မေန႔က 10.11.201 မိသားစု Junction city သြားလည္တုန္းထူးဆန္းတာႀကဳံ ခဲ့တာေလး ေျပာ ျပျခင္ပါတယ္ ။ ျဖစ္ပုံကဒီလိုပါ က်ေနာ္ရယ္ မေဟသီ ရယ္ အိမ္ေဖာ္ကေလးမ နဲ႔ က်ေနာ့သားရယ္ ေျမးေလးေယာက္ (က်ေနာ့တူကေမြးတာ) ေပါင္း ၅ေယာက္ Sunday မိသားစုအျပင္ထြက္ရင္းသားေတာင္းဆိုလို႔ Junction city က Kid zone လိုက္ပိုတာပါ ။
အခ်ိန္က ၁၀နါရီခြဲ ေအာက္ကB1 ကားပါကင္မွာက်ေနာ္က ကားပါကင္လုပ္ေနတုန္းမိသားစုကအရင္သြားႏွင့္ပါတယ္ ။ ၿပီးမွကေနာ္လိုက္သြားေတာ့ မိန္းမရယ္ကေလးေတြကဓာတ္ ေလွကားေစာင့္ေနရင္း ဓာတ္ေလွကားအေပါက္ေရွ႕ က Location map ၾကည့္ေနၾကပါတယ္ ။
မိန္းမက ဓာတ္ေလွကားကိုေၾကာေပးထားပါတယ္ က်ေနာ္ကလည္းမလွန္းမ ကမ္း ေရာက္ခ်ိန္ ဓာတ္ေလွကားတံခါးက ပြင့္သြားပါတယ္.. အဲ့အခ်ိန္ ဓာတ္ေလွကားထဲက လူတေယာက္ကေလးေတြကိုအတင္းေခၚေနပါတယ္ ။ လာလာ ေဖေဖေမေမတို႔ေနာက္ကလိုက္လာလိမ့္မယ္ဆို ၿပီးအတင္းလက္ယပ္ေခၚပါတယ္ ။
ေတာ္ေသးတယ္ ကေလးေတြကလည္းမသြားပဲေၾကာက္ၾကည့္ေနတုန္း မိန္းမကအဲ့လူကိုလွည့္ ၾကည့္လိုက္ေတာ့ နည္းနည္းရွိန္ၿပီး မ်က္ႏွာပ်က္သြားပါတယ္ ။ အဲ့အခ်ိန္က်ေနာ္ကလည္းေရာက္သြားေတာ့မိသားစုအားလုုံး ဓာတ္ေလွကားထဲ ဝင္သြားၿပီး တံခါးပိတ္လိုက္ပါတယ္ ကိုယ္ေတြသြားမဲ့တတိယထပ္ကိုနိပ္ၿပီးေစာင့္ေနလိုက္ပါတယ္ ။
က်ေနာ့ကေလးေတြကလည္းသူတို႔ကေလးသုုံးေယာက္အျခင္းျခင္း ဘိုလိုပဲေျပာေနၾကလို႔ အဲ့လူ က ႏိူက္ငံျခားသားေတြထင္လို႔ေရာၿပီး where are you come from ေမးေတာ့ က်ေနာ္ကျမန္မာပါပဲလို႔ေျပာလိုက္ပါတယ္။ အဲ့ေတာ့မွ ကေလးေတြဒီကိုလာပို႔တာေကာင္းတယ္ ကေလးကစားကြင္း kid zone လည္းရွိတယ္ဘာညာေျပာပါေလေရာ ။
က်ေနာ္တို႔လည္း ကိုယ္သြားမဲ့တတိယထပ္ေရာက္ေတာ့မိသားစုအားလုုံးထြက္လာၾကၿပီး အဲ့လူကေတာ့ ဓာတ္ေလွကားထဲက်န္ခဲ့ပါတယ္ ။ အာ့နဲ႔မိသားစု ကေလးကစားကြင္းထဲသြား ကစားၾကၿပီး မုန္ထြက္စား ညေန၄ နာရီမွ ျပန္လာၾကပါတယ္ ။
အဲ့အျဖစ္အပ်က္ (ဓါတ္ ေလွကားထဲကေန အဲ့လူက ေလးေတြ အတင္းလွမ္းေခၚတာကို အိမ္ေရာက္ၿပီးမွ မိန္းမေျပာျပပါတယ္ သူလည္းလန္႔ သြားတာေပါ့) အာ့နဲ႔ က်ေနာ္စဥ္းစား ဆက္စပ္ေတြးၾကည့္မိတာကေတာ့ ။
၁ ။ ဒီလူ ကေလးေတြကို အတင္းေခၚတာမ႐ိုးသားဘူး.. မိဘေတြေနာက္မွ လိုက္လာမယ္ ဘာညာေျပာၿပီး အတင္းေခၚေနတာ လူစိမ္းတေယာက္မိသားစုနဲ႔လည္းရင္းႏွီးမႉမရွိ ။
၂ ။ ကေလးေတြက အေဆာ့သန္သြက္လက္ၾကပါတယ္ တကယ္လို႔ ကေလးတေယာက္ေယာက္ေသာ္၎ သုံးေယာက္လုံးသည္၎ ဓာတ္ေလွကားထဲဝင္သြားမိေသာ္ သူကတံခါး ပိတ္ၿပီးတာနဲ႔ဘယ္အထပ္တက္သြားမွန္မသိသလို ခ်က္ခ်င္းလိုက္ဖို႔မလြယ္ပါဘူး ။
၃။ Juction city မွာ kid zone ရွိတာသိသလို ကေလးေတြအမ်ားႀကီး လာတယ္လည္း ေျပာပါတယ္ ။( ေနရာဌာနကိုဓာတ္သိကြၽမ္းက်င္ေနပါတယ္)
ဒါေတြကိုဆက္စပ္ေတြးၾကည့္လိုက္ေတာ့ အခန္႔ သင့္ရင္​ ကေလးေတြကိုေခၚ သြားမဲ့ပုံ ( လမ္းႀကဳံလို႔ေသာ၎ ပုံမွန္ပစ္မွတ္လွည့္ရွာေနတ၎ ျဖစ္ႏိူင္ပါတယ္ ။
fb မွာလည္းမၾကာခဏဆိုသလို ကေလးေတြ ေပ်ာက္တယ္ ကေလးသူခိုးေတြ လႉပ္ရွားေနတယ္ အၿမဲေတြ႕ျမင္ေနရတာပါ။ မၾကာေသးခင္က ေစ်းဝယ္စင္တာတခုမွာ မိခင္ေရွ႕မွာတင္ ကေလးကိုေကာက္ခ်ီသြားတဲ့အထိ အတင့္ရဲၿပီး မိခင္ကေနာက္က ေအာ္ေတာ့မွ ကေလးက္ျပန္ခ်ၿပီး စသလိုေနာက္သလိုနဲ႔ ထြက္သြားတာဖတ္ဖူးပါတယ္ ။
ခုလည္း စိတ္ထဲမသက္ာစရာ ျဖစ္ေနလို႔ဒီစာေလး ေရးလိုက္တာပါ ။ ကေလးရွိသူမိဘတိုင္း မည္သည့္ေနရာပဲသြားသြားအထူးသတိထားေစျခင္ပါတယ္ ။ကေလးေတြကိုတေယာက္တည္းလြတ္မထားသင့္သလို မိမိနဲ႔လက္တကမ္းအကြာနဲ႔ မ်က္စိေအာက္မွာ သာသတိဝရိယထားၿပီးထား ရွိသင့္ပါတယ္ ။
ခုကိစၥမွာ ကိုယ္ဇနီးကလည္း လ်င္ျမန္တာတေၾကာင္း ကေလးေတြကလည္း ေခၚတိုင္းမသြားတာတစ္ေၾကာင္း က်ေနာ္ကလည္း အခ်ိန္မွီေရာက္သြားေတာ့ ဟန္႔ၿပီး ဘာမွမျဖစ္တာလို႔ပဲ စဥ္းစားမိပါတယ္ ။
Junction city မွာေတြ႕တဲ့ လူပုံက အသက္က ၆၀ ဝန္းက်င္ပိန္ပိန္ပါးပါ တီရွပ္နဲ႔ေဘာင္းဘီတိုဝတ္ထားပါတယ္ လက္ဗလာနဲ႔ပါ သိပ္လူရည္သန္႔ေတာ့မ ဟုတ္ပါ။ အဂ္လိပ္လို ကြၽမ္းက်င္စြာေျပာႏိူင္ပါတယ္ (Junction kid zone လာေသာကေလးေတာ္ေတာ္မ်ားမ်ား အဂ္လိပ္လို ေျပာဆိုၾကပါတယ္ ခုေခတ္အဂ္လိပ္ေက်ာင္း တက္တဲ့ကေလးက ခပ္မ်ားမ်ား က်ေနာ့ကေလးေတြ အပါ ေပါ့) ဒါကိုပစ္ မွတ္ထားတာလား စဥ္းစားစရာပါ ။
ေနာက္ဆုုံး ေျပာျခင္တာကေတာ့ ကေလးရွိတဲ့ မိဘမ်ား အထူးသတိထားၿပီး ဘယ္သြားသြား ေစ်းဝယ္စင္တာကအစ လူစည္ကားရာအရပ္ လူျပတ္ေသာအရပ္ကအစ ေနရာမေ႐ြးအခ်ိန္မေ႐ြး အႀကံသမားေတြရွိေနႏိူင္ ပါတယ္ အလစ္အငိုက္ကို ေစာင့္ေနႏိူင္ပါတယ္ ဆိုတာ ေျပာျပျခင္လို႔ ဒီစာေလးတင္လိုက္ျခင္း ျဖစ္ပါတယ္။ သတိရွိစြာနဲ႔ အႏၲရာယ္ကင္းေဝး ၾကပါေစ (အားလုံးက်န္းမာ ခ်မ္း​ သာ ၾကပါေစ )
ခရက္ဒဟ္ Aung Myat Moe fb
Unicode
မနေ့က 10.11.201 မိသားစု Junction city သွားလည်တုန်းထူးဆန်းတာကြုံ ခဲ့တာလေး ပြော ပြခြင်ပါတယ် ။ ဖြစ်ပုံကဒီလိုပါ ကျနော်ရယ် မဟေသီ ရယ် အိမ်ဖော်ကလေးမ နဲ့ ကျနော့သားရယ် မြေးလေးယောက် (ကျနော့တူကမွေးတာ) ပေါင်း ၅ယောက် Sunday မိသားစုအပြင်ထွက်ရင်းသားတောင်းဆိုလို့ Junction city က Kid zone လိုက်ပိုတာပါ ။
အချိန်က ၁၀နါရီခွဲ အောက်ကB1 ကားပါကင်မှာကျနော်က ကားပါကင်လုပ်နေတုန်းမိသားစုကအရင်သွားနှင့်ပါတယ် ။ ပြီးမှကနော်လိုက်သွားတော့ မိန်းမရယ်ကလေးတွေကဓာတ် လှေကားစောင့်နေရင်း ဓာတ်လှေကားအပေါက်ရှေ့ က Location map ကြည့်နေကြပါတယ် ။
မိန်းမက ဓာတ်လှေကားကိုကြောပေးထားပါတယ် ကျနော်ကလည်းမလှန်းမ ကမ်း ရောက်ချိန် ဓာတ်လှေကားတံခါးက ပွင့်သွားပါတယ်.. အဲ့အချိန် ဓာတ်လှေကားထဲက လူတယောက်ကလေးတွေကိုအတင်းခေါ်နေပါတယ် ။ လာလာ ဖေဖေမေမေတို့နောက်ကလိုက်လာလိမ့်မယ်ဆို ပြီးအတင်းလက်ယပ်ခေါ်ပါတယ် ။
တော်သေးတယ် ကလေးတွေကလည်းမသွားပဲကြောက်ကြည့်နေတုန်း မိန်းမကအဲ့လူကိုလှည့် ကြည့်လိုက်တော့ နည်းနည်းရှိန်ပြီး မျက်နှာပျက်သွားပါတယ် ။ အဲ့အချိန်ကျနော်ကလည်းရောက်သွားတော့မိသားစုအားလုံး ဓာတ်လှေကားထဲ ဝင်သွားပြီး တံခါးပိတ်လိုက်ပါတယ် ကိုယ်တွေသွားမဲ့တတိယထပ်ကိုနိပ်ပြီးစောင့်နေလိုက်ပါတယ် ။
ကျနော့ကလေးတွေကလည်းသူတို့ကလေးသုံးယောက်အခြင်းခြင်း ဘိုလိုပဲပြောနေကြလို့ အဲ့လူ က နိူက်ငံခြားသားတွေထင်လို့ရောပြီး where are you come from မေးတော့ ကျနော်ကမြန်မာပါပဲလို့ပြောလိုက်ပါတယ်။ အဲ့တော့မှ ကလေးတွေဒီကိုလာပို့တာကောင်းတယ် ကလေးကစားကွင်း kid zone လည်းရှိတယ်ဘာညာပြောပါလေရော ။
ကျနော်တို့လည်း ကိုယ်သွားမဲ့တတိယထပ်ရောက်တော့မိသားစုအားလုံးထွက်လာကြပြီး အဲ့လူကတော့ ဓာတ်လှေကားထဲကျန်ခဲ့ပါတယ် ။ အာ့နဲ့မိသားစု ကလေးကစားကွင်းထဲသွား ကစားကြပြီး မုန်ထွက်စား ညနေ၄ နာရီမှ ပြန်လာကြပါတယ် ။
အဲ့အဖြစ်အပျက် (ဓါတ် လှေကားထဲကနေ အဲ့လူက လေးတွေ အတင်းလှမ်းခေါ်တာကို အိမ်ရောက်ပြီးမှ မိန်းမပြောပြပါတယ် သူလည်းလန့် သွားတာပေါ့) အာ့နဲ့ ကျနော်စဉ်းစား ဆက်စပ်တွေးကြည့်မိတာကတော့ ။
၁ ။ ဒီလူ ကလေးတွေကို အတင်းခေါ်တာမရိုးသားဘူး.. မိဘတွေနောက်မှ လိုက်လာမယ် ဘာညာပြောပြီး အတင်းခေါ်နေတာ လူစိမ်းတယောက်မိသားစုနဲ့လည်းရင်းနှီးမှူမရှိ ။
၂ ။ ကလေးတွေက အဆော့သန်သွက်လက်ကြပါတယ် တကယ်လို့ ကလေးတယောက်ယောက်သော်၎င်း သုံးယောက်လုံးသည်၎င်း ဓာတ်လှေကားထဲဝင်သွားမိသော် သူကတံခါး ပိတ်ပြီးတာနဲ့ဘယ်အထပ်တက်သွားမှန်မသိသလို ချက်ချင်းလိုက်ဖို့မလွယ်ပါဘူး ။
၃။ Juction city မှာ kid zone ရှိတာသိသလို ကလေးတွေအများကြီး လာတယ်လည်း ပြောပါတယ် ။( နေရာဌာနကိုဓာတ်သိကျွမ်းကျင်နေပါတယ်)
ဒါတွေကိုဆက်စပ်တွေးကြည့်လိုက်တော့ အခန့် သင့်ရင် ကလေးတွေကိုခေါ် သွားမဲ့ပုံ ( လမ်းကြုံလို့သော၎င်း ပုံမှန်ပစ်မှတ်လှည့်ရှာနေတ၎င်း ဖြစ်နိူင်ပါတယ် ။
fb မှာလည်းမကြာခဏဆိုသလို ကလေးတွေ ပျောက်တယ် ကလေးသူခိုးတွေ လှူပ်ရှားနေတယ် အမြဲတွေ့မြင်နေရတာပါ။ မကြာသေးခင်က ဈေးဝယ်စင်တာတခုမှာ မိခင်ရှေ့မှာတင် ကလေးကိုကောက်ချီသွားတဲ့အထိ အတင့်ရဲပြီး မိခင်ကနောက်က အော်တော့မှ ကလေးက်ပြန်ချပြီး စသလိုနောက်သလိုနဲ့ ထွက်သွားတာဖတ်ဖူးပါတယ် ။
ခုလည်း စိတ်ထဲမသက်ာစရာ ဖြစ်နေလို့ဒီစာလေး ရေးလိုက်တာပါ ။ ကလေးရှိသူမိဘတိုင်း မည်သည့်နေရာပဲသွားသွားအထူးသတိထားစေခြင်ပါတယ် ။ကလေးတွေကိုတယောက်တည်းလွတ်မထားသင့်သလို မိမိနဲ့လက်တကမ်းအကွာနဲ့ မျက်စိအောက်မှာ သာသတိဝရိယထားပြီးထား ရှိသင့်ပါတယ် ။
ခုကိစ္စမှာ ကိုယ်ဇနီးကလည်း လျင်မြန်တာတကြောင်း ကလေးတွေကလည်း ခေါ်တိုင်းမသွားတာတစ်ကြောင်း ကျနော်ကလည်း အချိန်မှီရောက်သွားတော့ ဟန့်ပြီး ဘာမှမဖြစ်တာလို့ပဲ စဉ်းစားမိပါတယ် ။
Junction city မှာတွေ့တဲ့ လူပုံက အသက်က ၆၀ ဝန်းကျင်ပိန်ပိန်ပါးပါ တီရှပ်နဲ့ဘောင်းဘီတိုဝတ်ထားပါတယ် လက်ဗလာနဲ့ပါ သိပ်လူရည်သန့်တော့မ ဟုတ်ပါ။ အဂ်လိပ်လို ကျွမ်းကျင်စွာပြောနိူင်ပါတယ် (Junction kid zone လာသောကလေးတော်တော်များများ အဂ်လိပ်လို ပြောဆိုကြပါတယ် ခုခေတ်အဂ်လိပ်ကျောင်း တက်တဲ့ကလေးက ခပ်များများ ကျနော့ကလေးတွေ အပါ ပေါ့) ဒါကိုပစ် မှတ်ထားတာလား စဉ်းစားစရာပါ ။
နောက်ဆုံး ပြောခြင်တာကတော့ ကလေးရှိတဲ့ မိဘများ အထူးသတိထားပြီး ဘယ်သွားသွား ဈေးဝယ်စင်တာကအစ လူစည်ကားရာအရပ် လူပြတ်သောအရပ်ကအစ နေရာမရွေးအချိန်မရွေး အကြံသမားတွေရှိနေနိူင် ပါတယ် အလစ်အငိုက်ကို စောင့်နေနိူင်ပါတယ် ဆိုတာ ပြောပြခြင်လို့ ဒီစာလေးတင်လိုက်ခြင်း ဖြစ်ပါတယ်။ သတိရှိစွာနဲ့ အန္တရာယ်ကင်းဝေး ကြပါစေ (အားလုံးကျန်းမာ ချမ်း သာ ကြပါစေ )
ခရက်ဒဟ် Aung Myat Moe fb