ads

sponsor

Saturday, November 23, 2019

PK converter

PK converter
ကြန္ျပဴတာအတြက္ကေတာ့ Text Converter တင္ မကဘဲ စုစုေပါင္း သုံးမ်ိဳးေပါင္းေပးထားပါတယ္။
1. Text Converter
2. Filename Converter
3. MP3 Tag Converter

၁။ အတြက္ကေတာ့ ေျပာဖို႔ မလိုေလာက္ေတာ့ပါဘူး။ APK နဲ႔ ခပ္ဆင္ဆင္ပါပဲ။ မပါတာဆိုလို႔ Image ဖိုင္ ေျပာင္းတာပါပဲ။

၂။ Folder လိုက္ ေရြးၿပီး Folder ထဲမွာ ပါသမွ် file ေတြေကာ folder ေတြေကာ Zawgyi ကေန Unicode အျဖစ္ အကုန္ ေျပာင္းခိုင္းလို႔ ရပါတယ္။ Auto detect ကို On ထားရင္ ေဇာ္ဂ်ီလို႔ ယူဆရတဲ့ ဖိုင္ေတြပဲ ေျပာင္းပါလိမ့္မယ္။ ေရြးထားတဲ့ folder ထဲမွာ ရွိသမွ် အကုန္ ေျပာင္းေပးႏိုင္တာမို႔ အဆင့္ ဘယ္ႏွဆင့္ ဆင္းမလဲ ဆိုၿပီး Level ေရြးေပးလို႔ ရပါတယ္။ Level 2 ေရြးထားရင္ လက္ရွိ ေရြးထားတဲ့ folder ရယ္။ သူ့အထဲက folder နဲ႔ file ေတြကိုပဲ ေျပာင္းေပးၿပီး အတြင္းထဲက folder ထဲကို ဆက္မဝင္ေတာ့ပါဘူး။ ေရြးထားတဲ့ folder ထဲမွာ ရွိသမွ် အကုန္ေျပာင္းခ်င္ရင္ေတာ့ Level 0 ေရြးေပးပါ။ ေနာက္ဆုံး ေျပာင္းထားတဲ့ ဖိုင္မွန္သမွ်ကို Undo Redo လုပ္ခြင့္ ေပးထားပါတယ္။

၃။ MP3er ကေတာ့ MP3 ထဲမွာ ထည့္ထားတဲ့ tag ေတြကို ZG to Uni ေျပာင္းေပးဖို႔ပါ။ Add folder နဲ႔ ကိုယ့္ရဲ႕ Music folder ကို ထည့္လိုက္ရင္ ရွိသမွ် သီခ်င္းေတြ စာရင္းလုပ္ျပပါ႔မယ္။ Mouse နဲ႔ စိတ္ႀကိဳက္ေရြးၿပီး Convert လုပ္႐ုံပါပဲ။ တစ္ပုဒ္ခ်င္းစီကိုလည္း ကလစ္ႏွိပ္ၿပီး Tag ေတြ ဝင္ျပင္လို႔ ရပါေသးတယ္။ သတိထားမိတဲ့ အားနည္းခ်က္ကေတာ့ ဒီ Program နဲ႔ ျပင္ထားတဲ့ MP3 ဖိုင္ေတြကို Window Media Player နဲ႔ ဖြင့္ရင္ Tag ေတြ မေပၚေတာ့ပါဘူး။ တျခား Player နဲ႔ဆိုရင္ အဆင္ေျပပါတယ္။

ဒီ Program ေတြက Java နဲ႔ ေရးထားတာမို႔ နည္းနည္းေလး ေႏွးပါလိမ့္မယ္။ ကိုယ့္စက္ထဲမွာ Java ထည့္မထားရင္လည္း အဆင္ေျပေအာင္ စီစဉ္ေပးထားပါတယ္။ ႏွစ္ဖိုင္ တင္ေပးထားတာမွာ ပထမဖိုင္က Java ရွိမရွိ မသိတဲ့ သူေတြအတြက္ပါ။ ကိုယ့္စက္ထဲမွာ jre1.8+ ရွိမွန္း သိတဲ့သူကေတာ့ ဒုတိယဖိုင္ကို ေဒါင္းပါ။ Theory အရေတာ့ Java နဲ႔ ေရးတာ ျဖစ္တဲ့အတြက္ Mac ေရာ Linux မွာပါ သုံးလို႔ ရရမွာပါ။ Windows သမား မဟုတ္တဲ့သူေတြက ဒုတိယဖိုင္ (jar) ကို ေဒါင္းၿပီး စမ္းၾကည့္ေပးၾကပါဦး။ က်ေနာ္လည္း ေနာက္ေန႔မွ Ubuntu တင္ၿပီး စမ္းၾကည့္ပါဦးမယ္။ Mac သမားေတြလည္း ေက်းဇူးျပဳၿပီး စမ္းေပးပါဦး။

အစစအရာရာ အဆင္ေျပၾကပါေစ။
ကွန်ပြူတာအတွက်ကတော့ Text Converter တင် မကဘဲ စုစုပေါင်း သုံးမျိုးပေါင်းပေးထားပါတယ်။
1. Text Converter
2. Filename Converter
3. MP3 Tag Converter

၁။ အတွက်ကတော့ ပြောဖို့ မလိုလောက်တော့ပါဘူး။ APK နဲ့ ခပ်ဆင်ဆင်ပါပဲ။ မပါတာဆိုလို့ Image ဖိုင် ပြောင်းတာပါပဲ။

၂။ Folder လိုက် ရွေးပြီး Folder ထဲမှာ ပါသမျှ file တွေကော folder တွေကော Zawgyi ကနေ Unicode အဖြစ် အကုန် ပြောင်းခိုင်းလို့ ရပါတယ်။ Auto detect ကို On ထားရင် ဇော်ဂျီလို့ ယူဆရတဲ့ ဖိုင်တွေပဲ ပြောင်းပါလိမ့်မယ်။ ရွေးထားတဲ့ folder ထဲမှာ ရှိသမျှ အကုန် ပြောင်းပေးနိုင်တာမို့ အဆင့် ဘယ်နှဆင့် ဆင်းမလဲ ဆိုပြီး Level ရွေးပေးလို့ ရပါတယ်။ Level 2 ရွေးထားရင် လက်ရှိ ရွေးထားတဲ့ folder ရယ်။ သူ့အထဲက folder နဲ့ file တွေကိုပဲ ပြောင်းပေးပြီး အတွင်းထဲက folder ထဲကို ဆက်မဝင်တော့ပါဘူး။ ရွေးထားတဲ့ folder ထဲမှာ ရှိသမျှ အကုန်ပြောင်းချင်ရင်တော့ Level 0 ရွေးပေးပါ။ နောက်ဆုံး ပြောင်းထားတဲ့ ဖိုင်မှန်သမျှကို Undo Redo လုပ်ခွင့် ပေးထားပါတယ်။

၃။ MP3er ကတော့ MP3 ထဲမှာ ထည့်ထားတဲ့ tag တွေကို ZG to Uni ပြောင်းပေးဖို့ပါ။ Add folder နဲ့ ကိုယ့်ရဲ့ Music folder ကို ထည့်လိုက်ရင် ရှိသမျှ သီချင်းတွေ စာရင်းလုပ်ပြပါ့မယ်။ Mouse နဲ့ စိတ်ကြိုက်ရွေးပြီး Convert လုပ်ရုံပါပဲ။ တစ်ပုဒ်ချင်းစီကိုလည်း ကလစ်နှိပ်ပြီး Tag တွေ ဝင်ပြင်လို့ ရပါသေးတယ်။ သတိထားမိတဲ့ အားနည်းချက်ကတော့ ဒီ Program နဲ့ ပြင်ထားတဲ့ MP3 ဖိုင်တွေကို Window Media Player နဲ့ ဖွင့်ရင် Tag တွေ မပေါ်တော့ပါဘူး။ တခြား Player နဲ့ဆိုရင် အဆင်ပြေပါတယ်။

ဒီ Program တွေက Java နဲ့ ရေးထားတာမို့ နည်းနည်းလေး နှေးပါလိမ့်မယ်။ ကိုယ့်စက်ထဲမှာ Java ထည့်မထားရင်လည်း အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်။ နှစ်ဖိုင် တင်ပေးထားတာမှာ ပထမဖိုင်က Java ရှိမရှိ မသိတဲ့ သူတွေအတွက်ပါ။ ကိုယ့်စက်ထဲမှာ jre1.8+ ရှိမှန်း သိတဲ့သူကတော့ ဒုတိယဖိုင်ကို ဒေါင်းပါ။ Theory အရတော့ Java နဲ့ ရေးတာ ဖြစ်တဲ့အတွက် Mac ရော Linux မှာပါ သုံးလို့ ရရမှာပါ။ Windows သမား မဟုတ်တဲ့သူတွေက ဒုတိယဖိုင် (jar) ကို ဒေါင်းပြီး စမ်းကြည့်ပေးကြပါဦး။ ကျနော်လည်း နောက်နေ့မှ Ubuntu တင်ပြီး စမ်းကြည့်ပါဦးမယ်။ Mac သမားတွေလည်း ကျေးဇူးပြုပြီး စမ်းပေးပါဦး။

အစစအရာရာ အဆင်ပြေကြပါစေ။
1. PK_Converter (no Java) 45.01 MB
http://www.mediafire.com/file/lyj3ae3g4mm7uuw/PK_Converter+%28no+Java%29.zip

2. PK_Converter (jar) 19.65 MB
http://www.mediafire.com/file/pcdbb4xs3cif9f6/PK_Converter+%28jar%29.zip

https://www.mmunicode.org/wiki/pk-converter-pc-version/

No comments:

Post a Comment