ads

sponsor

Wednesday, November 6, 2019

Refurbished အလုံးနဲ့ အသစ်ဘယ်လိုခွဲမလဲ

Refurbished အလုံးနဲ့ အသစ်ဘယ်လိုခွဲမလဲ
Refurbished အလုံးနဲ့ အသစ်ဘယ်လိုခွဲမလဲ

ဟိုတနေ့ကတော့ ဖရန်ကန်စတိုင်း refurbished အိုင်ဖုန်းအကြောင်းရေးဖြစ်ပါတယ်၊ အဲဒီတုန်းကတော့
Settings >> general >> about ရဲ့ serial number မှာ 5 နဲ့ စတာမဟုတ်ရင် ရိုးရိုးအလုံးလို့ယူဆနိုင်ပါတယ်
ဆိုခဲ့ပါတယ်၊ ဒီနေ့တော့ ဒါလေးထပ်တွေတာနဲ့ ပါ ပိုပီးမှန်တယ်လို့ ယူဆနိုင်ပါတယ်၊

သူကတော့ model number ရဲ့အစနံပါတ်ကို ကြည့်ရတာလို့ဆိုပါတယ်
Model number အစနံပါတ်က M ဖြစ်နေရင်
M - Retail Unit (မူရင်း အိုင်ဖုန်း)
N - Replacement Unit (Can be refurbished)
အစားထိုးဖုန်း (refurbished လဲဖြစ်နိုင်ပါတယ်)

P - Personalized Unit
F - Refurbished Unit

P နှင့် F တို့အကြောင်း သိပ်မသိရသေးပေမယ့်
အကြောင်းတစ်ခုခုကြောင့် Apple service မှာ သွားပြန်လဲပီး ပေးလိုက်တာတွေက N နဲ့စတဲ့ refurbished အလုံးတွေ ဖြစ်တာများပါတယ်၊

Apple အနေနဲ့ refurbished အလုံးတွေကို သူ့ကိုယ်ပိုင်စတိုးတွေမှာ မရောင်းချပါဘူး၊ ကျန်တဲ့ရောင်းချတဲ့ refurbished ထုတ်ကုန်တွေကိုတော့ ဝရန်တီ တစ်နှစ်ပေးပါတယ်၊ အိုင်ဖုန်း တစ်ခုခုဖြစ်လို့ သွားလဲသူများကတော့ ဝရန်တီ ရက် ၉၀ ရကြပါတယ်၊
နောက် Apple Store က refurbished ထုတ်ကုန်တွေကို ဝယ်ရင် Apple care ဝရန်တီ ထပ်ဝယ်လို့ရပါသေးတယ်၊

ဟိုတလောက သွားလဲတဲ့ စာရေးသူiphone 6s ကတော့ သုံးလသာ သုံးပီးတာဖြစ်သေးလို့ ရက် ၉၀ မဟုတ်ဘဲ မူလအတိုင်း
၁ နှစ်အပြည့်ရတယ်လို့ သိရပါတယ်၊ ကျန်တဲ့ ၂ လုံ6း plus လဲဖူးတာတော့ ရက် ၉၀ ရလို့
အောက်ပါ website က ဖေါ်ပြတာနဲ့ ကိုက်ညီတယ်လို့ဆိုနိုင်ပါတယ်၊

Refurbished အလုံး သုံးပီးတာ ကြာတဲ့ အချိန်ကိုလဲ
Settings >> Cellular (တချို့ ဖုန်းတွေမှာတော့ Cellular မဟုတ်ဘဲ Mobile ပါ )ထဲ Call time ရဲ့ကြာချိန်ကို ကြည့်ပီး ဆုံးဖြတ်နိုင်တယ်လို့ သိရပါတယ်
ပုံမှန် reset လုပ်ထားရင်လဲ call time က ဆက်ရှိနေလို့ ခန့်မှန်းနိုင်တာမျိုးပါ အချိန်ကြာနေရင်တော့ သေချာတယ် သုံးထားပီပီပေါ့ (ဒါပေမယ့် စက်ရုံက စမ်းသပ်ချိန် အချို့ကိုလဲ ထည့်တွက်ကြည့်ရမှာပါ )

အကယ်၍ iOS ကို
Dfu restore လုပ်တာကတော့ ဒါကိုကျော်နိုင်မယ်ထင်ပါတယ် ဆိုတော့ ဘယ်လောက် သုံးထားပီးလဲက သိဖို့ရာ call time စစ်ကြည့်တာက သိပ်တော့ စိတ်မချရပါဘူး

အောက်က ပုံတစ်ခုကတော့ Apple Store ကရောင်းတဲ့ Refurbished ipad ပါ သူ့ ဘူးခွံက အဖြူရောင်ဖြစ်ပီး Apple certified တံဆိပ်လေးကို သတိထားမိပါလိမ့်မယ်၊

Apple Store ပြင်ပက refurbished တွေကတော့ ပိုပီး ဈေးသက်သာနိုင်သလို ဝရန်တီကလဲ အမျိုးမျိုးရှိနိုင်ပါလိမ့်မယ်၊

http://www.macrumors.com/…/buying-refurbished-apple-produc…/
https://www.facebook.com/myanmariosusergroup/posts/1008979395860306?__xts__%5B0%5D=68.ARCwrYYrlAJwmB30eipc8ky7cGD6sNqQ3FpZmfkxMU0_meOBPhfUG_mj_-SPwmDo-lN1YnGuShCyfRwz2zN7fU5Apqnk61aNpWs-fefrWyf-SiU7DzBuq6Sw-iMOZqXa7ny7xx14BETrVdoUZw136hBXnVj8EeHNYGuQ8iU0uPYrw_XUEfsDozHPQch11tATLfOFlFneN9Bxi5zMG8HvmVTFWEk91CYsULg4LKL0AzsBp0M7dQxwAXu4eC70pWi2m-6UoI5fdu_N8su278AJXGwYDnFSfEPDWFudy4LrM-5O97M1OxpEKuPeYeplkQSlFRtlScBRo84AaINJV6CACr-t-g&__tn__=H-R

No comments:

Post a Comment