အပျော်မယ်လို့ပြောလိုက်တာနဲ့လူအများစုက Sex ကိစ္စကိုခေါင်းထဲမြင်လေ့ရှိပါတယ်။ တကယ်တော့ အပျော်မယ်ဆိုတိုင်း Sex ကိစ္စမှာ မပါဝင်ကြပါဘူး။ ထိုင်းနိုင်ငံမှာဆိုရင်တော့ အပျော်မယ်ငါးမျိုးငါးစားခွဲထားတာကို ထိုင်းအမျိုးသမီးတစ်ယောက်က မျှဝေထားပြီး Worldofbuzz သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြပေးထားခဲ့ပါတယ်။ APANNPYAY ပရိတ်သတ်ကြီးအနေနဲ့ ထိုင်းနိုင်ငံကိုသွားလည်လို့ ကိုယ်က ဒီလိုစိတ်ဝင်စားတတ်သူဆိုရင် ဗဟုသုတအဖြစ်ဘာသာပြန်ရေးသားတင်ပြပေးလိုက်ပါတယ်နော်။
၁။ N
ဒီအမျိုးသမီးအပျော်မယ်အမျိုးအစားကတော့ သင့်ကိုနေ့လည်စာ၊ညစာစားဖို့ သို့မဟုတ် ပါတီတစ်ခုခုသွားဖို့အရင်တောင်းဆိုမှာဖြစ်ပြီး သင့်ကို စိတ်ကျေနပ်မှုရှိအောင်အဖော်ပြုပေးမှာပဲ ဖြစ်ပါတယ်။။ အချိန်ကတော့ သုံးနာရီလေးနာရီလောက်ရမှာဖြစ်ပြီး သင့်ကိုစိတ်ကျေနပ်ပျော်ရွှင်အောင်၊ မပျင်းရအောင် အဖော်ပြုပေးမှာပဲဖြစ်ကြောင်းနားလည်ရပါတယ်။ ပိုက်ဆံကတော့ ထိုင်းဘတ်ငွေ ၂၅၀၀ ကနေ ၅၀၀၀ အထိဈေးရှိကြောင်းသိရပါတယ်။
၂။ N-UP
ဒီဝန်ဆောင်မှုကတော့ သင့်ကိုပိုပြီးတော့ ပျော်စေမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ N အမျိုးအစားထက်သာတာကတော့ သူနဲ့အတူမပျော်ခင်မှာ သင့်ကို ဆေးသုံးခွင့်ပေးပါတယ်။ ဆေးသုံးထားတဲ့သူတွေကစိတ်ကိုတက်ကြွနေစေပြီး ပိုပျော်နိုင်ဖို့ အခွင့်အရေးပိုများကြောင်း သိရပါတယ်။ အဖိုးအခကတော့ ဘတ်ငွေ သုံးထောင်ကနေ တစ်သောင်းဈေးထိရှိကြောင်း သိရပါတယ်။
၃။ N-R
N-R အမျိုးအစားအပျော်မယ်တွေကိုတော့ ဖောက်သည်တွေအနေနဲ့ စကားပြောဆိုရုံနဲ့၊ သင့်လက်နဲ့ သူမတို့ရဲ့ကိုယ်ခန္ဓာကို ကိုင်နိုင်မှာဖြစ်ပြီး သင့်နဲ့အတူအိပ်စက်ဖို့ကိုတော့ လုံးဝခွင့်မပြုထားပါဘူးလို့ သိရပါတယ်။ ဈေးနှုန်းကတော့ ငါးထောင်ကနေ တစ်သောင်းဈေးထိရှိပါတယ်။
၎။ N-Bikini
သူတို့ကတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာဘီကီနီလေးကိုသာဝတ်ဆင်ထားမှာဖြစ်ပြီး Nအမျိုးအစားနဲ့အတူတူလို့ သိရပါတယ်။ သူတို့ဟာ သင်ထင်ထားတာထက်ပိုကြည့်ကောင်းမှာ ဖြစ်ပေမယ့် သူမတို့နဲ့ အတူအိပ်စက်ခွင့်တော့မရပါဘူး။ ဒါပေမယ့်ဈေးကြီးတယ်လို့ပြောလို့ရပါတယ်။ သူတို့နဲ့အတူ မအိပ်စက်ရပေမယ့် ပျော်ပါးရုံနဲ့တင် ဈေးကငါးထောင်ကနေ တစ်သောင်းဘတ် ရှိပါတယ်။
၅။ NV
ဒီအမျိုးအစားကတော့ ဈေးအကြီးဆုံးဖြစ်သလို စိတ်ကြိုက်ပျော်ပါးနိုင်ပါတယ်။ အဆိုပါအပျော်မယ်အမျိုးအစားကတော့ သင်ကြိုက်တာလုပ်နိုင်ပြီး Sex လည်းပါဝင်ပါတယ်။ ဈေးကတော့ အမျိုးသမီးရဲ့ရုပ်ရည်နဲ့ သူမရဲ့ဆက်ဆံမှုတွေအပေါ်မူတည်ပြီး ဆက်ဆံရေးကောင်းရင် ပိုဈေးကြီးကြောင်း သိရပါတယ်။ ဈေးနှုန်းကတော့ ဘတ်ငွေခုနစ်ထောင်ကနေ တစ်သိန်းထိဈေးရှိပါတယ်။
APANNPYAY ပရိတ်သတ်ကြီးအတွက် ဗဟုသုတအဖြစ်မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်။ သင့်အနေနဲ့ သွားဖြစ်မယ်ဆိုရင် ဂျင်းထည့်မခံရတော့ဘူးပေါ့နော်။
San Htet Wai-ApannPyay(အပန်းပြေ)