ads

sponsor

Wednesday, February 27, 2019

paypal money steal by payment fake request


new paypal လူလိမ် အသစ်
https://www.facebook.com/kothura.kothura.37625
လာလိမ်မယ့် မြေနိုး acc
သတိထားကြပါ
payment request နဲ့ လာလိမ့်မယ် ခင်ဗျားတို့ ကို လိမ်ဖို့ 
ကိုယ်တွေ အတွက်က ကလေး အကွက် ဆို ပေမယ် 
သူများအတွက် လိမ် ခံ ထိ ပါမယ် သတိထားပါ
cancel လုပ်လိုက်ပါ

လူလိမ် ဇာတ် လမ်း စတာကြည့် 
https://www.facebook.com/kothura.kothura.37625
ကျွန်တော်သိတယ်
ဒီ ကောင် ဘယ်လို လိမ်မလဲ ဆိုတာ သိခြင်တာ
kim@rapitech.com.tw မြေနိုး paypal email
လိမ်တာတောင် မနက်ဘူး 
နှေးကွေးနေသေး
နောက်ဆုံး ငွေ မရဘူး 
မြေနိုး ဒေါသ ထွက်ပြီး 
ပြန် သွားရတယ် ခိခိ











Sunday, February 24, 2019

ဆီးစစ်တံမရှိပဲ ကိုယ်ဝန် ရှိမရှိ အဖြေမှန်ရအောင် ဘယ်လိုစစ်ဆေးမလဲ..

ဆီးစစ်တံမရှိပဲ ကိုယ်ဝန် ရှိ/မရှိ အဖြေမှန်ရအောင် ဘယ်လိုစစ်ဆေးမလဲ..?

1054
မနက်ပိုင်း အိပ်ယာက နိုးလာတဲ့အခါ ကိုယ်လက်မအီမသာ ပင်ပန်းသလို ခံစားရတာ၊ မကြာခဏဆိုသလို ပျို့အန်ချင်နေတာ၊ ဓမ္မတာလာရမယ့်ရက်ကို ကျော်သွားတာ စတဲ့လက္ခဏာတွေက ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေဆိုတာ အမျိုးသမီးတွေအနေနဲ့ အများအားဖြင့် သိထားပြီး ဖြစ်ကြပါတယ်။
ဒါပေမယ့် ဒီလိုလက္ခဏာလေးတွေပြရုံလောက်နဲ့တော့ အမှန်တစ်ကယ် ကိုယ်ဝန်ရှိနေပါပြီလို့ ပြောလို့မရသေးဘူးနော်။ ဒီလို သတင်းမျိုးဆိုတာ သေချာမှပဲ အခြားသူတွေကို အသိပေးဖို့ ကောင်းတာမျိုးမဟုတ်လား..?
ဒီတော့ သေချာအောင် စစ်ဆေးကြည့်ဖို့ လိုတယ်လေ၊ အဲဒီလိုအချိန်မျိုးမှာ ဆီးစစ်တံကလည်း အသင့်ရှိမနေဘူးဆိုရင် ဘာလုပ်ကြမလဲ…?
ဘာမှ မပူပါနဲ့..။ အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ ရှန်ပူ၊ ဆား၊ သကြား၊ သွားတိုက်ဆေး စတောတွေနဲ့ ကိုယ်ဝန်ရှိ၊ မရှိကို အတိအကျ စမ်းသပ်နိုင်တယ်ဆိုရင် အံ့သြသွားမလား..?
မယုံမရှိနဲ့ တစ်ကယ် အတိအကျသိနိုင်ပါတယ်။
ကိုယ်ဝန် ရှိ၊ မရှိ ကို စစ်ဆေးနိုင်တဲ့ နည်းလမ်းက နှစ်မျိုးရှိပါတယ်။ တစ်နည်းက ဆီးကနေစစ်တာဖြစ်ပြီး နောက်တစ်နည်းက သွေးနဲ့စစ်ဆေးတာဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ တစ်ပြိုင်နက် HCG (Human Chorionic Gonadotropin) ဆိုတဲ့ စပါရှယ်ဟော်မုန်း တစ်မျိုးကို သန္ဓေသားက သားအိမ်နံရံမှာ တွယ်ပြီဆိုတာနဲ့ အချင်းတိုင်ကနေ အလိုလျှောက် ထုတ်လုပ်ပေးပါတော့တယ်။ သန္ဓေတည်ပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ HCG ဟော်မုန်း ထုတ်ပေးမှုကလည်း တစ်ဖြည်းဖြည်း မြင့်တက်လာပါတယ်။
အမျိုးသမီးတွေ ကိုယ်ဝန်ရှိလာပြီဆိုရင် ခန္ဓာကိုယ်အတွင်းပိုင်းကနေ ပြောင်းလဲမှုတွေကြောင့် မအီမသာဖြစ်လာပြီး အထက်မှာ ဖော်ပြခဲ့သလို ထင်ရှားတဲ့ လက္ခဏာရပ်တွေကိုလည်း သိသာလာစေပါတယ်။ ဒါကြောင့်မို့ သေချာသွားအောင် အိမသုံးပစ္စည်းလေးတွေနဲ့ပဲ အလွယ်တကူ အဖြေမှန်ရအောင် စစ်ဆေးနိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှလိုက်ပါတယ်။
ကိုယ်ဝန်ရှိ/မရှိ (ရှန်ပူနဲ့) စစ်ဆေးနည်း
၁။ ရှန်ပူကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာယူပြီး သန့်ရှင်းတဲ့ ခွက်ထဲထည့်ကာ ရေအနည်းငယ်နဲ့ အမြုတ်ထလာအောင် ရောသမမွှေပါ။
၂။ နံနက်ခင်း စောစောစွန့်ထားသော ဆီးကို ခွက်သန့်သန့်ဖြင့် ခံထားပါ။
၃။ ဆီးကို ရှန်ပူဖျော်ထားသော ခွက်ထဲသို့ လောင်းထည့်ပြီး ၂ မိနစ်ကနေ ၃ မိနစ်ထိ စောင့်ပါ။
အဖြေ
၃ မိနစ်ခန့် စောင့်ပြီးနောက် ရှန်ပူအမြုတ်များ နဂိုမူလထက် ပိုပြီးအမြုတ်ထတက်လာပါက ကိုယ်ဝန်ရှိနေတာ သေချာပြီဖြစ်ပါတယ်။
အကယ်၍ ရှန်ပူအမြုတ်က မပြောင်းလဲပဲ ယခင်အတိုင်းရှိနေတယ်ဆိုရင်တော့ အဖြေက ကိုယ်ဝန်မရှိပါ။
ကိုယ်ဝန်ရှိ/မရှိ (ဆားနဲ့) စစ်ဆေးနည်း
၁။ အိမ်သုံးဆားအဖြူအသန့်ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာ ခွက်သန့်ထဲ ထည့်ပါ။
၂။ နံနက်ခင်း စောစောစွန့်ထားသော ဆီးကို ခွက်သန့်သန့်ဖြင့် ခံထားပါ။
၃။ ဆီးကို ဆားထည့်ထားသောခွက်အတွင်း လောင်းထည့်ပါ
၎။ အဖြေရရန် ၃ မိနစ်ကနေ ၅ မိနစ်ထိ စောင့်ဆိုင်းပါ။
အဖြေ
ဆားပျော်ရည်ခွက်အတွင် အပြောင်းအလဲမရှိရင် ကိုယ်ဝန်မရှိဘူးဆိုတဲ့ အဖြေဖြစ်ပါတယ်။
အကယ်၍ ဆားပျော်ရည်ခွက်ထဲမှာ ပုံမှန်မဟုတ်ပဲ အမြုတ်ပူစီပေါင်းလေးတွေ ထလာမယ်၊ ဆီးအရောင်ကလည်း အမှောင်ဘက်ကို ပြောင်းသွားမယ်ဆိုရင်တော့ ကိုယ်ဝန်ရှိတဲ့ လက္ခဏာပဲဖြစ်ပါတယ်။
ကိုယ်ဝန်ရှိ/မရှိ (သကြားနဲ့) စစ်ဆေးနည်း
၁။ သကြားကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ သန့်ရှင်းသော ခွက်ထဲသို့ထည့်ပါ။
၂။ နံနက်ခင်း စောစော ပထနဦးဆုံး စွန့်ထားသော ဆီးကို ခွက်သန့်သန့်ဖြင့် ခံထားပါ။
၃။ ဆီးကိုလည်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ခပ်ပြီး သကားခွက်ထဲသို့ ထည့်ပါ။
၎။ အဖြေရရန် အချိန် ၅ မိနစ်ခန့် စောင်ကြည့်ပါ။
အဖြေ
သကြားတွေဟာ ဆီးထဲမှာ ပျော်ဝင်သွားတယ်ဆိုရင် ကိုယ်ဝန်မရှိပါဘူး။
ဒီလိုမှမဟုတ်ပဲ သကြားတွေက ဆီးထဲပျော်ဝင်သွားရမယ့်အစား အတုံးအခဲတွေလို စုသွားတယ်ဆိုရင်တော့ ကိုယ်ဝန်ရှိနေပြီဆိုတာ သေချာပါတယ်။
ကိုယ်ဝန်ရှိ/မရှိ (သွားတိုက်ဆေးနဲ့) စစ်ဆေးနည်း
သွားတိုက်ဆေးနဲ့ စစ်ဆေးနည်းမှာတော့ အရောင်မရှိတဲ့ သွားတိုက်ဆေး(အဖြူ)၊ အခြားအရသာတွေ မပါဝင်တဲ့ သွားတိုက်ဆေးနဲ့ စစ်ဆေးခြင်းက ပိုပြီးထိရောက်မှန်ကန်ကြောင်း ကနဦး မှာကြားပါရစေ။
၁။ ထုံးစံအတိုင်း နံနက်စောစော ပထမဦးဆုံး စွန့်တဲ့ဆီးကို ခွက်သန့်သန့်နဲ့ ခံထားပါ။
၂။ သွားတိုက်ဆေး အတန်အသင့်ကို ခွက်သန့်ထဲ ညှစ်ထည့်ပါ။
၃။ သွားတိုက်ဆေး ထည့်ထားသော ခွက်အတွင်းသို့ ဆီးကို တတ်နိုင်သရွေ့ တစ်စက်ချင်း လောင်းထည့်ပါ။
၎။ ခပ်ပျစ်ပျစ်အနေအထားရောက်အောင် တုတ်ချောင်းအသန့်နဲ့ ရောမွှေပါ။
အဖြေ
ကိုယ်ဝန်ရှိတဲ့ လက္ခဏာဆိုရင်တော့ သွားတိုက်ဆေးဟာ အမြုတ်ထလာမယ် ပြီးတော့ အဖြူရောင်ကနေ မသိမသာ အပြာရောင်ဘက် အနည်းငယ် သမ်းလာမှာဖြဟ်ပါတယ်။
အမြုတ်လဲမထဘူး အရောင်လည်း မပြောင်းသွားဖူးဆိုရင်တော့ ကိုယ်ဝန်မရှိဘူးဆိုတဲ့ အဖြေဖြစ်ပါတယ်။
ကိုယ်ဝန်ရှိ/မရှိ (ရှာလကာရည်နဲ့) စစ်ဆေးနည်း
အိမ်ရှင်မတိုင်းရဲ့ မီးဖိုဆောင်မှာ အမြဲရှိနေတဲ့ ရှာလကာရည်နဲ့လည်း စစ်ဆေးကြည့်နိုင်ပါတယ်။
၁။ ရှာလကာရည် လက်ဖက်ရည် ၂ ဇွန်းစာကို ပလပ်စတစ်ခွက်အသန့်ထဲ ထည့်ပါ (ရက်လွန် ရှာလကာရည်မဖြစ်ရ)
၂။ နံနက်စောစော ဦးဆုံးစွန့်ထားတဲ့ ဆီးအသင့်ရှိပါစေ။
၃။ ဆီးကို ရှာလကာရည်ထဲသို့ သင့်တင့်စွာထည့်ပြီး ရောမွှေပါ။
အဖြေ
အမြင်အရ ဘာမှပြောင်းလဲမှုမရှိဘူးဆိုရင် ကိုယ်ဝန်မရှိတဲ့ အဖြေပါ။
ဒီလိုမဟုတ်ပဲ ဆီးဟာ ရှာလကာရည်နဲ့တွေပြီး အရောင်ပြောင်းလာတယ်ဆိုရင်တော့ သေချာပါတယ် သင့်မှာ ကိုယ်ဝန်ရှိနေပါပြီ။ ရှာလကာရည်ဟာ HCG ဟော်မုန်းနဲ့ တွေ့တဲ့အခါ အရောင်ပြောင်းသွားတတ်ပါတယ်။
ဖော်ပြပါ အိမ်သုံးပစ္စည်းလေးတွေနဲ့ မိမိမှာ ကိုယ်ဝန်ရှိမရှိ အရေးပေါ် စစ်ဆေးပြီး အမှန်ကန်ဆုံးအဖြေ ရရှိနိုင်ကြပါစေ။
Credit.Popolay

https://www.isabellaonlinemm.com/28965/?fbclid=IwAR1XTkdLOuoucpoiV6DEu_qxwqIML5dcCw-UCu8nEVt8OVQ_4K0kICT_aFQ

Thursday, February 21, 2019

သူ့ရဲ့မအင်္ဂါ က ထိပ်ဖုံးနှစ်ခုအား ဖြတ်တောက်ကာ အဆင်တန်ဆာအဖြစ် ဝတ်ဆင်ထားသော ဗြိတိန်မော်ဒယ်

သူ့ရဲ့မအင်္ဂါ က ထိပ်ဖုံးနှစ်ခုအား ဖြတ်တောက်ကာ အဆင်တန်ဆာအဖြစ် ဝတ်ဆင်ထားသော ဗြိတိန်မော်ဒယ်

(Zawgyi ဖြင့်​ဖတ်​ရန်​)
လူတွေဟာ ကိုယ့်ရဲ့စတိုင် ကို ထင်ဟပ်စေနိုင်မယ့် ရတနာတွေကိုဝတ်ဆင်လေ့ရှိကြတယ်။ဒီအမျိုးသမီးရဲ့ဖက်ရှင်ကတော့ အလွန်ကိုခေတ်ရှေ့ပြေးလွန်းသွားပါပြီ။သူဟာ သူ့ရဲ့ အသားစ ကို လည်ဆွဲတစ်ခုအဖြစ်ပြောင်းလဲပြီးတော့ လည်ပင်းမှာဆွဲထားခဲ့တာပါ။
ကလေးနှစ်ယောက် အမေ ချောမောတဲ့ဘလော့ဂါတစ်ယောက်ဖြစ်တဲ့ Tracy Kiss ဟာ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာ
Sperm တွေကို မျက်နှာပေါ်မှာသုတ်လိမ်းပြီးမျက်နှာကို ချောမောလှပစေတဲ့ ကုထုံး လုပ်ဆောင်ခဲ့တဲ့အတွက် နာမည်ကြီးခဲ့တစ်ယောက်ဖြစ်ပြီး အခုတစ်ခါလည်း နောက်ထပ်လူတွေသတိထားမိစရာတစ်ခုကို ဖန်တီးလိုက်ပြန်ပါပြီ။
သူ့ရဲ့မအင်္ဂါက အသားစကို လည်ပင်းမှာဝတ်ဆင်ထားတာပဲဖြစ်တယ်။အသက် ၂၉ နှစ်အရွယ် Buckinghamshire နယ်သူတစ်ယောက်ဖြစ်တဲ့ Kiss ဟာပုံမှန်မဟုတ်တဲ့အလှအပရေးရာပိုင်းမှာတော့ထူးဆန်းတဲ့သူတစ်ယောက်မဟုတ်တော့ဘူးSperm မျက်နှာပေါင်းတင်မျက်နှာဖုံးကို ဖန်တီးခဲ့တဲ့အပြင် ပေါင်ကြားနှိပ်နယ်မှု နဲ့ဘေကင်ဆိုဒါအမျိုးသမီးအင်္ဂါသန့်စင်ရည်ကိုလည်းဖန်တီးခဲ့သူလည်းဖြစ်တယ်
အခုတစ်ခါမှာတော့ သူ့ရဲ့အမျိုးသမီးအင်္ဂါအစိတ်အပိုင်းကိုခွဲထုတ်ပြီးတော့ ခရစ်တယ်အဖြစ်သွန်းလောင်းပြီးလည်ပင်းမှာဝတ်ဆင်ထားလိုက်ပြန်ပါပြီ။
ဘာကြောင့်လဲဆိုတော့ အောက်ပိုင်းကအစိတ်အပိုင်းတွေဟာ အရှေ့အလည်တည့်တည့်မှာဆိုရင်ပိုကြည့်ကောင်းလို့ပါတဲ့။
Kiss ဟာလွန်ခဲ့တဲ့လပိုင်းအတွင်းမှာ သူ့ရဲ့အမျိုးသမီးအင်္ဂါနှုတ်ခမ်းကိုပါးသွားအောင်ခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်
နေ့တိုင်း Gym ကစားတဲ့အချိန်မှာ သူ့ရဲ့လျို့ဝှက်အစိတ်အပိုင်းဟာ သိသာထင်ရှားနေတာကြောင့်အခုလိုခွဲစိတ်မှုခံယူခဲ့တာဖြစ်ပါတယ်။
NHS သတင်းဌာနကတော့ ဒီခွဲစိတ်မှုကို အခုလိုပဲပြောပြထားပါတယ်။”ဒါဟာ အမျိုးသမီအင်္ဂါရဲ့ထိပ်ဖုံးနှစ်ခုရဲ့အရွယ်အစားကိုသေးငယ်အောင်ပြုလုပ်တဲ့ခွဲစိတ်မှုတစ်ခုပါပဲ။
သူတို့ရဲ့လိင်အင်္ဂါထိပ်ဖုံးကိုသဘောမကျတဲ့အမျိုးသမီးတိုင်း ဒါမှမဟုတ် မနှစ်မြို့တဲ့အမျိုးသမီးတိုင်းဟာ ဒီခွဲစိတ်မှုကိုလုပ်ဆောင်ကြမှာပါပဲ။သချာစဉ်းစားပြီး ဆုံးဖြတ်ရမယ့် ဆုံးဖြတ်ချက်တစ်ခုဆိုတာတော့ သင်တွေးထားရမယ်။
အမျိုးသမီးအင်္ဂါထပ်ဖုံးအရေပြားဆိုတာကတော့ သာမန်အမျိုးအမျိုးသမီးတိုင်းမှာရှိနေတာပါပဲ။များသောအားဖြင့်တော့ အခုလိုခွဲစိတ်မှုဟာ အန္တရာယ်မရှိပါဘူး”။
သူ့ရဲ့အပြင်ထွက်နေတဲ့အမျိုးသမီးအင်္ဂါနှုတ်ခမ်းသားတွေကြောင့် ပွန်းနေတာတွေလည်းတွေ့ခဲ့ရပါတယ်။ဒါကြောင့် သူ့အတွက် အဆင်ပြေစေဖို့ ဒီနှုတ်ခမ်းသားတွေကို ဖြတ်ထုတ်ခဲ့ရတာဖြစ်တယ်။
Kiss ဟာ ဒီအသားပိုတွေကို လွှင့်မပစ်ချင်ခဲ့ဘူး။
ဒါကြောင့် သူ့ရဲ့အသားစတွေကို သိမ်းထားဖို့ဆိုပြီးတောင်းယူလာခဲ့တယ်။မသုံးတော့ပေမယ့်လည်း လွှင့်ပစ်စရာတော့မလိုပါဘူး။
နှုတ်ခမ်းသားတွေဟာ သူ့ရဲ့ပိုင်ရှင်ရဲ့ကိုယ်နဲ့အဆက်ပြတ်သွားတဲ့အခါမှာ သေဆုံးသွားခဲ့ပါပြီ။ဒါပေမယ့်လည်း Kiss ကတော့ သူ့ရဲ့အသားစလေးတွေအတွက် နည်းလမ်းတစ်ခုရှာတွေ့ခဲ့ပါတယ်။ပထမအသားစတွေကိုခြောက်သွေ့သွားအောင်လုပ်တယ် (အင်းဆက်တွေ အသားစားဘတ်တီးရီးယားတွေ သေသွားအောင်လုပ်တာပေါ့)။
နောက်တော့ တောက်ပနေတဲ့အမှုန်လေးတွေထဲနှစ်ပြီးတော့ ခရစ်စတယ်အရည်လောင်းကာပုံသွင်းခဲ့တယ်။ဘယ်အရာမဆို ပြန်လည်သုံးစွဲပါ..ပတ်ဝန်းကျင်အတွက်အထောက်အကူဖြစ်ပါတယ်။၄၈ နာရီအကြာမှာတော့ တောက်ပပြီးမာကျောနေတဲ့အမျိုးသမီးအင်္ဂါအစိတ်အပိုင်းလေးဟာ လည်ပင်းမှာဝတ်ဆင်ဖို့အတွက် အသင့်ဖြစ်သွားပါပြီ။
ဒါကတော့ တလက်လက်တောက်နေတဲ့အမှုန့်တွေနဲ့ သစ်စေးတွေဟာ အမျိုးသမီးအင်္ဂါရဲ့သေနေတဲ့အစိတ်အပိုင်းကိုတောင်တောက်ပသွားစေနိုင်တယ်ဆိုတဲ့သက်သေပါပဲ။Kiss ကတော့ သူ့ရဲ့ ရတနာကို ဖက်ရှင်တစ်ခုအနေနဲ့ တောက်ပမှုပေးစွမ်းနိုင်တယ်လို့ပြောထားပါတယ်။
“ကျွန်မရဲ့အစိတ်အပိုင်းဟာ အရောင်တောက်ပနေပြီးတော့ ကျွန်မခံစားခဲ့ရတာကို အဆုံးသတ်ပေးခဲ့တဲ့ အမှတ်တရတစ်ခုပါပဲ။
လူတွေကတော့ ကျွန်မသဘောကျတဲ့ ရတနာတွေကို မကောင်းပြောနေတာရှိချင်ရှိနေပါလိမ့်ဦးမယ်။ဆရာဝန်တွေ သူနာပြုတွေနဲ့ ကျွန်မပါတနာကဘယ်တော့မှ ကျွန်မကို မဝေဖန်ကြဘူး။
ဒါပေမယ့် စက်ဘီးစီးတဲ့အခါ ဂျင်းဘောင်းဘီကြပ်ကြပ်တွေဝတ်တဲ့အခါ ဒါမှမဟုတ် အမျိုးသားတစ်ယောက်နဲ့ကြည်နူးတဲ့အချိန်တိုင်းမှာအခုလိုဖြစ်နေတဲ့အမျိုးသမီးတိုင်း ဒီဒုက္ခကိုနားလည်ပါလိမ့်မယ်။လိင်ကျန်းမာရေးကိစ္စကိုလည်းကျွန်မလူတွေသတိထားမိအောင် တံခါးတစ်ချက်ဖွင့်လှစ်ပြသခဲ့ပြီးပါပြီ။
အခုလည်း ဒီလိုမျိုး နာကျင်မှုကို ဖယ်ရှားဖို့အတွက် ခွဲစိတ်တဲ့ကိစ္စကို လူတွေက ကျွန်မမြင်သလိုအကောင်းမြင်နိုင်ပြီးတော့
ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ဖို့မျှော်လင့်ပါတယ်”။
Kiss ဟာ သူ့ရဲ့ရင်သားတွေကို အရေးပေါ်ပြန်လည်ခွဲစိတ်ပြီးနောက်ရင်သားထဲထည့်ထားခဲ့တဲ့စီလီကွန်တွေကိုလည်းပြန်လည်ယူဆောင်သွားပြီးသိမ်းထားခဲ့ပါသေးတယ်
ဒီတော့မကြာခင်မှာ နောက်ထပ်
လက်ဝတ်ရတနာတစ်ချို့ထွက်ပေါ်လာနိုင်တဲ့အခြေအနေမှာရှိပါတယ်။
Crd

https://myanmarpeoplealliance.com/archives/9921?fbclid=IwAR1BnLJ5XVK1dS2oeMmv5YfIVgrO5n7xqB1zoCRy9YG0tcGDIOxwdewBFbU

Wednesday, February 20, 2019

Coinbase ကလုံခြုံစိတ်ချမှုရှိသလား

Coinbase ကလုံခြုံစိတ်ချမှုရှိသလား
***Coinbase ကလုံခြုံစိတ်ချမှုရှိသလား??
***Coinbase အကြောင်း???
***Coinbase ကဘလို အန္တရယ် ရှိသလဲ??

ဒီအကြောင်းကျနော်ရေးချင်နေတာကြာပီဗျ မရေးဖြစ်ခဲ့တာပါ ခုမှရေးဖြစ်သွားခဲ့တာပါ ဖတ်ကျမယ်မလား??

1.Coinbase ကလုံခြုံစိတ်ချမှုရှိပါသလာ??

အဖြေ ;;Coinbase ကလုံခြုံစိတ်ချမှု 100% ရှိပါတယ် မိမိဘက်ကလိုအပ်တာတွေတော့ ပြည့်ပြည့်စုံစုံလုပ်ထားရပါမယ် မိမိ Gmail Account ကိုလုံခြုံစွာသိမ်းပါ Password ကိုဘယ်သူမှမပေးမိပါစေနဲ့ နောက်တစ်ချက် Coinbase Account ကို Phone number Code ခံထားပေးပါ /2FA code ခံထားပါ ဒါဆိုရင် 100% လုံခြုံစိတ်ချမှု ရှိပါတယ် !!!

2.Coinbase အကြောင်း??

အဖြေ!!!Coinbase ကတစ်ခါဝင်ယူတိုင်းတစ်ခါ Address ပြောင်းလဲပါတယ် မိမိ Address Record တွေကို Coinbase ကို Application ကနေမဟုတ်ပဲ Bowser ကနေပီးတော့ မိမိ Address list ကိုလည်းပြန်ပီးကြည့်လို့ရပါတယ်***
***Coinbase ရဲ့အားသာချက်တစ်ခုက Gmail to Gmail BTC ကိုလွဲပြောင်းလို့ခြင်းပါပဲ fee ခမပေးရပါ **
***မိမိအကောင့်ကနေ BTC တစ်ဖက်ကိုလွဲလိုက်တယ် Gmail to Gmail ပေါ့ တစ်ဖက်မှာ အာ့လိုလွဲတဲ့အခါ Gmail မှားထည့်မိခဲ့ရင် မိမိလွဲလိုက်သော Gmail ကမဖွင့်ရသေးသော Gmail ဖြစ်ပါက မိမိကိုယ်တိုင် အာ့Gmail ပုံစံအတိုင်းCoinbase accountဖွင့်ပါ ဒါဆို မိမိလွဲသော btc ပြန်ရပါလိမ့်မယ် မိမိလွဲလိုက်သော Gmail သည် တစ်ဦးတစ်ယောက်ပိုင်ဆိုင်သော Gmail(Coinbase မဖွင့်ထားသော Gmail) ဖြစ်ပါက မိမိ အကောင့်သို့ 1လအတွင်းပြန်လည်ပို့ပေးပါတယ် **
**Coinbase Official Twitter Support /Coinbase Website Support တွေမှာလည်း ဝင်ရောက် Support တင်လို့ရပါတယ်**

3.***Coinbase ကဘလို အန္တရယ် ရှိသလဲ??

အဖြေ!!Coinbase ကမသိမသာလေး Dangerous ရှိပါတယ် မိမိအကောင့်ထဲရှိငွေပမာအားလုံး ဆုံးရှုံးနိုင်ပါတယ် ဘလို Dangerous လည်??? ကျနော်စပြောပြပါမယ် မိမိက Coinbase အကောင့်ဖွင့်လိုက်တာ တစ်ခါတစ်ရံ သတိမထားမိပဲ Coinbase အကောင့်တစ်ခုရသွားမယ် အာ့လိုအခြေအနေမျိုးမှာ ဆုံးရှုံးမှုစတင်လာပါတယ် ဒါကဘလိုလည်:??? မိမိ Coinbase အကောင့်ဖွင့်လိုက်တဲ့ အခါသတိထားရမှာက Country ပြသာနာပါ Country ကို Myanmar နိုင်ငံမထားပဲ ဖွင့်မိပါက Dangerous အလွန်ရှိပါတယ် ဥပမာ US country ထားမိခဲ့တယ်ဆိုပါစို့ ဒါဆို မိမိ Coinbase Account ဟာ Send မရ လွဲမရဖြစ်တက်ပါတယ် send /လွဲ ဖို့ Verified ID တင်ခိုင်းတော့မှာ ဖြစ်ပါတယ် မိမိက US လူမျိုးမဟုတ်တဲ့အတွက် US id/Passport မရှိတဲ့အခါ မိမိအကောင့်က ဆုံးရှုံးသွားပါပီ ပြန်ရဖို့ %ကလည်း အရမ်းနည်းပါတယ် ဒါကြောင့် မိမိက Coinbase Account ဖွင့်ရင် Myanmar Country ရွေးပေးပါ Myanmar Country ဆိုရင် Verified id မတောင်းပါ မိမိသတိထားရမှာက မိမိ U Coinbase Account ဖွင့်ပီးသွားရင် send /receive အရင် နှိပ်ကြည့်ပါ send /receive နှိပ်လို့ရမှ မိမိ Coinbase အကောင့်ကို သုံးပါလို့အကြုံပြုတိုက်တွန်းလိုက်ပါတယ်ဗျနော်***

**မသိသူမရှိရအောင် Post ကို Share ပေးပါအုံးဗျနော် **

ဒီ Post ကို ကျနော် Kaung Kin မှ ရေးသားပါတယ် ခင်ဗျ အားလုံးကို ကျေးဇူးတင်လျက်

#Kaungkin
16.2.2019
https://www.facebook.com/photo.php?fbid=2279232545665775&set=a.1503075569948147&type=3

ခိုတွေကြောင့် ဆုံးပါးသွားခဲ့တဲ့ မောင်သူရအောင် ( ၆ နှစ် )

ခိုတွေကြောင့် ဆုံးပါးသွားခဲ့တဲ့ မောင်သူရအောင် ( ၆ နှစ် )

914
ဒီနေ့မနက်မှာပဲ မိတ်ဆွေတယောက်ရဲ့(၆)နှစ်သား ကလေးငယ်လေး ရက်လည်ဆွမ်းကျွေးသွားဖြစ်တယ် ကလေးက ရုတ်တရက်ကြီးလို ရေချိုးနောက်ကျရာက အပြင်းဖျား ဆေးရုံရောက်တယ်လေ အဲ့ကနေနောက်တရက်ပဲ ဆုံးသွားရှာတယ်
နောက် သိလိုက်ရတာ ဦးနှောက်အမြှေးရောင်တာတဲ့ ဘာကြောင့်ဖြစ်မှန်းမသိ မိဘတွေမှာ..ဇဝေဇဝါပေါ့ ရုတ်တရက်ဘာဖြစ်ပါလိမ့်ပေါ့ ကလေးဆေးရုံက ဆရာဝန်ကြီးကမေးတယ် ခင်ဗျားတို့ အိမ်မှာ ငှက်တွေများမွေးသလားပေါ့..
မမွေးပါဘူးပေါ့..မိဘတွေကလည်း ဘာလို့လဲဆရာဆိုတော့ ကလေးမှာဘက်တီးရီးယားတွေကူးစက်ခံထားရတယ် အတွင်းကလီစာတွေလည်းထိခိုက်ထားတယ် တဲ့လေ နောက်မှ..သူ့အဖေက စဉ်းစားလာမိတယ် အားပါးပါး… နေနေတဲ့ တိုက်ခန်း(၄)လွှာဝရံတာ မျက်နှာကြက်အမိုးအောက်မှာ ခိုတွေ..ခိုတွေ.. အသိုက်ဖွဲ့နေကြတာ မြင်မကောင်းဘူး
ခိုချေးတွေက လက်ရန်းဘောင်တွေမှာ နင်းကြမ်း.. နေလာတာ (၂)နှစ်ကျော်ပြီတဲ့လေ.. ကလေးက ခနခန ခေါင်းကိုက်တယ် ဗိုက်နာတယ်ပြောပါတယ် မိဘတွေက ကျောင်းမတတ်ချင်လီု့ ဂဂျီဂဂျောင်လုပ်တယ်ထင်နေခဲ့တာလေ..အခုမှ သိတော့တယ် ကလေးက သူဖြစ်နေတာကို သူ မပြောပြတတ်တာကိုး စိတ်မကောင်းဖြစ်မိသလို နောက်ထပ်လည်းမဖြစ်စေရအောင် သတိပြုစေချင်လို့ အောက်ဖော်ပြပါ စာတွေကို ရှယ်ပေးလိုက်ရပါတယ်.. အားလုံးကျန်းမာချမ်းသာစွာဖြင့် လောကကောင်းကျိုးသယ်ပိုးနိုင်ကြပါစေ
“ခို” သို့မဟုတ် မြို့ပြ အန္တရာယ်
ကုသိုလ်ရရာ ရကြောင်းဆိုတဲ့ အကြောင်းပြချက်ပဲဖြစ်ဖြစ်၊ တိရိစ္ဆာန်တွေကို သနားကြင်နာလို့ပဲဖြစ်ဖြစ်၊ ယတြာချေတာပဲဖြစ်ဖြစ် မြန်မာနိုင်ငံတင်မကပဲ ကမ္ဘာတ၀န်း ခိုတွေကို အစာကြွေးကြပါတယ်။ ခိုစာကြွေးတာ ကုသိုလ်ကောင်းမှူ ဖြစ်မဖြစ် ဒီနေရာမှာအငြင်းမပွားလိုပါဘူး ဒါပေမယ့် ဒီစာစုကို ဆက်ဖတ်ရင်းမိမိဖာသာ သုံးသပ်မိလာပါလိမ့်မယ်။
ခိုစာကြွေးတာ ခိုတွေကိုသနားရာလုံးဝ မရောက်ပဲ လမ်းမထက်မှာကား မဆိုထားနဲ့ ဆိုက်ကားကို တောင်မရှောင်နိုင်တဲ့ ခိုတွေတိုးပွားအောင်အားပေးရာပဲရောက်ပါတယ်။ ဘာကြောင့်ခိုတွေကို အစာမကြွေးသင့်သလဲဆိုတဲ့ အကြောင်းပြချက် အများကြီးရှိပေမယ့် အဓိကအားဖြင့် ကျွန်ုပ်တို့ရဲ့ ပါတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေပြီး ကျေးငှက်သဘာဝ ကိုလည်းထိခိုက်ပျက်စီးစေလို့ဖြစ်ပါတယ်။
ခိုတွေများလာတာ ကျန်းမာရေးအန္တရာယ် ကျွန်တော်တို့ အနီးအနားပါတ်ဝန်းကျင်မှာခိုတွေ အထိန်းအကွပ်မရှိတိုးပွားလာခြင်းဟာ မြို့ပြလူနေမှူ့စနစ်အတွက် ပြဿနာမျိုးစုံတိုးပွားလာခြင်းပဲဖြစ်ပါတယ်။ နေရာတကာ မှာအဆက်မပြတ်ဆိုသလို စွန့်ပစ်ချနေတဲ့ ခိုအုပ်ကြီးတွေရဲ့ အညစ်အကြေးတွေဟာ အများပြည်သူ သွားလာနေတဲ့ပလက်ဖောင်းတွေ၊ သာသနိကအဆောက်အဦတွေ၊ ရုံးတွေ အစရှိတဲ့ နေရာတွေမှာ အနံ့အသက် အမှုန်အမွှား တွေနဲ့ အော်ကလီဆန်စရာ ဖြစ်စေရုံမျှ မကပဲ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါခံစားနေရသူတွေအတွက် အသက်အန္တရာယ် ကိုပါခြိမ်းခြောက်လာနိုင်တဲ့ ရောဂါပိုးတွေကို အရှိန်အဟုန်နဲ့ ဖြန့်ဖြူးပေးနေတာလဲဖြစ်ပါတယ်။
ရာနဲ့ချီတဲ့ ခိုတွေနားနေတတ်လို့ ဓါတ်ကြိုးတွေ၊ တယ်လီဖုန်းကြိုးတွေ မကြာခဏ ပြတ်ကျတာမျိုး ဖြစ်လေ့ရှိပါတယ်။ ခိုတွေ ရဲ့ အသိုက်တွေဟာ အဖိုးတန်အဆောက်အအုံတွေရဲ့ အမိုးတွေ၊ ပြဿတ်တွေ၊ မျက်နှာကျက်တွေ ကိုပျက်စီးစေရုံမျှမကပဲ ခိုသိုက်တွေရဲ့ အမှိုက်သရိုက်တွေဟာ ရေတံလျှောက်တွေ၊ ပိုက်လိုင်းတွေကို ပိတ်ဆို့စေပါတယ်။ နောက်ပြီး အသိုက်ထဲမှာ ကျန်နေတတ်တဲ့ လှေးတွေ၊ မွှားတွေဟာ လူတွေ အိမ်မွေးတိရိစ္ဆာန်တွေဆီကို အလျှင်အမြန်ပဲ ကူးဆက်သွားလေ့ရှိပါတယ်။ ခိုစာ တွေ ဟာအမှိုက်တွေဖြစ်သွားသလို ကြွက်တွေကို အထူးသဖြင့်စွဲဆောင်ပါတယ်။
ကာလ အတန်ကြာခိုစာရောင်း၊ ခိုစာကြွေးနဲ့ နေရာတွေကို ကြည့်ရင် ခိုမွှေးတွေ၊ ခိုချေးတွေ တင်မကပဲ ခိုစာရောင်းသူရဲ့ မနီးမဝေး ကြွက်တွင်းတွေ၊ မြောင်းဘောင်တွေ မှာ ပြူတစ်ပြူတစ် လုပ်နေတဲ့ အမွှေးရှည် မြေကြွက်ကြီးတွေကို ရွံရှာဖွယ် တွေ့ရလေ့ရှိပါတယ်။
ခိုမှတဆင့်ကူးဆက်တတ်သောရောဂါများ ခိုတွေဟာ ယုံနိုင်လောက်စရာမရှိအောင်များပြားလှတဲ့ လူကိုကူးဆက်နိုင်တဲ့ရောဂါပိုးတွေ ကို သည်ဆောင်ထားပါတယ်။ ခိုတွေအတွက် ကံကောင်းပြီး လူနဲ့သဘာဝပါတ်ဝန်းကျင်အတွက် ကံမကောင်းစေတဲ့ အချက်က ခိုတွေကိုအစာအဖြစ်စားတဲ့ တိရိစ္ဆာန် အလွန်တရာ နည်းတဲ့အတွက် ခိုအုပ်ကြီးတွေရဲ့အရေအတွက်ဟာ အရှိန်အဟုန်နဲ့ သိသိသာသာပဲတိုးပွားနေပါတယ်။
အခြေခံအားဖြင့် ရောဂါဖြန့်ဖြူးရာ မူလပထမက ခိုချေးပဲဖြစ်ပါတယ်။ ရောဂါရှိတဲ့ ခိုရဲ့ ချေးထဲမှာ ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားတွေ ရှိနေပါတယ်။ အဲဒီခိုချေးတွေ ခြောက်သွေ့သွားတဲ့ အခါ ဖုန်မှုန့် အဖြစ်လေနဲ့ အတူ အရပ်ရှစ်မျက်နှာကို လွင့်တော့တာပါပဲ။
အဲဒါကို ရှုမိတဲ့ သူကတော့ ခိုကပေးတဲ့ ရောဂါရ ဖို့သေချာပြီပေါ့။ ယေဘုယျအားဖြင့် ခိုကနေကူးစက်တတ်တဲ့ရောဂါလေးမျိုးရှိတယ်လို့ဆိုတယ်။
၁။ ခရစ်ပ်တိုကွတ်ခယ် ဦးနှောက်အမြှေးယောင်ရောဂါ (Cryptococcal Meningitis)
ခိုတွေသည်ဆောင်လာတတ်တဲ့ရောဂါပိုးတွေကြောင့်ဖြစ်တဲ့ ရောဂါထဲမှာအန္တရာယ်အရှိဆုံးလို့ဆိုနိုင်တဲ့ ဦးနှောက်အမြှေးယောင်ရောဂါကြောင့်ကာလအတန်ကြာသတိလစ်သွားနိုင်ပြီး အသက်ပြန်မလည်လာတော့ပဲ အသက်ဆုံးရှုံးမှူတွေထိဖြစ်နိုင်တဲ့ရောဂါဖြစ်ပါတယ်။
၂။ အူလမ်းကြောင်းမှာဖြစ်တဲ့ရောဂါပိုး နှစ်မျိုး (Salmonella and Listeria)
ခံတွင်းသို့မဟုတ် အသက်ရှူလမ်းကြောင်းမှတဆင့် ၀င်သွားတဲ့ ခိုချေးတွေကြောင့် အူလမ်းကြောင်းမှာ တိုက်ဖွိုက် ကဲ့သို့ အူယောင်ငန်းဖျားရောဂါရောဂါ ဟာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေအတွက် အသက်အန္တရာယ် ထိခိုက်စေရုံမျှ မကပဲ ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့မီ မွေးဖွားခြင်းတွေကိုလဲ ဖြစ်စေပါတယ်။
၃။ ဦးနှာက်မြှေးယောင်ရောဂါပိုး နောက်တမျိုး (Viral Encephalitis)
အထက်ပါ ဗိုင်းရပ်ပိုးကြောင့်ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင် ရောဂါ ကြောင့် ယာယီ အာရုံကြောနဲ့ပါတ်သက်တဲ့ ရောဂါဝေဒနာမှ နာတာရှည်ဖြစ်ပြီး အသက်ဆုံးရှုံးမှူတွေဖြစ်စေနိုင်ပါတယ်။
၎။ ၀မ်းပျက်ဝမ်းလျှောရောဂါပိုး (E. Coli)
ဝမ်းပျက်ဝမ်းလျှောရောဂါပိုး (E. Coli) ဟာလဲ ခိုချေးထဲမှာ ပါလေ့ရှိပါတယ်။ ခိုတွေ အများကြီးရှိတတ်တဲ့ နေရာတွေမှာ ချက်ပြုပ်တာ မသန့်ရှင်းတာ၊ လက်ကိုစင်ကြယ်အောင် ဆပ်ပြာနဲ့ မဆေးကြောတာတွေ့ကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါပိုးတွေဟာ လူကို အလျင်အမြန်ကူးဆက်ပြီးဆိုးဝါးတဲ့ ရောဂါဝေဒနာကို ဖြစ်စေပါတယ်။
ခိုတွေကိုအစာကျွေးခြင်းဟာ အလွန်အကျွံပေါက်ပွားမှူကိုအားပေး ခိုများကို အစာကျွေးခြင်းဟာအလွန်အကျွံမျိုးပွားမှူကိုဖြစ်စေပါတယ်။ ပုံမှန်အားဖြင့် ခိုမတွေဟာ တစ်နှစ်မှာ နှစ်သားကနေ သုံးသားပေါက်ပြီး တစ်ခါဥရင် နှစ်ဥ ဥလေ့ရှိပါတယ်။ ဒါပေမယ့် အလွန်အကျွံ အစာကျွေးလေ့ရှိတဲ့ မြို့ကြီးတွေမှာ ခိုတွေဟာ တစ်နှစ်ကို ရှစ်ဆ အထိမျိုးပွားနိုင်ပါတယ်။
ခိုစာကျွေးခြင်းဟာ ခိုများကိုထိခိုက်စေ တကယ်တော့ခိုစာကျွေးခြင်းဟာ ခိုများအတွက်ကောင်းကျိုးလုံးဝ မဖြစ်စေပါဘူး။ သူတို့ရ သဘာအလေ့အထ အတိုင်းအစာထိုးယက်ရှာဖွေစားသောက်ရှင်သန်တတ်မှူကို ပျောက်ဆုံးစေပါတယ်။
အလွန်အကျွံများပြားလှတဲ့ ခိုအုပ်ကြီးတွေဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ပါတ်ဝန်ကျင်ညစ်ညမ်းမှုကိုဖြစ်စေပြီး သဘာဝအတိုင်းရှင်သန်ကျက်စားနေတဲ့ ပါတ်ဝန်းကျင်က တခြား ငှက်တွေကိုလဲထိခိုက်ပျက်စီးစေပါတယ်။ ခိုအုပ်ကြီးရင်ကြီးသလို ပျက်စီးထိခိုက်မှု့လဲကြီးမားလာပါတယ်။
သင်နဲ့ သင့်ပါတ်ဝန်းကျင် ကျန်းမာသန့်ရှင်းစေရေး နဲ့ ခိုများအလွန်အကျွံပေါက်ပွားလာခြင်းမှ ကာကွယ်ရန် ခိုစာလုံးဝ မကျွေးရန်အရေးတကြီးလိုအပ်ပါတယ်။ မှတ်ချက်။ ။ခိုနဲ့ ပါတ်သက်၍ရတတ်သောရောဂါ များအကြောင်းရှင်းပြသော အစ်မကိုကျေးဇူးအထူးတင်ပါတယ်။
Credit မြ မြင့်မိုရ်

https://www.isabellaonlinemm.com/26227/?fbclid=IwAR1faAjXPXipWjZmKfJ0H8pNhL4dual3YeRuXSmYD7PEzoSsXJYcL_i-WeM

တရားပွဲ လုပ်ရင် ဆရာတော်ပင့်ခြင်တဲ့အခါ ဖုန်းနံပါတ် စုံစမ်း ဖို့ အခက်အခဲဖြစ်နေတဲ့ သူတွေအတွက် ဆရာတော်တွေရဲ့ သက်ဆိုင် ရာ ဖုန်းနံပါတ်တွေကို တင်ပေးလိုက်ပါတယ် “

” တရားပွဲ လုပ်ရင် ဆရာတော်ပင့်ခြင်တဲ့အခါ ဖုန်းနံပါတ် စုံစမ်း ဖို့ အခက်အခဲဖြစ်နေတဲ့ သူတွေအတွက် ဆရာတော်တွေရဲ့ သက်ဆိုင် ရာ ဖုန်းနံပါတ်တွေကို တင်ပေးလိုက်ပါတယ် “

1473
၁။သီတဂူဆရာတော်ကြီး ၀၉၅၁၉၉၉၉၁’
၂။ဗန်းမော်ဆရာတော် ၀၉၄၃၀၅၉၄၄၅
၃။ ဒေါက်တာနန္ဒမာလာဘိဝံသ ၀၁၆၅၀၇၀၅
၎။မဇ္ဈိမဂုဏ်ရည် ဒေါက်တာကောဝိဒ ၀၁၅၄၇၁၃၁ ၀၉၅၀၂၂၉၈၆
၅။သီတဂူကြယ်တစ်ပွင့် ၀၉၂၀၁၁၁၅၃ ၀၉၆၈၁၂၈၉၆
၆။ဦးအဂ္ဂ ၀၉၅၀၅၅၈၃၈
၇။ဓမ္မစေတီ ဦးကောသလ ၀၁၅၈၄၃၁၇
၈။မေတ္တာအေးဆရာတော် ၀၉၅၁၄၂၄၀၄
၉။ဇလွန် ဦးကောသလ္လ ၀၉၅၀၅၉၆၂၆
၁၀။သီတဂူအရှင်ဒေဝိန္ဒာဘိဝံသ ၀၉၈၆၁၆၂၂၆ / ၀၉၇၈၇၇၈၇၅၆၇
၁၁။အရှင်သောမ ၀၉၈၇၄၀၇၃၃
၁၂။ရေကြည်ဆရာတော် ပြည်တွင်းပြည်ပသာသနာပြုဓမ္မကထိအရှင်သီလာနန္ဒ ဓမ္မာစရိယ ၀၉၄၂၁၁၀၆၀၁၀/ ၀၉၇၉၈၁၆၀၈၆၆
၁၃။ရွှေပြည်ဟိန်း ဆရာတော် ၀၉၅၄၁၄၉၃
၁၄။ဆင်ဖြူတောင် ဆရာတော် ၀၁၅၄၀၈၅၀ ၀၁၅၁၄၂၄၆၁
၁၅။FMIအရှင်ဝါသ၀ ၀၁၅၈၇၆၃၀
၁၆။ပြည်တော်ဦးအရှင်ပဏ္ဍိစ္စ ၀၉၉၉၂၄၃၄၃
၁၇။ဓမ္မဒူတဦးပညာဝရ ၀၉၈၇၂၀၂၀၈
၁၈။ဒေါက်တာစန္ဒာဝရ ၀၉၈၅၈၁၆၇၅
၁၉။ဓမ္မဒူတအရှင်ဆေကိန္ဒ ၀၉၅၀၁၅၀၂၄
၂၀။ဦးတေဇနိယ ၀၉၅၁၄၃၃၂၇
၂၁။ဓမ္မဘေရီဆရာတော် ၀၉၂၀၂၆၀၃၁
၂၂။ဦးတေဇောသာရ ၀၉၅၃၀၁၄၆၅
၂၃။ဦးသုမင်္ဂလ ဒယ်အိုး ၀၉၈၇၃၀၁၄၀
၂၄။ဦးဝိစာရ ၀၉၂၀၂၅၈၃၄
၂၅။ဦးသုမင်္ဂလ(ဝေါ) ၀၉၅၀၄၄၂၂၆
၂၆။ဦးသုႏၵရ(ေဇယ်ဝတီ) ၀၁၅၁၇၈၇၇
၂၇။ဦးဝါသေဌ ၀၁၇၂၄၂၄၉
၂၈။ကော့သောင်းဦးဝါယမ ၀၁၅၆၄၅၁၆၁
၂၉။ဓမ္မဒူတ ဦးဝိမလ ၀၉၈၆၂၂၈၅၈
၃၀။ဖြူးဦးအဂ္ဂ ၀၉၅၃၉၀၄၁၇
၃၁။ဦးဣန္နက ၀၉၅၀၁၈၀၈၅
၃၂။သီတဂူဦးဣန္နက ၀၉၄၉၂၂၉၀၂
၃၃။ဦးဣန္ဒြာစရိယ ၀၁၅၀၅၉၄၁
၃၄။သီတဂူ ဦးကတ္တိ ၀၉၂၀၂၄၂၀၁
၃၅။ဦးသဝိဓဇာလင်္ကာရ(မျိုးသာကီ) ၀၉၂၁၁၀၄၈၇
၃၆။မေတ္တရှင်ဖောင်ဒေးရှင်း ဦးကောဝိဒ စစ်ကိုင်း ၀၉၂၁၁၀၂၀၂’
၃၇။ခင်မကန် ဦးခေမိန္ဒ ၀၉၅၀၆၃၈၁၆
၃၈။အောင်လံ ဦးကုသလ ၀၉၄၃၀၄၉၃၈၁
၃၉။ဦးမန္ဒလ ၀၉၄၉၇၆၁၀၅၉
၄၀။ဦးနန္ဒမဉ္ဇူ ၀၉၄၉၃၀၀၅၆၃
၄၁။သစ္စာရွှေစည် ဦးဥတ္တမ ၀၉၇၃၅၀၂၁၅၀
၄၂။ဦးသုနန္ဒ ၀၂၅၅၂၅၅
၄၃။ဦးဇာဂရ ၀၉၄၉၂၅၂၉၈၈၃
၄၄။ရွှေကျင်သာသနာပိုင် ဘဒ္ဒန္တအဂ္ဂိယ ၀၂၃၉၇၀၇
၄၅။ရွှေတိဂုံ သြဝါဒစရိယ ဘဒ္ဒန္တသောဘဏ ၀၉၅၁၃၄၅၉၈
၄၆။ဘဒ္ဒန္တသြဝဓါဘိဝံသ ၀၉၈၅၄၀၃၈၉
၄၇။မြသိန်းတန် ဘဒ္ဒန္တသောဘဏ ၀၁၂၉၁၈၀၁
၄၈။မြတောင်ကျောင်းဘဒ္ဒန္တသောဘဏာဘိဝံသ ၀၂၃၉၇၀၇
၄၉။တိပိဋကရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ ၀၉၅၁၆၉၉၉၄
၅၀။ကသာဦးပညာသာမိ ၀၉၆၈၁၅၅၂၆
၅၁။ပန်းဥယျာဉ်ဆရာတော်
ရွှေဝါရောင်လှိုင်း၀၉ ၄၃၀ ၄၈ ၉၂၉ ‘
မူရင်းရေးသားပူဇော်သူ
ဝိပဿနာ အခြေခံဉာဏ်

https://www.isabellaonlinemm.com/12998/?fbclid=IwAR2AvU-iVMe0SrNBT0upBlGXPvQoHFqDCmiy9LdYPH3DkvK7-DYZq1G_PJk

Tuesday, February 19, 2019

အမျိုးသမီးခရီးသွားတွေရဲ့ စိတ်ဆန္ဒ လိုအင်မှန်သမျှကို ဖြည့်ဆည်းဝန်ဆောင်မှုပေးနေသော ဘာလီကျွန်းက ကိုယ်ရံတော် ဖွင့်ဟပြောပြလာတဲ့ “အထီးကျန်အမျိုးသမီးတွေ ရဲ့ တောင့်တမှု “

အမျိုးသမီးခရီးသွားတွေရဲ့ စိတ်ဆန္ဒ လိုအင်မှန်သမျှကို ဖြည့်ဆည်းဝန်ဆောင်မှုပေးနေသော ဘာလီကျွန်းက ကိုယ်ရံတော် ဖွင့်ဟပြောပြလာတဲ့ “အထီးကျန်အမျိုးသမီးတွေ ရဲ့ တောင့်တမှု “

(Zawgyiဖြင့် ဖတ်ရန်)
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ နိုင်ငံတကာက အမျိုးသမီးခရီးသွားတွေအကြားရေပန်းစားနေတဲ့ အမျိုးသားတစ်ယောက်ရှိတယ်။ သူကတော့ သူ့ကိုယ်သူ Bali Boyfriend လို့ခေါ်ပါတယ်။
သူအရမ်းနာမည်ကြီးနေတဲ့အချက်က သူဟာ အထီးကျန်နေတဲ့အမျိုးသမီးတွေကို အကောင်းဆုံးအဖော်လုပ်ပေးနိုင်တဲ့အချက်ပါ။
အဖော်လုပ်ပေးတယ်ဆိုတဲ့နေရာမှာ လိင်ကိစ္စတင် မဟုတ်ပဲ အမျိုးသမီး နဲ့အတူ ကျွန်းကို လျှောက်လည်တာ၊ နေဝင်ချိန်ရှုခင်းအတူတူကြည့်တာ၊ ညစာအတူတူစားတာတွေနဲ့ သူမ ကျွန်းပေါ်မှာရှိနေတဲ့အချိန်တောက်လျှောက် ချစ်သူတစ်ဦးလို အဖော်ပြုပေးတာတွေ ပါဝင်ပါတယ်။သူ့နာမည်က Steve ပါ။
သူ့ကို bodyguard အဖြစ်ဌားရမ်းကြသူတွေကတော့ အများအားဖြင့် အမျိုးသမီးတွေဖြစ်ကြပြီး ၃၅ ကနေ ၄၀ ကြားအရွယ်တွေများပါတယ်။
နောက်ပြီး အမျိုးသမီးတွေဟာ လိင်ကိစ္စထက်စာရင် အပေါ်မှာ ပြောပြခဲ့တဲ့အရာတွေကို ပိုပြီးတောင့်တတတ်ကြတယ်တဲ့။
သြစတေးလျန်း၊ ကိုရီးယန်း၊ ဂျပန် နဲ့ အနောက်နိုင်ငံသူတွေက သူ့ကိုဌားရမ်းကြတယ်။ အဲ့ဒီအတွက် သူက အမျိုးသမီးတွေရဲ့ အထီးကျန်စိတ်ကို လျော့ပါးသွားအောင်အပြင် သူတို့ရဲ့ စိတ်ဆန္ဒတွေကိုပါ ဖြည့်ဆည်းပေးရပါတယ်။
အဲ့ဒီအတွက် Steve က ငွေကြေးဘယ်ရွေ့ဘယ်မျှဆိုပြီး မသတ်မှတ်ထားပါဘူး။ သူတို့ကျေနပ်လို့ပေးသလောက်ကိုပဲ ယူပါတယ်။
နောက်ပြီး သူ့အနေနဲ့ Body Guard တစ်ယောက်အဖြစ်လုပ်ကိုင်နေတာ ငွေကြောင့်မဟုတ်ပဲ လူတွေနဲ့ပိုပြီး နီးကပ်တဲ့ ဆက်ဆံမှုတစ်မျိုးကိုလိုချင်တာဖြစ်တယ်လို့ပြောပါတယ်။
အမျိုးသမီးတွေဟာ သက်ဆိုင်ရာ ချစ်သူရည်းစား၊ ခင်ပွန်းတွေဆီက တန်ဖိုးကြီးလက်ဆောင်တွေ၊ ငွေကြေးတွေရတာထက်စာရင် သူတို့စိတ်ခံစားချက်ကိုနားလည်ပေးပြီး သူတို့ကိုဂရုစိုက်မှုပိုပေးတာမျိုးတွေကိုပဲ ပိုပြီးလိုချင်ကြတာလို့ Steve ကဆိုပါတယ်။
တကယ်လို့ ဌားရမ်းသူ အမျိုးသမီးက ဆန္ဒရှိလာလို့ အိပ်ယာပေါ်တက်သွားခဲ့ရင်လည်း သူတို့စိတ်ဆန္ဒရှိတဲ့အတိုင်း ဖြည့်ဆည်းပေးဖို့ သူ့ဘက်က ကတိပေးနိုင်တယ်လို့Steve က ထပ်လောင်းပြောကြားခဲ့ပါတယ်။crd
(Unicodeဖြင့် ဖတ်ရန်)

https://myanmarpeoplealliance.com/archives/9514?fbclid=IwAR0zi5LVTLFcuavUumuwLBaSGesqiCBp2an96rKfWKQrJo6igRFeXOHjFIs