အထင္ေသးတဲ့နိုင္ငံႀကီးေတြ အံ့ၾသကုန္ၾကၿပီ …ကံေကာင္းလြန္းတဲ့ ျမန္မာနိုင္ငံ
ျမန္မာႏိုင္ငံ ကံေကာင္းလြန္းတယ္
ကမၻာ့ေျမပံုမွာ အိမ္ေျမႇာင္သ႑ာန္ ေသးငယ္ငယ္ႏိုင္ငံေလးတစ္ခု..
ေဆးဝါးမျပည့္စံုေဆးရံုမလံုေလာက္သူနာျပဳေလ်ာ့ရဲရဲဆရာဝန္႐ွားပါးေငြေၾကးက ဗလာေခတ္မွီနည္းစနစ္ကမ႐ွိ..
ဒါေတြကိုၾကည့္ၿပီး ကမၻာ့မ်က္ႏွာႀကီးႏိုင္ငံေတြက အထင္ေသးၾကတယ္ သနားၾကတယ္ စိုးရိမ္ၾကတယ္ ရင္တမမျဖစ္ေနၾကတယ္။
ေခတ္မီွလြန္းတဲ့ သူတို႔ႏိုင္ငံႀကီးေတြေတာင္မွ ကုမရ မႏိုင္မနင္းျဖစ္ ေသေၾကၾက လိုက္ပိုက္ၾကည့္ေနၾကရ
ဒီႏိုင္ငံေလးေတာ့သနားစရာေပါ့..
ေစာင့္ၾကည့္ေတြနဲ႔ လမ္းေဘးမွာလူျပည့္က်ပ္ၿပီးသုႆာန္ႀကီးသဖြယ္ျဖစ္လိမ့္မယ္ေပါ့..
သူတို႔ႏိုင္ငံ သက္ဆိုင္ရာသံရံုးေတြကလဲ အေရးတႀကီးေၾကျငာခ်က္ေတြကို သူ႔ထက္ငါ ထုပ္ျပန္ၾကေလရဲ႕..
ျမန္မာႏိုင္ငံက ျမန္ျမန္ထြက္ခြာသြားၾက အႏၱရာယ္႐ွိတယ္ တဲ့။
ခု..အထင္ေသးတဲ့ႏိုင္ငံႀကီးေတြ အံ့ျသကုန္ၾကၿပီအားက်ကုန္ၾကၿပီေလးစားကုန္ၾကၿပီ
သူတို႔ထင္သလို လမ္းေဘးမွာအတုန္းအ႐ုန္းလဲေနသူေတြမ႐ွိၾကဘူး
သူတို႔ထင္သလို တစ္ပတ္အတြင္းထိမ္းမႏိုင္သိမ္းမႏိုင္ျဖစ္ၿပီး အမ်ားအျပား ေသတဲ့အေလာင္းေတြမ႐ွိဘူး
သူတို႔ထင္သလို ရိကၡာလုယက္မႈေတြတစ္ခုမွျဖစ္မလာဘူး..
အံ့ျသကုန္ၾကတယ္ေတြေဝကုန္ၾကတယ္စူးစမ္းကုန္ၾကတယ္အထင္ႀကီးကုန္ၾကတယ္
ဘာ့ေၾကာင့္မ်ားလဲ ဘာလို႔လဲေပါ့..
သူတို႔မသိတဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြ ျမန္မာျပည္မွာအမ်ားႀကီး႐ွိတယ္
သူတို႔ထင္မထားတဲ့ေပးဆပ္မႈေတြ ျမန္မာျပည္မွာအမ်ားႀကီး႐ွိတယ္
သူတို႔မလုပ္ႏိုင္တဲ့အလုပ္ေတြကို ျမန္မာျပည္မွာလုပ္ႏိုင္တဲ့သူေတြ အမ်ားႀကီး႐ွိတယ္
ေဆးရံုမလံုေလာက္ဘူးထင္ၾကတယ္
ဗုဒၶဘာသာဘုန္းေတာ္ႀကီးေတြက သူတို႔ရဲ႕ေနရာေတြကို ေဆးရံုအျဖစ္ေျပာင္းလဲျပစ္လိုက္ၾကတယ္
ဒိထက္အံ့ျသစရာေကာင္းတာက..ေစာင့္ၾကည့္ခံသူေတြကို အစိုးရအထံမွ ဘာစရိတ္အေထာက္အပံ့မွမယူပဲႏွစ္ပတ္ေလာက္ ျပည့္ျပည့္စံုစံု တင္ေကြၽးပလိုက္တယ္
ၿမိဳ႕ႀကီးေတြဟာ သုႆာန္တစ္စလိုျဖစ္မယ္ထင္ၾကတယ္..
တစ္ႏိုင္ငံလံုးေျမျပင္သာမက ေဝဟင္ထက္ကပါျမတ္ဗုဒၶ၏ အစြမ္းထက္ပရိတ္ေတြကိုရြတ္ဖတ္ၿပီး သံဃာေတာ္အ႐ွင္ျမတ္ေတြက တားဆီးေပးခဲ့တယ္
သူနာျပဳမလံုေလာက္ဘူးထင္ၾကတယ္
ျပည္သူတစ္ရပ္လံုးက ေစတနာ့ဝန္ထမ္းေတြအျဖစ္ေျပာင္းလဲကုန္ၾကတယ္ ၾကက္ေျခနီ မီးသတ္ စည္ပင္စံုလို႔..
အစားအစာရိကၡာမလံုေလာက္ဘူးထင္ၾကတယ္
ပရဟိတအဖြဲ႔အစည္းအသီးသီးေတြ အလွ်ိဳလွ်ိဳေပၚလာတယ္ ေနရာအစံုက..
ေငြေရးေၾကးေရးအခက္အခဲျဖစ္မယ္ထင္ၾကတယ္ငယ္လတ္ႀကီး အရြယ္သံုးပါး လႉလိုက္တာမွပလူပ်ံလို႔.
ဒီကပ္ေရာဂါႀကီးေၾကာင့္ မႏိုင္မနင္းျဖစ္မယ္ထင္ၾကတယ္
အစိုးရ တပ္မေတာ္ ရဟန္း႐ွင္လူ ျပည္သူအားလံုးေတာေရာၿမိဳ႕ပါ ညီညီၫြတ္ၫြတ္နဲ႔ တြန္းလွန္ျပခဲ့တယ္
သူတို႔ေတြမ်က္လံုးျပဴးကုန္ၾကၿပီ
ေလးစားကုန္ၾကၿပီ
အားၾကကုန္ၾကၿပီ
သူတို္မျမင္ႏိုင္တဲ့လက္နက္ေတြ စြမ္းအားေတြ ေစတနာေတြ..ဒို႔ႏိုင္ငံမွာ အမ်ားႀကီး႐ွိတယ္…ျမန္မာျပည္မွာ အမ်ားႀကီး႐ွိတယ္
ဒါ့ေၾကာင့္ ျမန္မာႏိုင္ငံ ကံေကာင္းလြန္းေနတယ္
ရတနာသံုးပါး႐ွိေနတာ ကံေကာင္းလြန္းတယ္
ပရဟိတမ်ိဳးစံု႐ွိေနတာ ကံေကာင္းလြန္းတယ္
ညီညီၫြတ္ၫြတ္႐ွိေနတာ ကံေကာင္းလြန္းတယ္
ဒီေကာင္းကံေတြကို ကပ္ေရာဂါႀကီးေပ်ာက္သည္အထိႏိုင္ငံတိုးတက္သည္အထိ တည္႐ွိၾကပါေစဟုဆႏၵျပဳလိုက္ပါတယ္..႐ွိလဲ႐ွိေနမွာပါပဲ……။
ဓမၼရံသီအ႐ွင္ကဝိႏၵ(မိုးကုတ္) 4.4.2020
Unicode
မြန်မာနိုင်ငံ ကံကောင်းလွန်းတယ်
ကမ္ဘာ့မြေပုံမှာ အိမ်မြှောင်သဏ္ဍာန် သေးငယ်ငယ်နိုင်ငံလေးတစ်ခု..
ဆေးဝါးမပြည့်စုံဆေးရုံမလုံလောက်သူနာပြုလျော့ရဲရဲဆရာဝန်ရှားပါးငွေကြေးက ဗလာခေတ်မှီနည်းစနစ်ကမရှိ..
ဒါတွေကိုကြည့်ပြီး ကမ္ဘာ့မျက်နှာကြီးနိုင်ငံတွေက အထင်သေးကြတယ် သနားကြတယ် စိုးရိမ်ကြတယ် ရင်တမမဖြစ်နေကြတယ်။
ခေတ်မှီလွန်းတဲ့ သူတို့နိုင်ငံကြီးတွေတောင်မှ ကုမရ မနိုင်မနင်းဖြစ် သေကြေကြ လိုက်ပိုက်ကြည့်နေကြရ
ဒီနိုင်ငံလေးတော့သနားစရာပေါ့..
စောင့်ကြည့်တွေနဲ့ လမ်းဘေးမှာလူပြည့်ကျပ်ပြီးသုဿာန်ကြီးသဖွယ်ဖြစ်လိမ့်မယ်ပေါ့..
သူတို့နိုင်ငံ သက်ဆိုင်ရာသံရုံးတွေကလဲ အရေးတကြီးကြေငြာချက်တွေကို သူ့ထက်ငါ ထုပ်ပြန်ကြလေရဲ့..
မြန်မာနိုင်ငံက မြန်မြန်ထွက်ခွာသွားကြ အန္တရာယ်ရှိတယ် တဲ့။
ခု..အထင်သေးတဲ့နိုင်ငံကြီးတွေ အံ့သြကုန်ကြပြီအားကျကုန်ကြပြီလေးစားကုန်ကြပြီ
သူတို့ထင်သလို လမ်းဘေးမှာအတုန်းအရုန်းလဲနေသူတွေမရှိကြဘူး
သူတို့ထင်သလို တစ်ပတ်အတွင်းထိမ်းမနိုင်သိမ်းမနိုင်ဖြစ်ပြီး အများအပြား သေတဲ့အလောင်းတွေမရှိဘူး
သူတို့ထင်သလို ရိက္ခာလုယက်မှုတွေတစ်ခုမှဖြစ်မလာဘူး..
အံ့သြကုန်ကြတယ်တွေဝေကုန်ကြတယ်စူးစမ်းကုန်ကြတယ်အထင်ကြီးကုန်ကြတယ်
ဘာ့ကြောင့်များလဲ ဘာလို့လဲပေါ့..
သူတို့မသိတဲ့ လျှို့ဝှက်ချက်တွေ မြန်မာပြည်မှာအများကြီးရှိတယ်
သူတို့ထင်မထားတဲ့ပေးဆပ်မှုတွေ မြန်မာပြည်မှာအများကြီးရှိတယ်
သူတို့မလုပ်နိုင်တဲ့အလုပ်တွေကို မြန်မာပြည်မှာလုပ်နိုင်တဲ့သူတွေ အများကြီးရှိတယ်
ဆေးရုံမလုံလောက်ဘူးထင်ကြတယ်
ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက သူတို့ရဲ့နေရာတွေကို ဆေးရုံအဖြစ်ပြောင်းလဲပြစ်လိုက်ကြတယ်
ဒိထက်အံ့သြစရာကောင်းတာက..စောင့်ကြည့်ခံသူတွေကို အစိုးရအထံမှ ဘာစရိတ်အထောက်အပံ့မှမယူပဲနှစ်ပတ်လောက် ပြည့်ပြည့်စုံစုံ တင်ကျွေးပလိုက်တယ်
မြို့ကြီးတွေဟာ သုဿာန်တစ်စလိုဖြစ်မယ်ထင်ကြတယ်..
တစ်နိုင်ငံလုံးမြေပြင်သာမက ဝေဟင်ထက်ကပါမြတ်ဗုဒ္ဓ၏ အစွမ်းထက်ပရိတ်တွေကိုရွတ်ဖတ်ပြီး သံဃာတော်အရှင်မြတ်တွေက တားဆီးပေးခဲ့တယ်
သူနာပြုမလုံလောက်ဘူးထင်ကြတယ်
ပြည်သူတစ်ရပ်လုံးက စေတနာ့ဝန်ထမ်းတွေအဖြစ်ပြောင်းလဲကုန်ကြတယ် ကြက်ခြေနီ မီးသတ် စည်ပင်စုံလို့..
အစားအစာရိက္ခာမလုံလောက်ဘူးထင်ကြတယ်
ပရဟိတအဖွဲ့အစည်းအသီးသီးတွေ အလျှိုလျှိုပေါ်လာတယ် နေရာအစုံက..
ငွေရေးကြေးရေးအခက်အခဲဖြစ်မယ်ထင်ကြတယ်ငယ်လတ်ကြီး အရွယ်သုံးပါး လှူလိုက်တာမှပလူပျံလို့.
ဒီကပ်ရောဂါကြီးကြောင့် မနိုင်မနင်းဖြစ်မယ်ထင်ကြတယ်
အစိုးရ တပ်မတော် ရဟန်းရှင်လူ ပြည်သူအားလုံးတောရောမြို့ပါ ညီညီညွတ်ညွတ်နဲ့ တွန်းလှန်ပြခဲ့တယ်
သူတို့တွေမျက်လုံးပြူးကုန်ကြပြီ
လေးစားကုန်ကြပြီ
အားကြကုန်ကြပြီ
သူတို်မမြင်နိုင်တဲ့လက်နက်တွေ စွမ်းအားတွေ စေတနာတွေ..ဒို့နိုင်ငံမှာ အများကြီးရှိတယ်…မြန်မာပြည်မှာ အများကြီးရှိတယ်
ဒါ့ကြောင့် မြန်မာနိုင်ငံ ကံကောင်းလွန်းနေတယ်
ရတနာသုံးပါးရှိနေတာ ကံကောင်းလွန်းတယ်
ပရဟိတမျိုးစုံရှိနေတာ ကံကောင်းလွန်းတယ်
ညီညီညွတ်ညွတ်ရှိနေတာ ကံကောင်းလွန်းတယ်
ဒီကောင်းကံတွေကို ကပ်ရောဂါကြီးပျောက်သည်အထိနိုင်ငံတိုးတက်သည်အထိ တည်ရှိကြပါစေဟုဆန္ဒပြုလိုက်ပါတယ်..ရှိလဲရှိနေမှာပါပဲ……။
ဓမ္မရံသီအရှင်ကဝိန္ဒ(မိုးကုတ်) 4.4.2020
No comments:
Post a Comment