ads

sponsor

Wednesday, January 22, 2020

စတုတ္ထတန်းကျောင်းသူ အား ဒုတပ်ကြပ် မှပြုကျင့်၊ ဗိုလ် ကြီး ၂ဦး ရောက် လာပြီး အမှုမဖွင့် ရန် တာဆီး

စတုတ္ထတန်းကျောင်းသူ အား ဒုတပ်ကြပ် မှပြုကျင့်၊ ဗိုလ် ကြီး ၂ဦး ရောက် လာပြီး အမှုမဖွင့် ရန် တာဆီး

မော် လမြိုင်မြို့နယ်နေ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ပြုကျင့်သည်ဟုဆိုကာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတပ်ကြပ်တစ်ဦးအား ယနေ့ (ဒီဇင်ဘာ ၃၁) တွင် မုပွန်နယ်မြေရဲစခန်း၌ အမှုဖွင့်ထားသည်ဟု နယ်မြေစခန်းမှ ရဲအုပ်အောင်နိုင်ဦးက ပြောသည်။
အ သက် ၅၅ နှစ်အရွယ်ရှိ ဒုတပ်ကြပ် အုန်းသန်းဆိုသူကို မိန်းကလေးငယ်၏ ဖခင်ဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းမှုကြောင့် မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းတွင် (ပ) နံပါတ် ၃၁၀၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ (ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှု) ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။
“အခု လက်ရှိ စစ်ဆေးဆဲပဲ ရှိပါသေးတယ်၊ ကျွန်တော်တို့ မှုခင်းပိုင်းနဲ့ပတ်သက်ပြီးတော့ အမှုလမ်းကြောင်းအတိုင်း စစ်ဆေးသွားမှာပါ” ဟု ရဲအုပ်အောင်နိုင်ဦးက ယနေ့နေ့လယ်ပိုင်းက ပြောသည်။
ကျူးလွန်ခံရသူမှာ အခြေခံပညာ စတုတ္ထတန်းကျောင်းသူဖြစ်ပြီး အမှုနှင့်ပတ်သက်သည့် ဆေးစစ်ချက်များ ရယူပြီးဖြစ်သည်ဟု ဆက်ပြောသည်။
ဒုတပ်ကြပ်အုန်းသန်းသည် ကျူးလွန်ခံရသူ မိန်းကလေးငယ်၏ မိသားစုဝင် ဆွေမျိုးများနေထိုင်ရာ ခြံဝင်းတွင် ငှားရမ်းနေထိုင်သူဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက်တွင် ကလေးငယ်အား “ပြုကျင့်သည်ကို အိမ်နီးနားချင်းများက လက်ပူးလက်ကြပ်မိခဲ့သည်” ဟု မိန်းကလေး၏ အုပ်ထိန်းသူက ပြောပါသည်။
ဒီဇင်ဘာလ ၂၈ ရက် မတိုင်ခင် တစ်ပတ်ခန့်အတွင်းကလည်း လေးကြိမ်ထက်မနည်း အမျိုးသမီး အင်္ဂါအစိတ်အပိုင်းများ ကိုင်တွယ်ခံခဲ့ရသည်ဟု မိန်းကလေးကပြောပြကြောင်း အဆိုပါအုပ်ထိန်းသူက ဆိုသည်။
ဒုတပ်ကြပ်အုန်းသန်းမှာ အဆိုပါခြံဝင်းရှိ နေအိမ်တွင် သားတစ်ဦး၊ သမီးတစ်ဦး၊ ဇနီးတို့နှင့်အတူ ငှားရမ်းနေထိုင်သည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဖြစ်ကြောင်း၊ ကျူးလွန်ခံရသူ မိန်းကလေး၏ဖခင်မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ကတည်းက ခရီးသွားနေကြောင်း ၎င်းကပြောသည်။
“တပ်တွင်းစစ်ဆေးနေ”
အမှုဖွင့်ရန် လိုက်ပါကူညီနေသည့် အရပ်ဘက်အဖွဲ့အစည်းများ ဒီဇင်ဘာ ၃၀ ရက်နေ့ညက ရဲစခန်းသို့ ရောက်ရှိနေစဉ် တပ်မတော်အရာရှိနှစ်ဦးရောက်ရှိလာပြီး ကျူးလွန်သူကို တပ်တွင်းအရေးယူမည် ဖြစ်သောကြောင့် အမှုမဖွင့်ရန် တားဆီးခဲ့သေးသည်ဟု တောက်ပကြယ်-ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ပံ့ပိုးကူညီသူများအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။
“နာမည်မေးတာတောင် မပြောဘူး။ အရပ်ဝတ်နဲ့ပဲ ဗိုလ်ကြီးလို့ပြောတယ်၊ ဆေးစစ်တာတောင် သူတို့ဟာသူတို့ စစ်မယ်ပြောတယ်။ ကျွန်တော်တို့ လက်မခံခဲ့ဘူး” ဟု ဦးမြင့်သိန်းက ဆိုသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူကို တပ်တွင်းအချုပ်ထဲထည့်ထားပြီး ထွက်ဆိုချက်များကို စစ်ဆေးနေကြောင်း၊ ပြစ်ဒဏ်ထင်ရှား၍ တပ်မှထုတ်ပယ်ပြီးပါက အရပ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးမောင်မောင်လတ်က ဒီဇင်ဘာလ ၃၁ ရက် (ယနေ့) တွင် ပြောသည်။
“အမှန်အတိုင်းပဲပေါ့ ဥပဒေအတိုင်းပဲပေါ့” ဟု ၎င်းက ဆိုသည်။
လာမည့် ဇန်နဝါရီ ၂ ရက် တွင် မိန်းကလေးကို မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီးတွင် မှုခင်းဆရာဝန်က ပြန်လည်ဆေးစစ်ချက်ယူမည်ဟု ဦးမြင့်သိန်းက ဆိုသည်။
“သူ့အသက်အရွယ်နဲ့ ဒီလိုလုပ်တဲ့အတွက် ထိုက်တန်တဲ့အပြစ် သူ့ကိုပေးစေချင်တယ်။ သူ့ကို ထိုက်တန်တဲ့အပြစ်မပေးခဲ့ရင် နောင်တစ်ချိန် တခြားတစ်ယောက်ကို ကျူးလွန်မှာပဲ” ဟု မိန်းကလေးကို အုပ်ထိန်းသည့် အမျိုးသမီးက ပြောသည်။

ဗိုလ်ချုပ် ပုံ ငွေစက္ကူ နဲ့ ငွေ ရှင်း မယ် ဆို ရင် ကြိုက်သလောက် စား တစ်ဝက် ပဲ ရှင်းရမယ့် အ ဆင့်မြင့်စားသောက်ဆိုင်

ဗိုလ်ချုပ် ပုံ ငွေစက္ကူ နဲ့ ငွေ ရှင်း မယ် ဆို ရင် ကြိုက်သလောက် စား တစ်ဝက် ပဲ ရှင်းရမယ့် အ ဆင့်မြင့်စားသောက်ဆိုင်

ပ ရိသတ်ကြီးရေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က ၁၀၀၀ တန်ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိုက်ဆံတွေ ပရိသတ်ကြီးတို့လက်ထဲအရောက် စတင်ထုတ်ဝေခဲ့ပါပြီနော်…ဗိုလ်ချုပ်ပုံပါ ပိုက်ဆံကို လိုချင်လွန်းလို့ တန်းစီငွေလဲခဲ့ကြသူတွေလည်း မနည်းမနောပါပဲ….တန်ဖိုးထားကြတယ်လို့ ဆိုကြမှာပါ….
ခု လို ဗိုလ်ချုပ်ကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာကို နောက်ထပ် သက်သေပြနေတဲ့ ဆိုင်လေးတစ်ဆိုင်ရဲ့ လုပ်ရပ်ကလည်း တကယ့်ကို အံ့သြချီးကျူးစရာပါ….အဲတာကတော့ မန္တလေးက စားသောက်ဆိုင်တစ်ဆိုင်က ဗိုလ်ချုပ်ပိုက်ဆံတစ်ရွက်ပါတာနဲ့ ကြိုက်သလောက်စား တစ်ဝက်ပဲ ရှင်းရမယ်ဆိုပြီး ဈေးချပေးတာပါ….
Sky Bar & Restaurant ဆိုတဲ့ စားသောက်ဆိုင်က တကယ့်ကို ချီးကျူးဖွယ်လုပ်ရပ်တစ်ခုကို ခုလိုပြုလုပ်ပေးခဲ့တာပါ….. ဗိုလ်ချုပ်ပိုက်ဆံတစ်ရွက်ပါလာရင် ကြိုက်သလောက်စားခွင့်ရှိပြီး တစ်ဝက်ခပဲ ပေးရှင်းရမှာဖြစ်ပါတယ်…ခုလို Promotion ကာလကတော့ January 8,9,10 (3)ရက်မှာ နေ့လယ် 1 နာရီကနေ ည ၉ နာရီအထိ သတ်မှတ်ပေးထားတယ်လို့ ဆိုပါတယ်…
အဲတာကြောင့် ပရိသတ်ကြီးတို့လည်း သွားရောက်သုံးဆောင်မယ်ဆိုရင် ဗိုလ်ချုပ်ပုံပါ ပိုက်ဆံတစ်ရွက်သာ ယူသွားလိုက်ပါ….ကျသင့်ငွေရဲ့ တစ်ဝက်ခကိုပဲ ရှင်းရပါလိမ့်မယ်…ဆိုင်လိပ်စာကတော့ ကမ်းနားလမ်း၊ 22လမ်း နဲ့ 23လမ်းကြား၊ မန္တလေးမြို့ ၊ ဖုန်းနံပါတ် 024064945,4064946 ပဲဖြစ်ပါတယ်…ဒီလိုဆိုင်ပိုင်ရှင်ရဲ့ ဗိုလ်ချုပ်အပေါ်တန်ဖိုးထားလေးစားတဲ့ ပုံလေးကို ပရိသတ်ကြီးတို့ သိရအောင် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်…
Writer – HW (Shwe Yaung Lan)
Source : လောကပါလခရီးသည်

ရှက် စရာကောင်းလွန်း လှ တဲ့မြင်းခြံမြို့ကလူငယ်တစု ရဲ့လုပ်ရပ်

ရှက် စရာကောင်းလွန်း လှ တဲ့မြင်းခြံမြို့ကလူငယ်တစု ရဲ့လုပ်ရပ်

ရှက် စရာကောင်းလွန်းလှတဲ့မြင်းခြံမြို့ကလူငယ်တစုရဲ့လုပ်ရပ်
ဒီနေ့ ပုဂံ ကိုဧည့်သည်ပို့ပြီးအပြန် ည ၁၁:၃၀ခန့်မြင်းခြံမြို့ ဗိုလ်ချုပ်ကြေးရုပ်အကျော်နားလေး ရှေ့ကဆိုင်ကယ်တွေပိတ်နေလို့ ဟွန်းတချက်တီးပြီးအကျော် ကားကိုတခုခုနဲ့ ပစ်လိုက်သလိုထင်လို့ အရှိန်လျော့ပြီးအကြည့် လူကိုပါလေးခွနဲ့ထပ်ပစ်သွားတယ် ပြီးတော့လမ်းကြားထဲဝင်ပြေးသွားတယ် မျက်လုံးထိဖို့နည်းနည်းပဲလိုတယ် မိုက်ရိုင်းလိုက်တာ
Credit – Thar Nyi

ကျွန်မအမျိုးသားဆိုင်ကယ် ကို တိုက်ပြီး မောင်းပြေးသွား ပါတယ်၊ ပွဲချင်းပြီး ဆုံး သွားပါတယ်၊ တွေ့ရှိ သူများ ဆက်သွယ်ပေးပါ

ကျွန်မအမျိုးသားဆိုင်ကယ် ကို တိုက်ပြီး မောင်းပြေးသွား ပါတယ်၊ ပွဲချင်းပြီး ဆုံး သွားပါတယ်၊ တွေ့ရှိ သူများ ဆက်သွယ်ပေးပါ

Khin Khin Moe
Unicode
၁၉.၁.၂၀၂၀ ရဲ့ကျွန်မဘဝရဲ့ငရဲကျခြင်း”
ကျွန်မ အမျိုးသား ကိုသားကြီး ၁၉.၁.၂၀၂၀ တနင်္ဂနွေနေ့ ည ၁၀ နာရီ ၁၅ မိနစ် လောက်မှာ ကျွန်မရှိတဲ့နဝဒေးဥယျာဉ်အိမ်ယာကိုမြို့ထဲမှာ မုန့်အတူသွားစားဖို့ ကျွန်မတူလေးကို ဆိုင်ကယ်နဲ့မောင်းပို့ခိုင်းပါတယ်။
BOC မှတ်တိုင်အ လွန် တိုးချဲ့မှတ်တိုင်အရောက်မှာ ဓာတ်ဆီပျက်သွားလို့ tarminel ဓါတ်ဆီဆိုင်ကို တူရီး ၂ယောက်လမ်းအလယ်ပလက်ဖောင်းကကပ်ပြီးတွန်းသွားနေတုန်း နောက်ကနေ CC -Taxi ဖင်ကောက်အဖြူရောင်တစ်စီးကအရက်မူးလာပြီး အနောက်ကနေတိုက်လိုက်တာ ကျွန်မအမျိုးသားရော ဆိုင်ကယ်ရောလွင့်ပြီး တစ်ဖက်လမ်းမပေါ်ကိုအရှိန်နဲ့ပြုတ်ကျ ဦးခေါင်းအုတ်စက်ပွင့် ဘယ်ဘက်နံရိုးကျိုးခြေသပွတ်တိုင်လယ်ပြီး အဲ့နေရာမှာတင်ပွဲချင်းပြီး ဆုံးသွားပါတယ်။
အဲ့တိုက်သွားတဲ့ကားက ၁၉ ရက်နေ့​ကတိုက် ထွက်ပြေးပြီး ၂ဝရက်နေ့ထိဘာသဲလွန်စမှမရသေးပါဘူး။ အဲ့နားကမှောင်မဲပြီးဘာမှမမြင်ရတာရယ် တူလေးကလန့်နေတာရယ်နဲ့ဖြစ်နေတာပါ။ အဲ့ကားက ဘယ်ဘက်ချမ်း ဘက်ကြည့်မှန်တခုလုံးနဲ့ ဘယ်ရှေ့တချမ်းလုံးကြေမွသွားတာပါ။
ဘုရင့်နောင်ဘက်ကိုမောင်းပြေးတယ်လို့ထင်ပါတယ်။ ဒီစာကိုဖတ်မိသူများ ကားဘော်ဒီ ရုံများမှလည်းတွေ့လျှင် အကြောင်းကြားပေးကြပါနော်.. အကူအညီတောင်းတာပါနော်..
ဆက်သွယ်ရန် – 09784201212, 09250514392
Khin Khin Moe

Tuesday, January 21, 2020

ဝှေးစေ့ကို နေရာမှားပြီး ခွဲစိတ်ပေးခဲ့တဲ့ဆရာဝန် တရားစွဲဆိုခံရ

ဝှေးစေ့ကို နေရာမှားပြီး ခွဲစိတ်ပေးခဲ့တဲ့ဆရာဝန် တရားစွဲဆိုခံရ

ခွဲစိတ်အထူးကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ V. Spencer Long ဆိုသူဟာ သူရဲ့လူနာတစ်ဦးရဲ့ ဝှေးစေ့ကို ခွဲစိတ်ဖယ်ရှားပေးခဲ့ရာမှာ ညာဘက်နဲ့ဘယ်ဘက်ကို မှားယွင်းပြီး ခွဲစိတ်ပေးခဲ့တာကြောင့် တရားစွဲဆိုခံခဲ့လိုက်ရပြီး အမေရိကန်ဒေါ်လာ ရှစ်သိန်းခုနှစ်သောင်းခန့်အထိပင် လျှော်ကြေးပေးလိုက်ရပါတယ်။
အသက် ၅၄နှစ်အရွှယ်ရှိသူ Steven Haines ဟာ လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်တုန်းက သူရဲ့ညာဘက်ဝှေးစေ့ နာကျင်မှုကြောင့် ဒေါက်တာ V. Spencer Long ဆီမှာ လာရောက်ကုသမှု ခံယူခဲ့ပါတယ်။ Steven Haines ရဲ့ဝှေးစေ့နာကျင်မှုက ၁၅နှစ်လောက်အထိကို ရှိနေပြီဖြစ်တာကြောင့် ဓါတ်မှန်ရိုက်ကြည့်လိုက်တဲ့အခါ ထိခိုက်မှုတစ်စုံတစ်ရာကြောင့် ညာဘက်ဝှေးစေ့ဟာ အတော်လေးကို ပျက်ဆီးနေပြီးဖြစ်ပြီး ခွဲစိတ်ပြီး ဖယ်ရှားပေးရမယ့် အခြေအနေကို ရောက်ရှိနေခဲ့ပါတယ်။
ဒီလိုနဲ့ ဒေါက်တာ Long ဟာ Haines ဝှေးစေ့ကို Huntingdon မှာရှိတဲ့ J.C. Blair Memorial Hospital ဆေးရုံမှာ ခွဲစိတ်ဖယ်ရှားပေးခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အကောင်းတိုင်းရှိနေတဲ့ Haines ဘယ်ဘက်အခြမ်းက ဝှေးစေ့ကို မှားယွင်းပြီး ဖယ်ရှားမိသွားခဲ့ပါတယ်။ ထို့ကြောင့် Haines ဟာ ဒေါက်တာ Long ကို ဝှေးစေ့ မှားယွင်းစွာ ဖယ်ရှားခဲ့မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခဲ့လိုက်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Huntingdon County တရားရုံးကနေ အမိန့်ချမှတ်လိုက်ခဲ့ကာ လူနာ Haines ကို နာကျင်ပျက်ဆီးစေမှုကြောင့် အမေရိကန်ဒေါ်လာ ၆၂၀၀၀၀ လျှော်ကြေးပေးဆောင်ခိုင်းပြီး အလုပ်ကို နမော်နမဲ့ လုပ်ကိုင်ခဲ့ခြင်းကြောင့် ဒေါ်လာနှစ်သိန်းခွဲကိုပါ ထပ်မံလျှော်ကြေပေးခိုင်းခဲ့ပါတယ်။ ဒီလို လွဲချော်မှုတွေဟာ ဆေးပညာနယ်ပယ်မှာ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး အဖြစ်အများဆုံးကတော့ ကျောက်ကပ်ထုတ်တဲ့ လူနာတွေဖြစ်ကာ မကောင်းတဲ့ကျောက်ကပ်အစား ကောင်းမွန်နေတဲ့ ကျောက်ကပ်ကို အထုတ်ခံရလို့ မကျေမနပ်ဖြစ်ပြီး တိုင်တန်းခဲ့ကြတာပဲ ဖြစ်ပါတယ်ခင်ဗျာ။

ဖေ့ဘုတ်ခ်အကောင့် ပြန်လည်ရရှိသွားပြီဖြစ်တဲ့ သင်ဇာ

ဖေ့ဘုတ်ခ်အကောင့် ပြန်လည်ရရှိသွားပြီဖြစ်တဲ့ သင်ဇာ

မနေ့က ပရိသတ်တွေရဲ့ အချစ်တော် နိုင်ငံကျော်မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ ဖေ့ဘုတ်ခ်အကောင့်အပိတ်ခံလိုက်ရတဲ့ အကြောင်းလေးကို ပရိသတ်တွေ သိရှိခဲ့မယ်ထင်ပါတယ်။ မမသင်ဇာရဲ့ ဖေ့ဘုတ်ခ်အကောင့်ကို Facebook Teamက ပိတ်တာကိုခံလိုက်ရတာလို့ ပြောဆိုနေကြတာဖြစ်ပြီး ကိစ္စလေးဟာ လူမှုကွန်ရက်စာမျက်နှာနဲ့ပရိသတ်တွေကြားမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ပါသေးတယ်။
တချို့ပရိသတ်တွေကတော့ ဒီရက်ပိုင်းအတွင်း မမသင်ဇာရဲ့ လူမှုကွန်ရက်မှာဖော်ပြတဲ့ ဆက်စီကျပြီး ခေတ်ရှေ့ပြေးလွန်းလှတဲ့ ပုံတွေကြောင့် အခုလို အပိတ်ခံခဲ့ရတာ ဖြစ်တယ်လို့လည်း ထင်ကြေးပေး ပြောဆိုနေကြပါသေးတယ်။
ဒီလို မမသင်ဇာရဲ့အကောင့် အပိတ်ခံလိုက်ရတဲ့ အပေါ်မှာ ယောက်ျားလေး ပရိသတ်တွေအတော်များများကတော့ စိတ်မကောင်းဖြစ်နေကြတာဖြစ်ပြီး တစ်ချို့သော ပရိသတ်တွေကတော့ သင်ဇာရဲ့ ဆက်စီဆန်တဲ့ ပုံတွေကြောင့် အပိတ်ခံလိုက်ရတာဆိုရင် Facebook Team က မမသင်ဇာလို ဆက်စီဆန်ဆန်ပုံတွေတင်တဲ့ အကောင့်တွေကိုကျတော့ ဘာကြောင့် မပိတ်တာလဲ လို့ ပြောဆိုနေကြတာတွေလည်း ရှိနေပါတယ်။တချို့သော ပရိသတ်တွေကလည်း ဒီလို ဆက်စီပုံတွေတင်လို့ အပိတ်ခံရတာဆိုရင်တော့ အခုလို အပိတ်ခံရတာကောင်းတယ်လို့ ပြောဆိုနေတာတွေကိုလည်းတွေ့ရပါသေးတယ်။
သို့ပေမဲ့လည်း ဒီနေ့ မနက်မှာတော့ မမသင်ဇာရဲ့ အကောင့်က ပြန်လည်ရရှိသွားပြီဖြစ်ပြီး ဘာကြောင့် အပိတ်ခံရတယ်၊ Facebook Team ကပိတ်ပစ်ခဲ့တာလား ဆိုတာကိုတော့ မမသင်ဇာကလည်း ဖော်ပြခဲ့ခြင်းမရှိသလို ချက်ချင်းအကောင့် ပြန်လည်ရရှိတာကြောင့်လည်း ပရိသတ်တွေကအံ့သြမှင်သက် ဖြစ်နေကြတာပါ။မမသင်ဇာကို အားပေးတဲ့ ပရိသတ်တွေကတော့ သင်ဇာရဲ့ အကောင့်လေးပြန်လည်ရရှိတာကို ဝမ်းသာနေကြပါတယ်။ပရိသတ်ကြီးတွေကရော သင်ဇာအကောင့် အပိတ်ခံလိုက်ရတာ ဘာကြောင့်လို့ထင်ကြလဲ။

တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာရခဲ့သူ မိန်းကလေးအတွက် အမှန်တရားကို ဝိုင်းဝန်ကူညီ ဖော်ထုတ်ပေးကြပါ

တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာရခဲ့သူ မိန်းကလေးအတွက် အမှန်တရားကို ဝိုင်းဝန်ကူညီ ဖော်ထုတ်ပေးကြပါ

အရင်ဆုံးကျွန်တော်အားလုံးကို တောင်းပန်အပ်ပါတယ် သတင်းကောင်းတစ်ခုမဟုတ်ပါဘူး သတင်းဆိုးတစ်ခုပါ…စိတ်အနှောင့်အယှက်ဖြစ်နိုင်မယ့်အခြေအနေနဲ့ နှလုံးမကောင်း, ခံနိုင်ရည်မရှိသူများမဖတ်ကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်
သို့သော် မှန်ကန်မှုတစ်ခုကိုမြတ်နိုးတဲ့သူတွေနဲ့အမျိုးသမီးထုတစ်ရပ်လုံးကိုတော့ပါဝင်ဝန်းရံစေချင်တာတော့အမှန်ပါ…
ယခုပုံပါအမျိုးသမီးဟာကျွှန်တော့်ညီမလေးပါကျွှန်တော့်ညီမလေးကို သူ့အမျိုးသား(ကွာရှင်းစာချုပ်ဖြစ် တရားသူကြီးရှေ့မှောက်ကွဲကွာထားသူ) တောင်ဒဂုံ (26) ရပ်ကွက် ဂျပန်ကုန်း ကန်ဘက်ဝန်းကျင်တွင်နေထိုင်သူ စိုးသူရ(ခေါ်)စိုးကြီး သည် 11/01/2020 စနေ့နေ့ မနက်အစောပိုင်းဖြစ်သော 3:00AM နှင့် 4:00AM ကြားက မိဘအုပ်ထိန်းသူတို့နှင့်နေထိုင်အိပ်စက်နေစဉ် လာရောက်ခေါ်ဆောင်သွားပြီး မနက်11:00 AMဝန်းကျင်က ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်ခွဲစိတ်မှုပြုလုပ်ရန် စောင့်နေရသော မီးလောင်ဒဏ်ရာများနှင့်ရုပ်ပျက် ဆင်းပျက်ဖြစ်နေသောကျွန်တော့်ညီမလေးကို မြင်တွေ့လိုက်ရပါတယ်
ထိုအချင်းအရာတို့ကြောင့်ကျွန်တော်နှင့်ဖခင်ဖြစ်သူမှ လာရောက်ခေါ်ယူသွားသော စိုးသူရ(ခေါ် )စိုးကြီးအား စုံစမ်းစစ်ဆေးပေးရန်အတွက်တောင်ဒဂုံ ရဲစခန်းတွင်အမှုဖွင့်တိုင်တန်းခဲ့ပါသည် ထိုတိုင်တန်းစစ်ဆေးမှုများကို အမှန်အတိုင်းနှင့်အမြန်ဆုံးထိရောက်အောင် လုပ်ငန်းစဉ်များမှန်ကန်မှုရှိရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန်ဒဂုံမြို့သစ်တောင်ပိုင်း အုပ်ချုပ်ရေးအရာရှိများ , ရဲလုပ်ငန်းကိုအချိန်နှင့်တစ်ပြေးညီဆောင်ရွက်နေသော တောင်ဒဂုံရဲစခန်းမှ လူကြီးမင်းများနှင့် သက်ဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့အစည်းများကို အကူအညီတောင်းခံအပ်ပါတယ်…
ကျွန်တော်လိုချင်တာအမှန်တရားပါ ဘယ်သူ့ဘယ်သူကိုမှအတင်းအဓမ္မမလုပ်ချင်ပါ အမှန်တရားတစ်ခုအမြန်ဆုံးပေါ်ပေါက်လာဖို့ ဝိုင်းဝန်းကူညီပေးကြပါရန် တောင်းဆိုအပ်ပါတယ် အခုထိ ကျွန်တော်ညီမလေး ဆေးရုံမှာအတွင်းလူနာအဖြစ်ဆက်လက်ကုသနေလျက်ရှိပါတယ် အသက်အန္တာရာယ်စိုးရိမ်ရတဲ့အနေအထားတစ်ခုဖြစ်ပြီး လူလောင်ကျွှမ်းပျက်စီးမှု 70% ဖြစ်ပါတယ် ကျွန်တော်ကိုဝိုင်းဝန်းကူညီပေးကြပါ….
Aung Aung Oo/အကိုအရင်းတော်စပ်သူ/09795928275