေစက်ရှိလို့ ဆုံခဲ့ကြပြီးကံကုန်ရင် လမ်းခွဲကြရမယ် …
ကံမကုန်သေးရင် ပြန်ဆုံတွေ့ဖြစ်ကြမယ်~~~
ဘဝရဲ့လှည့်ကွက်တွေအောက်မှာတစ်ယောက်နဲ့ တစ်ယောက်မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး မျှော်လင့်မထားတဲ့ ကံကြမ္မာမုန်တိုင်းဖန်တီးလာပြီဆိုရင် ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့်လည်းတစ်ယောက်နဲ့ တစ်ယောက်ဝေးကွာသွားကြရတာပါပဲ
တစ်ကယ်တမ်းကြတော့ ရေစက်ရှိလို့ ဆုံတာထက် တစ်ယောက်ကို တစ်ယောက်ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ
အနားမှာ ထွက်ခွါသွားသူကိုကျေးဇူးတင်လိုက်ပါ … သူကြောင့် ဝဋ်ဒုက္ခမှ လွတ်ကင်းသွားလို့ပါ
ဘဝဆိုတာ …?
ကိုယ်က ချစ်နေပြန်တော့လည်းတစ်ဖက်သားက မုန်းနေပြန်တတ်တယ်
ကိုယ်က မုန်းနေပြန်တော့လည်းတစ်ဖက်သားက ချစ်နေပြန်တတ်တယ်
ချစ်ခြင်းမုန်းခြင်းတွေအောက်မှာသိပ်ပြီးတော့လည်း လိုက်ခံစားမနေပါနဲ့ တွေ့ကြဆုံကြ ခဏလေးပါ
နေရတဲ့အချိန်လေးမှာကိုယ့်ကြောင့်လည်း သူတစ်ပါး စိတ်မဆင်းရဲစေနဲ့
သူတစ်ပါကြောင့်လည်းကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့
ကိုယ့်ကိုယ်ကို အေးချမ်းစွာနေရင်းဘဝလမ်းခရီးကို အကောင်းမြင်တတ်တဲ့ မျက်လုံး စာနာတတ်တဲ့ နှလုံးသားကူညီတတ်တဲ့ လက်တစ်စုံနဲ့လျှောက်လှမ်းကြပါ
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

ျမန္မာလူမ်ိဳးေတြ ေစတနာေကာင္းတယ္။ ဒါေပမယ့္ ဘာလို႔ အမ်ားစု ဆင္းရဲေနၾကတာလဲ


ျမန္မာလူမ်ိဳးေတြ ေစတနာေကာင္းတယ္။ ဒါေပမယ့္ ဘာလို႔ အမ်ားစု ဆင္းရဲေနၾကတာလဲ


28
ျမန္မာလူမ်ိဳးေတြ ေစတနာေကာင္းတယ္။ ဒါေပမယ့္ ဘာလို႔ အမ်ားစု ဆင္းရဲေနၾကသလဲ???
ေကာင္းလုိက္တဲ့ ေမးခြန္း။ ဒါကုိ ပညာ႐ွင္္ တစ္ေယာက္က ဒီလို ေျဖသြားပါတယ္။
(၁) ျမန္မာအမ်ားစုက (TEAM WORK) အားနည္းတယ္။ မညီညြတ္ ဘူး။
(၂) ေဘးကေန ေသြးခဲြရ လြယ္တယ္။
(၃) မနာလိုစိတ္ မ်ားတယ္။
(၄) အခ်င္းခ်င္း ထဲ ကုိယ့္ထက္္ သာသြားမွာ မလုိလားဘူး။ သာရင္္ လည္း မနာလိုဘူး။
(၅) သူမ်ားကုိ ခ်ီးက်ဴးရင္ မႀကိဳက္ဘူး။ ကုိယ့္တစ္ေယာက္တည္းကုိပဲ ခ်ီးက်ဴး ေစခ်င္္တယ္။
(၆) မုဒိတာ မပြါးႏိုင္္ဘူး။
(၇) ႀကိဳးစားရမယ့္ ေနရာေတြမွာ တက္တက္ၾကြၾကြ မရွိဘူး။
(၈) သူမ်ားမလုပ္္ရင္ မလုပ္ခ်င္္ဘူး။
(၉) အေခ်ာင္္ခို ခ်င္္တယ္။
(၁၀) ပိုက္ဆံရရင္ အျဖဳန္းမ်ားတယ္။ ဘာဝယ္္ရင္ ေကာင္းမလဲ စဥ္းစားတယ္။
(၁၁) ကုိယ္နဲ႔ အသံုးတည့္တည့္ မတည့္တည့္ သူမ်ား ဝယ္္ရင္ လိုက္ဝယ္ ခ်င္္တယ္။
(၁၂) စီးပြားေရးလုပ္္ရမွာ ေၾကာက္တယ္။
(၁၃) ေရရွည္ အက်ိဳးစီးပြါးကုိ မေမွ်ာ္ကိုးတတ္ဘူး။
(၁၄) ပံုမွန္ေသခ်ာရတဲ့ ေငြကို ပိုမက္တယ္။ ဝန္ထမ္း ပုိလုပ္ခ်င္္တယ္။
(၁၅) အေတြးအေခၚပုိင္းမွာ တီထြင္ ႀကံဆမႈ နည္းတယ္။
(၁၆) မိရိုးဖလာ အေတြးအေခၚကို မပယ္ႏိုင္္ဘူး။
(၁၇) အမ်ား လုပ္တာပဲ ေစာင့္ၿပီး တစ္ႏိုင္္ငံလံုး ဝိုင္းလုပ္ တတ္တယ္။ ဒါေၾကာင့္ ေရရွည္မခံဘူး။
(၁၈) ေျပာင္းလဲေနတဲ့ ေခတ္ကုိ လုိက္ႏိုင္္ဖို႔ လုိအပ္တဲ့ ပညာေရးမွာ အားနည္းတယ္။
(၁၉) ဗဟုသုတ ေလ့လာဖို႔ အားနည္းတယ္။ စိတ္မ၀င္္စားဘူး။
(၂၀) ေဝဖန္တာကို အားသန္ၿပီး လက္ေတြ႕က်က် ေဆာင္္ရြက္မႈ အားနည္းတယ္။
(၂၁) အႀကံျပဳတာ ေကာင္းၿပီး တကယ့္ စီမံခန္႔ခြဲဖို႔က် ညံ့တယ္။
(၂၂) ပုတ္ခတ္တာကုိ မတရား ႀကိဳက္တယ္။
(၂၃) ကုိယ္က်ရံႈးတိုင္း သူမ်ားလည္း က်ရံႈးရမယ္ဆိုတဲ့ အျမင္္ ရွိတယ္။
(၂၄) ရံႈးၿပီး ျပန္ထဖို႔ ပ်င္းတယ္။
(၂၅)မေအာင္ျမင္္ ရင္ ကံကို ပံုခ်တယ္။
(၂၆) ကုိယ္ႀကံဳဖူးတဲ့ အေတြ႕အႀကံဳ တစ္ခုတည္းနဲ႔ အရာ ေတာ္ေတာ္ မ်ားမ်ား ကို တစ္ဖက္သတ္ သံုးသပ္တယ္။
(၂၇) ကုိယ္နဲ႔ အျမင္္မတူရင္ အားမေပးဘဲ မတရား ရံႈ႕ခ်တယ္။
(၂၈) ဘုရား ရွိခိုး တိုင္း ခ်မ္းသာရပါလုိ၏ ဆုေတာင္းၿပီး အခြင့္အလမ္း လာရင္ အခြင့္အလမ္း မွန္းသိေအာင္ မေလ့လာဘဲ ေက်ာ္သြားတယ္။
(၂၉) ၿပီးေတာ့ ပံုမွန္ ဘဝ ထဲမွာ ခပ္ေပ်ာ္ေပ်ာ္ ေနတယ္။
(၃၀) ကိုယ့္အေၾကာင္း ထက္ သူမ်ားအေၾကာင္းကို ပုိၿပီး စိတ္၀င္္စားတယ္။
(၃၁) ေလကန္ၿပီး အခ်ိန္ျဖဳန္းတာ မ်ားတယ္။
(၃၂) ပုိဆိုးတာက ပုိက္ဆံေတာ့ ရွိပါရဲ႕။ တုိုးပြါးေအာင္ လုပ္ ဖို႔ စိတ္ကူး နည္းတယ္။
(၃၃) ပုိက္ဆံကုိ က်စ္က်စ္ ပါေအာင္ ဆုပ္ထားတယ္။ အက်ိဳး ရွိေအာင္ မရင္းႏွီးတတ္ဘူး။
(၃၄) ဘ၀မွာ ပိုက္ဆံတစ္ခုပဲ ရွိေအာင္ လုပ္ တယ္။
(၃၅) ေအာင္ျမင္ ေက်ာ္ၾကားဖို႔၊ အမ်ားအတြက္ ေဆာင္္ရြက္ဖို႔ စိတ္ မဝင္္စားဘူး။
(၃၆) ကုိယ္သိတာကို သိသလုိ အသံုးမခ်တတ္ဘူး။
(၃၇) ပညာရွင္ ေတြကလည္း ကိုယ့္ပညာကို မွ်ေ၀မေပးခ်င္္ဘူး။ လူေတာ္ေတြ ေပၚထြက္ လာေအာင္ မေမြးျမဴခ်င္္ဘူး။
“အဲဒါေတြက ဆင္းရဲေစတာပါပဲ” ကဲ မွန္ေနသလားလို႔…….။
ခရက္ဒစ္ ​ေလာကကို အလွဆင္​သူ
Unicode
မြန်မာလူမျိုးတွေ စေတနာကောင်းတယ်။ ဒါပေမယ့် ဘာလို့ အများစု ဆင်းရဲနေကြသလဲ???
ကောင်းလိုက်တဲ့ မေးခွန်း။ ဒါကို ပညာရှင် တစ်ယောက်က ဒီလို ဖြေသွားပါတယ်။
(၁) မြန်မာအများစုက (TEAM WORK) အားနည်းတယ်။ မညီညွတ် ဘူး။
(၂) ဘေးကနေ သွေးခွဲရ လွယ်တယ်။
(၃) မနာလိုစိတ် များတယ်။
(၄) အချင်းချင်း ထဲ ကိုယ့်ထက် သာသွားမှာ မလိုလားဘူး။ သာရင် လည်း မနာလိုဘူး။
(၅) သူများကို ချီးကျူးရင် မကြိုက်ဘူး။ ကိုယ့်တစ်ယောက်တည်းကိုပဲ ချီးကျူး စေချင်တယ်။
(၆) မုဒိတာ မပွါးနိုင်ဘူး။
(၇) ကြိုးစားရမယ့် နေရာတွေမှာ တက်တက်ကြွကြွ မရှိဘူး။
(၈) သူများမလုပ်ရင် မလုပ်ချင်ဘူး။
(၉) အချောင်ခို ချင်တယ်။
(၁၀) ပိုက်ဆံရရင် အဖြုန်းများတယ်။ ဘာဝယ်ရင် ကောင်းမလဲ စဉ်းစားတယ်။
(၁၁) ကိုယ်နဲ့ အသုံးတည့်တည့် မတည့်တည့် သူများ ဝယ်ရင် လိုက်ဝယ် ချင်တယ်။
(၁၂) စီးပွားရေးလုပ်ရမှာ ကြောက်တယ်။
(၁၃) ရေရှည် အကျိုးစီးပွါးကို မမျှော်ကိုးတတ်ဘူး။
(၁၄) ပုံမှန်သေချာရတဲ့ ငွေကို ပိုမက်တယ်။ ဝန်ထမ်း ပိုလုပ်ချင်တယ်။
(၁၅) အတွေးအခေါ်ပိုင်းမှာ တီထွင် ကြံဆမှု နည်းတယ်။
(၁၆) မိရိုးဖလာ အတွေးအခေါ်ကို မပယ်နိုင်ဘူး။
(၁၇) အများ လုပ်တာပဲ စောင့်ပြီး တစ်နိုင်ငံလုံး ဝိုင်းလုပ် တတ်တယ်။ ဒါကြောင့် ရေရှည်မခံဘူး။
(၁၈) ပြောင်းလဲနေတဲ့ ခေတ်ကို လိုက်နိုင်ဖို့ လိုအပ်တဲ့ ပညာရေးမှာ အားနည်းတယ်။
(၁၉) ဗဟုသုတ လေ့လာဖို့ အားနည်းတယ်။ စိတ်မဝင်စားဘူး။
(၂၀) ဝေဖန်တာကို အားသန်ပြီး လက်တွေ့ကျကျ ဆောင်ရွက်မှု အားနည်းတယ်။
(၂၁) အကြံပြုတာ ကောင်းပြီး တကယ့် စီမံခန့်ခွဲဖို့ကျ ညံ့တယ်။
(၂၂) ပုတ်ခတ်တာကို မတရား ကြိုက်တယ်။
(၂၃) ကိုယ်ကျရှုံးတိုင်း သူများလည်း ကျရှုံးရမယ်ဆိုတဲ့ အမြင် ရှိတယ်။
(၂၄) ရှုံးပြီး ပြန်ထဖို့ ပျင်းတယ်။
(၂၅)မအောင်မြင် ရင် ကံကို ပုံချတယ်။
(၂၆) ကိုယ်ကြုံဖူးတဲ့ အတွေ့အကြုံ တစ်ခုတည်းနဲ့ အရာ တော်တော် များများ ကို တစ်ဖက်သတ် သုံးသပ်တယ်။
(၂၇) ကိုယ်နဲ့ အမြင်မတူရင် အားမပေးဘဲ မတရား ရှုံ့ချတယ်။
(၂၈) ဘုရား ရှိခိုး တိုင်း ချမ်းသာရပါလို၏ ဆုတောင်းပြီး အခွင့်အလမ်း လာရင် အခွင့်အလမ်း မှန်းသိအောင် မလေ့လာဘဲ ကျော်သွားတယ်။
(၂၉) ပြီးတော့ ပုံမှန် ဘဝ ထဲမှာ ခပ်ပျော်ပျော် နေတယ်။
(၃၀) ကိုယ့်အကြောင်း ထက် သူများအကြောင်းကို ပိုပြီး စိတ်ဝင်စားတယ်။
(၃၁) လေကန်ပြီး အချိန်ဖြုန်းတာ များတယ်။
(၃၂) ပိုဆိုးတာက ပိုက်ဆံတော့ ရှိပါရဲ့။ တိုးပွါးအောင် လုပ် ဖို့ စိတ်ကူး နည်းတယ်။
(၃၃) ပိုက်ဆံကို ကျစ်ကျစ် ပါအောင် ဆုပ်ထားတယ်။ အကျိုး ရှိအောင် မရင်းနှီးတတ်ဘူး။
(၃၄) ဘဝမှာ ပိုက်ဆံတစ်ခုပဲ ရှိအောင် လုပ် တယ်။
(၃၅) အောင်မြင် ကျော်ကြားဖို့၊ အများအတွက် ဆောင်ရွက်ဖို့ စိတ် မဝင်စားဘူး။
(၃၆) ကိုယ်သိတာကို သိသလို အသုံးမချတတ်ဘူး။
(၃၇) ပညာရှင် တွေကလည်း ကိုယ့်ပညာကို မျှဝေမပေးချင်ဘူး။ လူတော်တွေ ပေါ်ထွက် လာအောင် မမွေးမြူချင်ဘူး။
“အဲဒါတွေက ဆင်းရဲစေတာပါပဲ” ကဲ မှန်နေသလားလို့…….။
ခရက်ဒစ် လောကကို အလှဆင်သူ

အထင္ေသးတဲ့နိုင္ငံႀကီးေတြ အံ့ၾသကုန္ၾကၿပီ …ကံေကာင္းလြန္းတဲ့ ျမန္မာနိုင္ငံ

အထင္ေသးတဲ့နိုင္ငံႀကီးေတြ အံ့ၾသကုန္ၾကၿပီ …ကံေကာင္းလြန္းတဲ့ ျမန္မာနိုင္ငံ

 
7171
1 20
ျမန္မာႏိုင္ငံ ကံေကာင္းလြန္းတယ္
ကမၻာ့ေျမပံုမွာ အိမ္ေျမႇာင္သ႑ာန္ ေသးငယ္ငယ္ႏိုင္ငံေလးတစ္ခု..
ေဆးဝါးမျပည့္စံုေဆးရံုမလံုေလာက္သူနာျပဳေလ်ာ့ရဲရဲဆရာဝန္႐ွားပါးေငြေၾကးက ဗလာေခတ္မွီနည္းစနစ္ကမ႐ွိ..
ဒါေတြကိုၾကည့္ၿပီး ကမၻာ့မ်က္ႏွာႀကီးႏိုင္ငံေတြက အထင္ေသးၾကတယ္ သနားၾကတယ္ စိုးရိမ္ၾကတယ္ ရင္တမမျဖစ္ေနၾကတယ္။
ေခတ္မီွလြန္းတဲ့ သူတို႔ႏိုင္ငံႀကီးေတြေတာင္မွ ကုမရ မႏိုင္မနင္းျဖစ္ ေသေၾကၾက လိုက္ပိုက္ၾကည့္ေနၾကရ
ဒီႏိုင္ငံေလးေတာ့သနားစရာေပါ့..
ေစာင့္ၾကည့္ေတြနဲ႔ လမ္းေဘးမွာလူျပည့္က်ပ္ၿပီးသုႆာန္ႀကီးသဖြယ္ျဖစ္လိမ့္မယ္ေပါ့..
သူတို႔ႏိုင္ငံ သက္ဆိုင္ရာသံရံုးေတြကလဲ အေရးတႀကီးေၾကျငာခ်က္ေတြကို သူ႔ထက္ငါ ထုပ္ျပန္ၾကေလရဲ႕..
ျမန္မာႏိုင္ငံက ျမန္ျမန္ထြက္ခြာသြားၾက အႏၱရာယ္႐ွိတယ္ တဲ့။
ခု..အထင္ေသးတဲ့ႏိုင္ငံႀကီးေတြ အံ့ျသကုန္ၾကၿပီအားက်ကုန္ၾကၿပီေလးစားကုန္ၾကၿပီ
သူတို႔ထင္သလို လမ္းေဘးမွာအတုန္းအ႐ုန္းလဲေနသူေတြမ႐ွိၾကဘူး
သူတို႔ထင္သလို တစ္ပတ္အတြင္းထိမ္းမႏိုင္သိမ္းမႏိုင္ျဖစ္ၿပီး အမ်ားအျပား ေသတဲ့အေလာင္းေတြမ႐ွိဘူး
သူတို႔ထင္သလို ရိကၡာလုယက္မႈေတြတစ္ခုမွျဖစ္မလာဘူး..
အံ့ျသကုန္ၾကတယ္ေတြေဝကုန္ၾကတယ္စူးစမ္းကုန္ၾကတယ္အထင္ႀကီးကုန္ၾကတယ္
ဘာ့ေၾကာင့္မ်ားလဲ ဘာလို႔လဲေပါ့..
သူတို႔မသိတဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြ ျမန္မာျပည္မွာအမ်ားႀကီး႐ွိတယ္
သူတို႔ထင္မထားတဲ့ေပးဆပ္မႈေတြ ျမန္မာျပည္မွာအမ်ားႀကီး႐ွိတယ္
သူတို႔မလုပ္ႏိုင္တဲ့အလုပ္​ေတြကို ျမန္မာျပည္မွာလုပ္ႏိုင္တဲ့သူေတြ အမ်ားႀကီး႐ွိတယ္
ေဆးရံုမလံုေလာက္ဘူးထင္ၾကတယ္
ဗုဒၶဘာသာဘုန္းေတာ္ႀကီးေတြက သူတို႔ရဲ႕ေနရာေတြကို ေဆးရံုအျဖစ္ေျပာင္းလဲျပစ္လိုက္ၾကတယ္
ဒိထက္အံ့ျသစရာေကာင္းတာက..ေစာင့္ၾကည့္ခံသူေတြကို အစိုးရအထံမွ ဘာစရိတ္အေထာက္အပံ့မွမယူပဲႏွစ္ပတ္ေလာက္ ျပည့္ျပည့္စံုစံု တင္ေကြၽးပလိုက္တယ္
ၿမိဳ႕ႀကီးေတြဟာ သုႆာန္တစ္စလိုျဖစ္မယ္ထင္ၾကတယ္..
တစ္ႏိုင္ငံလံုးေျမျပင္သာမက ေဝဟင္ထက္ကပါျမတ္ဗုဒၶ၏ အစြမ္းထက္ပရိတ္ေတြကိုရြတ္ဖတ္ၿပီး သံဃာေတာ္အ႐ွင္ျမတ္ေတြက တားဆီးေပးခဲ့တယ္
သူနာျပဳမလံုေလာက္ဘူးထင္ၾကတယ္
ျပည္သူတစ္ရပ္လံုးက ေစတနာ့ဝန္ထမ္းေတြအျဖစ္ေျပာင္းလဲကုန္ၾကတယ္ ၾကက္ေျခနီ မီးသတ္ စည္ပင္စံုလို႔..
အစားအစာရိကၡာမလံုေလာက္ဘူးထင္ၾကတယ္
ပရဟိတအဖြဲ႔အစည္းအသီးသီးေတြ အလွ်ိဳလွ်ိဳေပၚလာတယ္ ေနရာအစံုက..
ေငြေရးေၾကးေရးအခက္အခဲျဖစ္မယ္ထင္ၾကတယ္ငယ္လတ္ႀကီး အရြယ္သံုးပါး လႉလိုက္တာမွပလူပ်ံလို႔.
ဒီကပ္ေရာဂါႀကီးေၾကာင့္ မႏိုင္မနင္းျဖစ္မယ္ထင္ၾကတယ္
အစိုးရ တပ္မေတာ္ ရဟန္း႐ွင္လူ ျပည္သူအားလံုးေတာေရာၿမိဳ႕ပါ ညီညီၫြတ္ၫြတ္နဲ႔ တြန္းလွန္ျပခဲ့တယ္
သူတို႔ေတြမ်က္လံုးျပဴးကုန္ၾကၿပီ
ေလးစားကုန္ၾကၿပီ
အားၾကကုန္ၾကၿပီ
သူတို္မျမင္ႏိုင္တဲ့လက္နက္ေတြ စြမ္းအားေတြ ေစတနာေတြ..ဒို႔ႏိုင္ငံမွာ အမ်ားႀကီး႐ွိတယ္…ျမန္မာျပည္မွာ အမ်ားႀကီး႐ွိတယ္
ဒါ့ေၾကာင့္ ျမန္မာႏိုင္ငံ ကံေကာင္းလြန္းေနတယ္
ရတနာသံုးပါး႐ွိေနတာ ကံေကာင္းလြန္းတယ္
ပရဟိတမ်ိဳးစံု႐ွိေနတာ ကံေကာင္းလြန္းတယ္
ညီညီၫြတ္ၫြတ္႐ွိေနတာ ကံေကာင္းလြန္းတယ္
ဒီေကာင္းကံေတြကို ကပ္ေရာဂါႀကီးေပ်ာက္သည္အထိႏိုင္ငံတိုးတက္သည္အထိ တည္႐ွိၾကပါေစဟုဆႏၵျပဳလိုက္ပါတယ္..႐ွိလဲ႐ွိေနမွာပါပဲ……။
ဓမၼရံသီအ႐ွင္ကဝိႏၵ(မိုးကုတ္) 4.4.2020
Unicode
မြန်မာနိုင်ငံ ကံကောင်းလွန်းတယ်
ကမ္ဘာ့မြေပုံမှာ အိမ်မြှောင်သဏ္ဍာန် သေးငယ်ငယ်နိုင်ငံလေးတစ်ခု..
ဆေးဝါးမပြည့်စုံဆေးရုံမလုံလောက်သူနာပြုလျော့ရဲရဲဆရာဝန်ရှားပါးငွေကြေးက ဗလာခေတ်မှီနည်းစနစ်ကမရှိ..
ဒါတွေကိုကြည့်ပြီး ကမ္ဘာ့မျက်နှာကြီးနိုင်ငံတွေက အထင်သေးကြတယ် သနားကြတယ် စိုးရိမ်ကြတယ် ရင်တမမဖြစ်နေကြတယ်။
ခေတ်မှီလွန်းတဲ့ သူတို့နိုင်ငံကြီးတွေတောင်မှ ကုမရ မနိုင်မနင်းဖြစ် သေကြေကြ လိုက်ပိုက်ကြည့်နေကြရ
ဒီနိုင်ငံလေးတော့သနားစရာပေါ့..
စောင့်ကြည့်တွေနဲ့ လမ်းဘေးမှာလူပြည့်ကျပ်ပြီးသုဿာန်ကြီးသဖွယ်ဖြစ်လိမ့်မယ်ပေါ့..
သူတို့နိုင်ငံ သက်ဆိုင်ရာသံရုံးတွေကလဲ အရေးတကြီးကြေငြာချက်တွေကို သူ့ထက်ငါ ထုပ်ပြန်ကြလေရဲ့..
မြန်မာနိုင်ငံက မြန်မြန်ထွက်ခွာသွားကြ အန္တရာယ်ရှိတယ် တဲ့။
ခု..အထင်သေးတဲ့နိုင်ငံကြီးတွေ အံ့သြကုန်ကြပြီအားကျကုန်ကြပြီလေးစားကုန်ကြပြီ
သူတို့ထင်သလို လမ်းဘေးမှာအတုန်းအရုန်းလဲနေသူတွေမရှိကြဘူး
သူတို့ထင်သလို တစ်ပတ်အတွင်းထိမ်းမနိုင်သိမ်းမနိုင်ဖြစ်ပြီး အများအပြား သေတဲ့အလောင်းတွေမရှိဘူး
သူတို့ထင်သလို ရိက္ခာလုယက်မှုတွေတစ်ခုမှဖြစ်မလာဘူး..
အံ့သြကုန်ကြတယ်တွေဝေကုန်ကြတယ်စူးစမ်းကုန်ကြတယ်အထင်ကြီးကုန်ကြတယ်
ဘာ့ကြောင့်များလဲ ဘာလို့လဲပေါ့..
သူတို့မသိတဲ့ လျှို့ဝှက်ချက်တွေ မြန်မာပြည်မှာအများကြီးရှိတယ်
သူတို့ထင်မထားတဲ့ပေးဆပ်မှုတွေ မြန်မာပြည်မှာအများကြီးရှိတယ်
သူတို့မလုပ်နိုင်တဲ့အလုပ်​တွေကို မြန်မာပြည်မှာလုပ်နိုင်တဲ့သူတွေ အများကြီးရှိတယ်
ဆေးရုံမလုံလောက်ဘူးထင်ကြတယ်
ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက သူတို့ရဲ့နေရာတွေကို ဆေးရုံအဖြစ်ပြောင်းလဲပြစ်လိုက်ကြတယ်
ဒိထက်အံ့သြစရာကောင်းတာက..စောင့်ကြည့်ခံသူတွေကို အစိုးရအထံမှ ဘာစရိတ်အထောက်အပံ့မှမယူပဲနှစ်ပတ်လောက် ပြည့်ပြည့်စုံစုံ တင်ကျွေးပလိုက်တယ်
မြို့ကြီးတွေဟာ သုဿာန်တစ်စလိုဖြစ်မယ်ထင်ကြတယ်..
တစ်နိုင်ငံလုံးမြေပြင်သာမက ဝေဟင်ထက်ကပါမြတ်ဗုဒ္ဓ၏ အစွမ်းထက်ပရိတ်တွေကိုရွတ်ဖတ်ပြီး သံဃာတော်အရှင်မြတ်တွေက တားဆီးပေးခဲ့တယ်
သူနာပြုမလုံလောက်ဘူးထင်ကြတယ်
ပြည်သူတစ်ရပ်လုံးက စေတနာ့ဝန်ထမ်းတွေအဖြစ်ပြောင်းလဲကုန်ကြတယ် ကြက်ခြေနီ မီးသတ် စည်ပင်စုံလို့..
အစားအစာရိက္ခာမလုံလောက်ဘူးထင်ကြတယ်
ပရဟိတအဖွဲ့အစည်းအသီးသီးတွေ အလျှိုလျှိုပေါ်လာတယ် နေရာအစုံက..
ငွေရေးကြေးရေးအခက်အခဲဖြစ်မယ်ထင်ကြတယ်ငယ်လတ်ကြီး အရွယ်သုံးပါး လှူလိုက်တာမှပလူပျံလို့.
ဒီကပ်ရောဂါကြီးကြောင့် မနိုင်မနင်းဖြစ်မယ်ထင်ကြတယ်
အစိုးရ တပ်မတော် ရဟန်းရှင်လူ ပြည်သူအားလုံးတောရောမြို့ပါ ညီညီညွတ်ညွတ်နဲ့ တွန်းလှန်ပြခဲ့တယ်
သူတို့တွေမျက်လုံးပြူးကုန်ကြပြီ
လေးစားကုန်ကြပြီ
အားကြကုန်ကြပြီ
သူတို်မမြင်နိုင်တဲ့လက်နက်တွေ စွမ်းအားတွေ စေတနာတွေ..ဒို့နိုင်ငံမှာ အများကြီးရှိတယ်…မြန်မာပြည်မှာ အများကြီးရှိတယ်
ဒါ့ကြောင့် မြန်မာနိုင်ငံ ကံကောင်းလွန်းနေတယ်
ရတနာသုံးပါးရှိနေတာ ကံကောင်းလွန်းတယ်
ပရဟိတမျိုးစုံရှိနေတာ ကံကောင်းလွန်းတယ်
ညီညီညွတ်ညွတ်ရှိနေတာ ကံကောင်းလွန်းတယ်
ဒီကောင်းကံတွေကို ကပ်ရောဂါကြီးပျောက်သည်အထိနိုင်ငံတိုးတက်သည်အထိ တည်ရှိကြပါစေဟုဆန္ဒပြုလိုက်ပါတယ်..ရှိလဲရှိနေမှာပါပဲ……။
ဓမ္မရံသီအရှင်ကဝိန္ဒ(မိုးကုတ်) 4.4.2020