https://www.nalonetardiary.com/life-style/health/18496/
https://www.nalonetardiary.com/life-style/health/18496/
Pyei Phyo
Unicode
တစ်ချို့နေရာမှာ ကလိုရင်းဖြန်းတယ် ပြီးရင် hand gel နဲ့ လက်ဆေးခိုင်းရင် လုံးဝမလုပ်ပါနဲ့
တစ်ချို့နေရာမှာ ကလိုရင်းဖြန်းတယ် ကားတွေ ရောလူတွေရောလို့ ပြောသံကြားတယ်
ပြီးရင် ထိပ်ကနေ hand gel နဲ့ လက်ဆေးခိုင်းတယ် ဝေ ပေးတယ် ဆိုကြတယ်
မူးမေ့လဲတာတို့ လက်တွေ လောင်တာတို့ မဖြစ်ကြဘူးလား
အနည်းဆုံး အဲသလို ဝေပေးနေတဲ့ လူတွေ လက်မှာ ဟိုနား ထုံတုံတုံ ဒီနား ယားတားတား မဖြစ်ကြဘူးလားဗျ
သတိထားပါ အကြီးကြီး သတိထားပါ
ကလိုရင်းနဲ့ ethanol ရောလို့မရပါ ရောရင် အဆိပ်ငွေ့ ထွက်ပါတယ်.
ကလိုရင်းလေးဖြန်းပြီး လက်ကို ethanol နဲ့ ဆေးမိလို့ မူးမေ့လဲရင် အဲဒီ အီတီတီ ချိုမွှေးမွှေး အနံ့တွေရှိရာကနေ အမြန် ဖယ်ရှားပါ အနံ့ နည်းနည်းပြယ်သွားရင် ရေအများကြီးနဲ့ ဆေးချပါ…
အဲဒီ ကလိုရိုဖောင်းက အာရုံကြောစနစ်ကို ထိခိုက်စေတယ် မျက်လုံး အရေပြား အဆုပ် ထိခိုက်စေတယ်
သူ့ကို အရေပြားကနေပါ စုပ်သေးတယ်
ဒါကြောင့် ကလိုရင်းကို အရပ်ထဲ လျှောက်မဖြန်းကြပါနဲ့ ethanolတွေ လည်း မဖြန်းကြပါနဲ့လို့ ခဏခဏပြောနေရတာပါ
ကလိုရင်းကို ဘာလို့ အရပ်ထဲ လိုက်မဖြန်းစေချင်လည်းဆိုတော့ သူက တော်တော်များများနဲ့ ဓာတ်ပြုတဲ့အခါ အဆိပ်ငွေ့တွေ ထွက်လာလို့ပဲ….
ဓာတ်ဆီနဲ့လည်း ဓာတ်ပြုတယ် ဆီဆိုင်မှာ ဆေးဖြန်းတယ်
အမိုးနီးယားနဲ့လည်း ဓာတ်ပြုတယ်
ရှာလကာရည်နဲ့လည်း ဓာတ်ပြုတယ်
ဘယ် အစားအသောက်ထဲမှ ဝင်လို့မရဘူး အန္တရာယ် ကြီးတယ်
Pyei Phyo
No comments:
Post a Comment